ၾကားသိသမွ်

ယော​ဒေသတွင် အကြမ်းဖက်စစ်တပ်က အရိပ်မဲ့စစ်ဆင်​ရေးပြုလုပ်​နေဟု ဂန့်​ဂေါPDF ထုတ်ပြန်

ယော​ဒေသတွင် အကြမ်းဖက်စစ်တပ်က အရိပ်မဲ့စစ်ဆင်​ရေးပြုလုပ်​နေဟု ဂန့်​ဂေါPDF ထုတ်ပြန်

ဂန့်ဂေါခရိုင် ယောဒေသတွင် အကြမ်းဖက်အာဏာလုစစ်တပ်က အရိပ်မဲ့စစ်ဆင်ရေး ( ကွန်မန်ဒိုစစ် ဆင်ရေး) ကိုအသုံးပြုပြီး တောနင်း

ရှာဖွေမှုများပြု လုပ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်းက ယနေ့ (နိုဝင်ဘာ၂၉ ရက်) ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးအတွက် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရန်လည်း

ဂန့်ဂေါတပ်ရင်းက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းသုံးကြောင်းအနက်တစ်ဖွဲ့သည် စစ်ကြောင်းထိုးရာဖက်၊ တစ်ဖွဲ့သည် စစ်ကြောင်းစထွက်ရာလမ်း

ဖက် နှင့် ကျန်တစ်ဖွဲ့သည် အလယ်ဗဟိုမှနေ၍ ပြည်သူများမြင်သာသည့်နေရာတွင် နေရာရွှေ့၍ အရိပ်ပြလှုပ်ရှားနေသည်ဟုလည်း ဂန့်ဂေါ

တပ်ရင်းက ပြောသည်။

ယခုစစ်ဆင်ရေးသည် ၎င်းတို့မည်သည့်ဖက်ကို သွားမည်ကို ခန့်မှန်းရခက်ခဲစေပြီး အချိန်အကန့်သတ်မဲ့ဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်နိုင်

ကြောင်း ဂန့်ဂေါတပ်ရင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းစစ်တပ်က အရိပ်မဲ့စစ်ဆင်ရေး ( ကွန်မန်ဒိုစစ်ဆင်ရေး) ကို အဖွဲ့ (၃) ခုဖြင့်လှုပ်ရှားနေပြီး တစ်ဖွဲ့က စစ်ကြောင်းထိုးခြင်း၊ တစ်

ဖွဲ့က စစ်ကြောင်းစထွက်ရာလမ်းဖက်၊ ကျန်တစ်ဖွဲ့က အဖွဲ့(၂) ခု၏ အလယ်မှနေ၍ ပြည်သူများမြင်သာသည့်နေရတွင် နေရာရွှေ့၍ အရိပ်ပြ

လှုပ်ရှားခြင်းများလုပ်နေ၍ မည်သည့်ဘက်သို့ စစ်ကြောင်းထိုးမည်ကို ခန့်မှန်းရခက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ တပ်ရင်း)

(PDF Gangaw Battalion) က သတိပေးထားသည်။

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်တွင် မြေပုံကျွမ်းကျင်သူ၊ လူကိုလူဟုမမြင်ဘဲ သတ်ရမှာဝန်မလေးသော အာဏာ ရှင်လက်ပါးစေများ များစွာ

ပါဝင်သောကြောင့် ပြည်သူများအနေဖြင့် ထိပ်တိုက်မတွေ့ဆုံမိစေရန် သတိပေးသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ရိက္ခာကုန်လျှင် အနီးစပ်ဆုံးရွာ(တဲ) စသည်တို့ကိုဝင်ရောက် ဓားပြတိုက်ကြလိမ့်မည်ဖြစ်၍ အထူးသတိရှိပေး

ကြပါရန်လည်း မေတ္တာရပ်ခံသည်။

နိုဝင်ဘာ ပထမပတ်ကစ၍ စစ်ကောင်စီသည် ယောဒေသ ဆော၊ကျောက်ထုနှင့် လောင်းရှည် တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း

ထိုးရန်ပြင်ဆင်ခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ့တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ အချို့ရှိခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်​

ကောင်စီတပ်သား ၅၀ခန့်​သေဆုံးပြီး ပြည်သူ့ကာကွယ် ရေး ရဲဘော်တစ်ဦး ကျဆုံးကြောင်း ယော PDF ကထုတ်ပြန်ထားသည်။ Credit;P S