ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဇနီး ထိုင်ခုံဖြင့် သစ္စာပြု ရွတ်ဖတ်
ကပ်ကြီး သုံးပါးဘေးမှ လွတ်မြောက်စေရန်အတွက်ဟုဆိုကာ အာဏာသိမ်းစစ်တပ်၏
ကာကွယ်ရေးဦးစီးချုပ်ရုံး မိသားစုဝတ်ရွတ်အဖွဲ့က ကျင်းပသည့် အသံမစဲမဟာပဌာန်းကျမ်းငါးကျမ်း
ရွတ်ဖတ်ပူဇော်ပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ပြီး ထိုင်ခုံဖြင့်
ထိုင်ကာ သစ္စာပြုဆုတောင်းရွတ်ဖတ် ပူဇော်သည့် ပုံများကို အာဏာသိမ်းစစ်တပ်က
နိုဝင်ဘာလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့မှ နိုဝင်ဘာလ(၂၉)ရက်နေ့အထိ ပြုလုပ်သည်ဟု သိရသည်။