ၾကားသိသမွ်

ဗိုလ်တိုက်ဂါးဆိုတာအဖေလောက်အရွယ်မှတ်နေတာပြီးတော့မှငါ့ညီအရွယ်လေးပါလား အားရပါးရ ဂုဏ်ယူဝမ်းသာစိတ်နဲ့ပြောပြီးမျက်နှာလေးပါကိုင်ကြည့်နေတာ

ဗိုလ်တိုက်ဂါးဆိုတာအဖေလောက်အရွယ်မှတ်နေတာပြီးတော့မှငါ့ညီအရွယ်လေးပါလား အားရပါးရ ဂုဏ်ယူဝမ်းသာစိတ်နဲ့ပြောပြီးမျက်နှာ

လေးပါကိုင်ကြည့်နေတာသူတို့ပျော်တာဂုဏ်ယူနေတာကြည့်ပြီး ကျနော် ဝမ်းသာမျက်ကျမိတယ် အားအင်လဲအရမ်းကို ရှိတယ် ကျနော်တို့

ပြည်သူတွေမြင်ချင်တဲ့ဖြစ်ချင်တဲ့ကျနော်တို့ကိုယ်တိုင်လဲအရမ်းကိုတောင်းတနေတဲ့အောင်ပွဲကို ပန်းတိုင်ကိုအမြန်ဆုံးရောက်အောင်

ကြိုးစားသွားပါ့မယ် ဂတိပြုပါတယ်

ကျနော်တို့ပြည်သူတွေဟာ ဘာကိုလိုချင်တယ် ဘယ်လိုလူကိုလိုအပ်တယ်ဆိုတာ အခုပုံရိပ်ကိုကြည့်လိုက်လေလို့ ဗိုလ်တိုက်ဂါးက ပြောပါ

တယ် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁ ရွာက ပြည်သူများသည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ၁ ခုဖြစ်သည့် မြောင်မြို့နယ်

– T.G.R တပ်ဖွဲ့ဝင်များအား ကျေးရွာသို့ ဖိတ်ခေါ်ပြီး သပြေပန်းများဖြင့် ကြိုဆိုကာ စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ခဲ့ကြပါတယ်

“စစ်ခွေးတွေက အနီးဝန်းကျင်မှာ ရှိတယ်၊ အဲဒါကို —ရွာက ပြည်သူတွေက ခေါ်တော့ ကျနော်တို့က နောက်နေတယ် မှတ်တာ၊ အဲဒါကြောင့်

ရွာကို မှောင်မှ ရောက်သွားတာ။

သူတို့ကြိုနေတာတွေ့တော့ ဝမ်းသာတာဗျာ၊ ဘယ်လိုပြောရမလဲ ကျနော်တို့တောင် ငိုမိတယ်။ အရင်ကဆို စစ်ခွေးတွေ မြောင်က ကျေးရွာ

ဘက်တွေ ဆင်းပြီဆိုတာနဲ့ ရွာသားတွေအကုန် ပြေးကြရတာ၊ အခုရွာသားတွေက ဒီလိုတောင် ကြိုဆိုတယ်ဆိုတော့ ကျနော်တို့လည်း

အားတက်တယ်” ဟု မြောင် T.G.R အဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

လက်ရှိအချိန်တွင် မြောင်မြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များတွင် မြောင် T.G.R အဖွဲ့သည် မဟာမိတ်အဖွဲ့များဖြစ်သည့် ချောင်းဦး PDF၊

27 Revolution Forces၊ Myaung Special People’s Defense Force MSPDFနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်

လှန်တိုက်ခိုက်လျှက်ရှိသည်။









