BGF ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့် ရုတ်တရက် ကွယ်လွန်
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ၁၀၁၉ တပ်ရင်းမှူး ဗိုလ်မှူး စောလိုက်သိမ့်သည် ယနေ့ နိုဝင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက
ရုတ်တရက် ကွယ်လွန်သွားသည်ဟု ပြည်နယ်၊ နယ်ခြားစောင့်တပ် ၊ အထွေထွေအတွင်းရေးမှူး ဗိုလ််မှူးကြီးစောချစ်သူက ကေအိုင်စီသို့
အတည်ပြု ပြောဆိုသည်။
ဗိုလ််မှူးကြီးစောချစ်သူက” ညက ကျနော်နဲ့ စကားကောင်းကောင်းပြောသေးတယ်။ ချောင်းဖျားဘက်မှာ တက်ပြီးတော့ပြန်လာတယ်။ သူ့
အိမ် ကြွေပြားပေါ်မှာ အဝတ်အစားမပါဘဲ အိပ်တယ်။ မနက်မိုးလင်းတော့ သူ့တပည့်တွေက ကြည့်တယ်။ မနိုးသေးဘူး။ နောက် ၉နာရီ
အချိန်မှာ ပြန်ကြည့်တော့ ဆုံးသွားရှာတယ်။ သူ့မှာ ရောဂါထွေထွေထူးထူးလည်းမရှိပါဘူး။ တစ်ခါတစ်လေ သောက်တာစားတာရှိတော့
သွေးတိုးလား၊ လေဖြတ်တာလားမခန့်မှန်းတတ်ဘူးပေါ့နော်။ ကမန်းကတန်း(ရုတ်တရက်)ဆုံးသွားတာလို့ပဲ ပြောရမှာဖြစ်တယ်။ ” ဟု ကေ
အိုင်စီသို့ အတည်ပြု ပြောဆိုသည်။
ဗိုလ်မှူး စောလိုက်သိမ့် ကွယ်လွန်ချိန်တွင် ၄၂ နှစ်အရွယ်ရှိပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်ရင်း ၁၃ ရင်းအနက် ၁၀၁၉
တပ်ရင်း၏ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေကို BGF တပ်ဖွဲ့ဝင်များမှ ထိုးစစ်ဆင်
မှုလုပ်ဆောင်ရာတွင် ဗိုလ်မှူး စောလိုက်သိမ့်သည် ဦးစီးဦးဆောင်သူတစ်ဦးဖြစ်ပြီး ထိုထိုးစစ်ဆင်မှုကြောင့် ကရင်လူထုများအကြား ဝေဖန်
ထောက်ပြမှုများ မြှင့်တက်ခဲ့သည်။ Source;KIC
BGF ၁၀၁၉ တပ္ရင္းမႉး ဗိုလ္မႉးေစာလိုက္သိမ့္ ႐ုတ္တရက္ ကြယ္လြန္
ကရင္ျပည္နယ္၊ နယ္ျခားေစာင့္တပ္ (BGF) ၁၀၁၉ တပ္ရင္းမႉး ဗိုလ္မႉး ေစာလိုက္သိမ့္သည္ ယေန႔ နိုဝင္ဘာလ ၃၀ရက္ေန႔ နံနက္ပိုင္းက ႐ု
တ္တရက္ ကြယ္လြန္သြားသည္ဟု ျပည္နယ္၊ နယ္ျခားေစာင့္တပ္ ၊ အေထြေထြအတြင္းေရးမႉး ဗိုလ္္မႉးႀကီးေစာခ်စ္သူက ေကအိုင္စီသို႔ အတည္ျပဳ ေျပာဆိုသည္။
ဗိုလ္္မႉးႀကီးေစာခ်စ္သူက” ညက က်ေနာ္နဲ႔ စကားေကာင္းေကာင္းေျပာေသးတယ္။ ေခ်ာင္းဖ်ားဘက္မွာ တက္ၿပီးေတာ့ျပန္လာတယ္။
သူ႔အိမ္ ေႂကြျပားေပၚမွာ အဝတ္အစားမပါဘဲ အိပ္တယ္။ မနက္မိုးလင္းေတာ့ သူ႔တပည့္ေတြက ၾကည့္တယ္။ မနိုးေသးဘူး။ ေနာက္ ၉နာရီအခ်ိန္မွာ ျပန္ၾကည့္ေတာ့ ဆုံးသြားရွာတယ္။
သူ႔မွာ ေရာဂါေထြေထြထူးထူးလည္းမရွိပါဘူး။ တစ္ခါတစ္ေလ ေသာက္တာစားတာရွိေတာ့ ေသြးတိုးလား၊ ေလျဖတ္တာလားမခန႔္မွ
န္းတတ္ဘူးေပါ့ေနာ္။ ကမန္းကတန္း(႐ုတ္တရက္)ဆုံးသြားတာလို႔ပဲ ေျပာရမွာျဖစ္တယ္။ ” ဟု ေကအိုင္စီသို႔ အတည္ျပဳ ေျပာဆိုသည္။
ဗိုလ္မႉး ေစာလိုက္သိမ့္ ကြယ္လြန္ခ်ိန္တြင္ ၄၂ ႏွစ္အရြယ္ရွိၿပီး ကရင္ျပည္နယ္ နယ္ျခားေစာင့္တပ္ တပ္ရင္း ၁၃ ရင္းအနက္ ၁၀၁၉ တပ္ရင္း၏ တပ္ရင္းမႉး တာဝန္ကို ထမ္းေဆာင္ေနသူျဖစ္သည္။
ၿပီးခဲ့သည့္ နိုဝင္ဘာလဆန္းပိုင္းတြင္ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ ၁ နယ္ေျမကို BGF တပ္ဖြဲ႕ဝင္မ်ားမွ ထိုးစစ္ဆင္မႈ
လုပ္ေဆာင္ရာတြင္ ဗိုလ္မႉး ေစာလိုက္သိမ့္သည္ ဦးစီးဦးေဆာင္သူတစ္ဦးျဖစ္ၿပီး ထိုထိုးစစ္ဆင္မႈေၾကာင့္ ကရင္လူထုမ်ားအၾကား ေဝဖန္ေထာက္ျပမႈမ်ား ျမႇင့္တက္ခဲ့သည္။ Source;KIC