ၾကားသိသမွ်

စစ်ကောင်စီဂိတ်ရှေ့တွင် အိမ်စီးကားရှေ့တာယာ ကျွတ်ထွက်ပြီး စစ်သား၊ ရဲနှင့် ပြည်သူအချို့ ဒဏ်ရာရ

စစ်ကောင်စီဂိတ်ရှေ့တွင် အိမ်စီးကားရှေ့တာယာ ကျွတ်ထွက်ပြီး စစ်သား၊ ရဲနှင့် ပြည်သူအချို့ ဒဏ်ရာရ

မြိတ်မြို့နှင့် တနင်္သာရီမြို့နယ်ကို ဆက်သွယ်ထားသည့် ပသောင်းတံတားပေါ်၌ အိမ်စီးကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွား

သောကြောင့် လုံခြုံရေး ယူထားသည့် စစ်သား နှင့် ရဲ အပါအဝင် ရှစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပသောင်း တံတား စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းလာသော အိမ်စီးကား၏ ရှေ့

တာယာ ပေါက်ပြီး တပ်စစ်ဆေးရေး ဂိတ်နံဘေးတွင် ရပ်ထားသော သုံးဘီး ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်ရှစ်စီးကို ဝင်ရောက် တိုက်မိရာ

ဂိတ်ရှိ စစ်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။


“ယာဉ်တိုက်မှုကြောင့် ပြည်သူ ခြောက်ဦး နဲ့ ရဲနဲ့ စစ်သား ထိခိုက်ခဲ့တယ်” ဟု အရေးပေါ် လူနာတင်ယာဉ် အဖွဲ့ တာဝန်ရှိသူ တစ်ဦးက

အတည်ပြု ပြောသည်။ထိခိုက် ဒဏ်ရာ ရရှိသူများကို အရေးပေါ် လူနာတင်ယာဉ်များဖြင့် မြိတ်တပ်မတော် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု

လည်း ၎င်းက ဆိုသည်။ ကိုရွှေမြိတ်

စစ္ေကာင္စီဂိတ္ေရွ႕တြင္ အိမ္စီးကားေရွ႕တာယာ ကၽြတ္ထြက္ၿပီး စစ္သား၊ ရဲႏွင့္ ျပည္သူအခ်ိဳ႕ ဒဏ္ရာရ

ၿမိတ္ၿမိဳ႕ႏွင့္ တနသၤာရီၿမိဳ႕နယ္ကို ဆက္သြယ္ထားသည့္ ပေသာင္းတံတားေပၚ၌ အိမ္စီးကားတစ္စီး ယာဥ္မေတာ္တဆမႈ ျဖစ္ပြားေ

သာေၾကာင့္ လုံျခဳံေရး ယူထားသည့္ စစ္သား ႏွင့္ ရဲ အပါအဝင္ ရွစ္ဦး ဒဏ္ရာ ရခဲ့ေၾကာင္း ေဒသခံ ရြာသားမ်ားက ေျပာ

သည္။

ယမန္ေန႔ နိုဝင္ဘာလ ၂၈ ရက္ ေန႔လယ္ ၁၂ နာရီခန႔္တြင္ ပေသာင္း တံတား စစ္ေဆးေရးဂိတ္ကို ျဖတ္သန္းလာေသာ အိမ္စီး

ကား၏ ေရွ႕တာယာ ေပါက္ၿပီး တပ္စစ္ေဆးေရး ဂိတ္နံေဘးတြင္ ရပ္ထားေသာ သုံးဘီး ဆိုင္ကယ္တစ္စီးႏွင့္ ဆိုင္ကယ္ရွစ္စီးကို ဝင္ေရာက္ တို

က္မိရာ ဂိတ္ရွိ စစ္သားတစ္ဦး၊ ရဲတပ္ဖြဲ႕ဝင္တစ္ဦးႏွင့္ ျပည္သူ ေျခာက္ဦး ဒဏ္ရာ ရရွိခဲ့ျခင္း ျဖစ္သည္။

“ယာဥ္တိုက္မႈေၾကာင့္ ျပည္သူ ေျခာက္ဦး နဲ႔ ရဲနဲ႔ စစ္သား ထိခိုက္ခဲ့တယ္” ဟု အေရးေပၚ လူနာတင္ယာဥ္ အဖြဲ႕ တာဝန္ရွိသူ တစ္ဦးက အ

တည္ျပဳ ေျပာသည္။ထိခိုက္ ဒဏ္ရာ ရရွိသူမ်ားကို အေရးေပၚ လူနာတင္ယာဥ္မ်ားျဖင့္ ၿမိတ္တပ္မေတာ္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္ဟုလ

ည္း ၎က ဆိုသည္။ကိုေရႊၿမိတ္