ချင်းတွင်းမြစ်ထဲ ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်ကို ဒေသကာကွယ်ရေးတပ်က လက်နက်ကြီးဖြင့်ပစ်
ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ကင်းလှည့်နေသော စစ်ကောင်စီ ရေယာဉ်ကို ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီ ၄၈ မိနစ်
တွင် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People Defense Army-Yinmarbin အဖွဲ့ဝင် တစ်ဦးက ပြောသည်။
“သူတို့က ချင်းတွင်းမြစ်ထဲမှာ လှည့်ပြီးတော့ ကင်းလှည့်နေကျတာ။ ချုံခိုပြီး လက်နက်ကြီးနဲ့ ပစ်လိုက်တယ်။ အထိအခိုက်တော့ ရှိနိုင်တယ်
“ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Kani PDF နှင့် PDA-Yinmarbin မဟာမိတ်အဖွဲ့တို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၂၁ ရက်ကလည်း ကနီမြို့နယ်ရှိ ယင်းယိမ် တောတိုက်သို့ နယ်ကျွံလာသော စစ်ကောင်စီ ရှေ့ပြေး တပ်သားများကို ၎င်းတို့အဖွဲ့
များက ဝိုင်းမိခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကောင်စီ ရဟတ်ယာဉ် ပျံဝဲလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်ဟု
ဆိုသည်။
ခ်င္းတြင္းျမစ္ထဲ ကင္းလွည့္ေနသည့္ စစ္ေကာင္စီယာဥ္ကို ေဒသကာကြယ္ေရးတပ္က လက္နက္ႀကီးျဖင့္ပစ္
ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အတြင္း ကင္းလွည့္ေနေသာ စစ္ေကာင္စီ ေရယာဥ္ကို ယမန္ေန႔ နိုဝင္ဘာလ ၂၉ ရက္ နံနက္ ၁၁ နာရီ
၄၈ မိနစ္တြင္ လက္နက္ႀကီးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း People Defense Army-Yinmarbin အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
“သူတို႔က ခ်င္းတြင္းျမစ္ထဲမွာ လွည့္ၿပီးေတာ့ ကင္းလွည့္ေနက်တာ။ ခ်ဳံခိုၿပီး လက္နက္ႀကီးနဲ႔ ပစ္လိုက္တယ္။ အထိအခိုက္ေတာ့ ရွိနိုင္တယ္ “ဟု ၎က ေျပာသည္။
အဆိုပါ တိုက္ခိုက္မႈကို Kani PDF ႏွင့္ PDA-Yinmarbin မဟာမိတ္အဖြဲ႕တို႔ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
နိုဝင္ဘာလ ၂၁ ရက္ကလည္း ကနီၿမိဳ႕နယ္ရွိ ယင္းယိမ္ ေတာတိုက္သို႔ နယ္ကၽြံလာေသာ စစ္ေကာင္စီ ေရွ႕ေျပး တပ္သားမ်ားကို ၎တို႔အဖြဲ႕မ်ားက ဝိုင္းမိခဲ့သည္ဟု ဆိုသည္။
သို႔ေသာ္လည္း အဆိုပါေန႔ ညေန ၃ နာရီ မိနစ္ ၃၀ ခန႔္တြင္ စစ္ေကာင္စီ ရဟတ္ယာဥ္ ပ်ံဝဲလာေသာေၾကာင့္ ျပန္လည္ ဆုတ္ခြာခဲ့ရသည္ဟု ဆိုသည္။