စစ်ကိုင်းမှပြောသော စစ်ရေးအခြေအနေ
မအလတပ်ဟာ အနောက်မြောက်တိုင်းအတွက် တပ်ရင်းများစွာကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်နေပါတယ်။
အချို့နေရာတွေမှာက ပျူတွေကိုလဲ ညှပ်သုံးပါတယ်။ ပထမ စစ်ကားတွေနဲ့ စစ်ကြောင်းဖွဲ့သွားချိန်မှာ အစုလိုက်အပြုံလိုက် မိုင်းဆွဲ အသတ်
ခံခဲ့ရပါတယ်။ဒါက မြန်မာ့သမိုင်းမှာ မအလတပ်အတွက် အပြင်းထန်ဆုံးခံနေရတာပါ။ ယခင်က အတိုက်ခံခဲ့ရတာလဲ ရှိပေမယ့် ယခင်က သူ
တို့နဲ့တိုက်တဲ့အဖွဲ့က လက်နက်ကောင်းခဲ့ပါတယ်။ ယခုဟာက တူမီးသေနတ်နဲ့ တိုက်တဲ့ PDFကတွကို မအလတပ် ခံနေရတာပါ။
ဒါကိုလက်တုံ့ပြန်ဖို့ မအလတပ်က ဗျူဟာမှူးတွေလုပ်ခဲ့တာက အရပ်သားဝတ်စုံဝတ်တာ၊ ရွာလမ်းတွေကနေသွားပြီး ရွာသားတွေကို
လူသားဒိုင်းအဖြစ်သုံးပြီး သွားလာတာတွေပါ။
နောက်လမ်းတွေပေါ်မှာလဲ စစ်ကားမသုံးဘဲ အရပ်သားကားတွေသုံးတာ လူစီး လိုင်းကားတွေကိုသုံးပြီးသွားတာတွေ လုပ်ခဲ့ပါတယ်။ ညစ်ပြီး
စစ်စည်းကမ်းမလိုက်နာဘဲ တိုက်တာပေါ့။
ကို မထိစေလိုတဲ့ PDF တွေက အစပိုင်းမှာ အငိုက်မိသွားခဲ့ပေမယ့် သူတို့က အချိန်မှီဗျူဟာပြောင်းပြီး ပြန်တိုက်ခဲ့ကြပါတယ်။ မြေပြင်မှာ
တွေ့နေရတာက စိတ်ဓာတ်ပြင်းထန်တဲ့ PDF တွေပါ။
သူတို့ဟာ မအလတပ်က သေနတ်နဲ့ ပစ်ရုံနဲ့ မဆုတ်သွားဘဲ့ ပြန်ခုခံကြပါတယ်။ နောက် မအလထိုးတဲ့ စစ်ကြောင်းတွေဟာ ရွာတွေထဲမှာ
ပြန်ပိတ်မိတာတွေလဲ ရှိလာနေပါတယ်။
မအလက ရွာတွေကိုမီးရှို့တာ ပစ္စည်းခိုးတာတွေနဲ့ ရွာသားတွေကြောက်မယ်လို့ ထင်ခဲ့ပါတယ်။
ဒီနေရာမှာ မအလ မေ့နေတာ တစ်ခုရှိပါတယ်။ အဆိုပါ စစ်ကိုင်းနယ်ဟာ မြန်မာ့သမိုင်းမှာ သူရဲကောင်းတွေထွက်ခဲ့တယ်ဆိုတာပါ။ ဒါ့ကြော
င့် ထိုနယ်ကရွာတွေကို မအလက မီးရှို့လေ တစ်ရွာလုံး PDF ဖြစ်သွားလေပါ။ အချို့ မအလ တပ်ထဲကလူတွေရဲ့ မိဘတွေကဆို သူတို့နဲ့
ကင်းကင်းပြန်နေကြတဲ့အထိ ဖြစ်လာနေပါပြီ။
ဒီနေရာမှာ စစ်ရဲ့သဘောကို ပြောပြလိုပါတယ်။ စာရေးသူတို့က ပထမ စစ်ကိုင်းမှာ တိုက်တာဟာ မအလတပ်ရဲ့ အခြေခံအုပ်ချုပ်ရေးကို
အောင်မြင်စွာ ဖျက်နိုင်ခဲ့ပါပြီ။
ယခုအချိန်မှာ သူကစစ်ကြောင်းထိုးပြီး ဟို PDF စခန်းဖျက်တာ ဘာညာ ကြားရမှာပါ။ အဆိုပါစခန်းတွေဟာ KIA လို KNU လို UWSA လို
စခန်းကြီးတွေ မဟုတ်ပါ။
စာရေးသူတို့ PDF မှာ အဆိုပါစခန်းတွေကို ခံချဖို့ လက်နက်မရှိသေးလို့ ခံချတဲ့ဗျူဟာ မသုံးနိုင်သေးပါ။ ဒါပေမယ့် မအလတပ်ဟာ PDF
တွေကိုတိုက်ဖို့ စစ်ကြောင်းထိုးရင် တပ်တွေပြောင်းရွှေ့ရမှာဖြစ်သလို သူတို့စိုးမိုးထားတဲ့နေရာကိုထိန်းဖို့ တပ်စွဲထားရမှာပါ။ အဆိုပါနေရာ
တွေဟာ မအလတပ်အတွက် သေပွဲဝင်ရမယ့်နေရာတွေပါ။
ယခုလို ပြည်သူ့တပ်မတော် PDF က တိုက်လိုက် ပြေးလိုက်လုပ်ရင် မအလတပ်က ရေရှည်မှာ တပ်ပြုန်းသွားမှာပါ။ မိမိလက်နက်
အားကောင်းလာရင် လက်နက်ကြီးရှိရင် လွတ်မြောက်နယ်မြေ ရလာမှာပါ။
ယခုတောင် တပ်သားမရှိလို့ မအလက စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်မှုထမ်းခိုင်းမလို စစ်မှုထမ်းဟောင်းအဖွဲ့အစည်းအဝေးမှာ စပြောနေပါ
ပြီ။ သူကလူတွေကို အတင်းစစ်ထဲဝင်ပြီး သေနတ်ကိုင်ခိုင်းရင် သူ့သေတွင်းသူတူးတာသာ ဖြစ်မှာပါ။ ဒါဆိုရင် သူ့လက်နက်နဲ့ သူ့ပြန်ချရုံဖြစ်
ပြီး ပြည်သူတွေအတွက် သိပ်လွယ်သွားမှာပါ။
ယခု စစ်ကိုင်းမှာ သူ့တပ်တွေကို ဒေသခံ PDF တွေက ဝိုင်းတိုက်လို့ ပိတ်မိနေပြီး ရဟတ်ယဉ်တွေ လေယဉ်တွေနဲ့ ပစ်နေရပါပြီ။ မနေ့က
ရဟတ်ယဉ်တစ်စင်း ကျည်ထိလာခဲ့ပါသေးတယ်။ ဒါက လက်နက်ကြီးဆို အဆိုပါရဟတ်ယဉ် ပျက်ကျမှာပါ။ ရဟတ်ယဉ်တွေ သွားပါများရင်
အများစုက အိုနေလို့ အပစ်မခံရလဲ ပျက်ကျဖို့ ပိုနီးစပ်လာမှာပါ။
ယခုစစ်ကိုင်းမှာတိုက်နေတဲ့စစ်ပွဲဟာ AA နဲ့ ဖြစ်တဲ့စစ်ပွဲလို MNDAA နဲ့ ဖြစ်တဲ့စစ်ပွဲလို ပြင်းထန်ပါတယ်။ ဒါတောင် PDF တွေက RPG
တွေ မသုံးနိုင်သေးပါ။မအလမျှော်လင့်ထားတာက ပြည်သူတွေက သူခြောက်လိုက်ရင် ကြောက်သွားမယ် ဒူးထောက်မယ်ဆိုတာပါ။ ဒါပေမ
ယ့် စစ်ကိုင်းဟာ သမိုင်းကြောင်းကြီးပါတယ်။
မအလတပ်က ဘောမတွေ ဂုဏ်ယူတဲ့ ဦးအောင်ဇေယျဟာ ရွှေဘိုကနေ မြန်မာတစ်ပြည်လုံး သိမ်းခဲ့တယ်ဆိုတာ မမေ့ပါနဲ့။
ယခုဟာက သမိုင်းကောင်းတဲ့ ဦးအောင်ဇေယျရယ် Gen Z ရယ်က ဖက်ဆစ်တပ်ကို ဝိုင်းတိုက်နေတာပါ။ စစ်ပွဲဟာ အတက်အကျရှိပေမယ့်
မအလတပ်ရဲ့ အသေအပျောက်က အတက်သာရှိနေတယ်ဆိုတာ မမေ့ပါနဲ့။
Myat Tun Oo