ၾကားသိသမွ်

မြိတ်တွင် အမျိုးသား ၂ ဦး စီးနင်းခွင့်ရမည့် ဆိုင်ကယ်ကယ်ရီ အသင်း စတင်ဖွဲ့စည်း

မြိတ်တွင် အမျိုးသား ၂ ဦး စီးနင်းခွင့်ရမည့် ဆိုင်ကယ်ကယ်ရီ အသင်း စတင်ဖွဲ့စည်း

မြိတ်မြို့တွင် မော်တော် ဆိုင်ကယ် တစ်စီးပေါ်တွင် အမျိုးသား နှစ်ဦး စီးနင်းခွင့်ရှိမည့် ဆိုင်ကယ်ကယ်ရီ (TAXI) အသင်းကို စတင် ဖွဲ့စည်း

ပြီး ဖြစ်ကြာင်း အဆိုပါ အသင်း ဥက္ကဌ ဦးမောင်မောင်က ပြောသည်။

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ အဝေးပြေး ကားဝင်း အတွင်း အသင်းဝင် ဦးရေ၄၀ ကျော်ဖြင့် နိုဝင်ဘာလ ၂၈ ရက်တွင် ဖွဲ့စည်းခဲ့

ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

” မော်တော် ဆိုင်ကယ် အသင်းကို အယောက် ၄၀ ကျော်နဲ့ စတင် ဖွဲ့လိုက်တာ ဖြစ်တယ်။ မြိတ်မှာ ဆိုင်ကယ် ကယ်ရီဆွဲ အလုပ်လုပ်သူတွေ

အတွက် အဆင်ပြေအောင် စီစဉ်ပေးတာ ဖြစ်တယ်” ဟု ဦးမောင်မောင်က ပြောသည်။

ဆိုင်ကယ် စီးနင်းမှု အများဆုံး ရှိသော ပြည်တွင်းမြို့ကြီးများ၌ ဆိုင်ကယ် တစ်စီးတွင် အမျိုးသား နှစ်ဦး လိုက်ပါစီးနင်းခွင့်ကို အာဏာသိမ်း

စစ်ကောင်စီက ယခု နိုဝင်ဘာလထဲတွင် တားမြစ် ပိတ်ပင်ခဲ့သည်။

ယင်းသို့ ပိတ်ပင်ခြင်းကြောင့် ဆိုင်ကယ် ကယ်ရီ (TAXI) ပြေးဆွဲ အသက်မွေးဝမ်းကြောင်း ပြုနေသူ အများစု မိသားစု စားဝတ်နေရေး

အခက်အခဲ ဖြစ်နေကြသည်။ယခု အသင်းသို့ ဝင်ထားလျှင် ဆိုင်ကယ်တွင် အမျိုးသားနှစ်ဦး စီးနင်းခွင့်ရမည် ဖြစ်ပြီး အသင်းဝင်များသည်

ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း တောက်ခံစာ စသည်များ ပေးရမည်ဟု ဆို

ထားသည်။အဆိုပါ ဆိုင်ကယ် ကယ်ရီ (TAXI) အသင်းဝင်သူ တစ်ဦးလျှင် အသင်းဝင်ကြေး ကျပ်တစ်သောင်း ပေးဆောင်ရကာ လစဉ်ကြေး

အနေဖြင့် တစ်လ ငါးထောင်ကျပ် ပေးသွင်းရမည်ဖြစ်သည်။  ကိုရွှေမြိတ်

ၿမိတ္တြင္ အမ်ိဳးသား ၂ ဦး စီးနင္းခြင့္ရမည့္ ဆိုင္ကယ္ကယ္ရီ အသင္း စတင္ဖြဲ႕စည္း

ၿမိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ ဆိုင္ကယ္ တစ္စီးေပၚတြင္ အမ်ိဳးသား ႏွစ္ဦး စီးနင္းခြင့္ရွိမည့္ ဆိုင္ကယ္ကယ္ရီ (TAXI) အသင္းကို စတင္ ဖြဲ႕စည္းၿပီး ျဖစ္ၾကာင္း အဆိုပါ အသင္း ဥကၠဌ ဦးေမာင္ေမာင္က ေျပာသည္။

ၿမိတ္ၿမိဳ႕နယ္၊ ၿမိတ္ေတာင္ေက်းရြာ အုပ္စုရွိ အေဝးေျပး ကားဝင္း အတြင္း အသင္းဝင္ ဦးေရ၄၀ ေက်ာ္ျဖင့္ နိုဝင္ဘာလ ၂၈ ရက္တြင္ ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္ဟု ၎က ေျပာသည္။

” ေမာ္ေတာ္ ဆိုင္ကယ္ အသင္းကို အေယာက္ ၄၀ ေက်ာ္နဲ႔ စတင္ ဖြဲ႕လိုက္တာ ျဖစ္တယ္။ ၿမိတ္မွာ ဆိုင္ကယ္ ကယ္ရီဆြဲ အလုပ္လုပ္သူေတြ အတြက္ အဆင္ေျပေအာင္ စီစဥ္ေပးတာ ျဖစ္တယ္” ဟု ဦးေမာင္ေမာင္က ေျပာသည္။

ဆိုင္ကယ္ စီးနင္းမႈ အမ်ားဆုံး ရွိေသာ ျပည္တြင္းၿမိဳ႕ႀကီးမ်ား၌ ဆိုင္ကယ္ တစ္စီးတြင္ အမ်ိဳးသား ႏွစ္ဦး လိုက္ပါစီးနင္းခြင့္ကို အာဏာသိမ္း စစ္ေကာင္စီက ယခု နိုဝင္ဘာလထဲတြင္ တားျမစ္ ပိတ္ပင္ခဲ့သည္။

ယင္းသို႔ ပိတ္ပင္ျခင္းေၾကာင့္ ဆိုင္ကယ္ ကယ္ရီ (TAXI) ေျပးဆြဲ အသက္ေမြးဝမ္းေၾကာင္း ျပဳေနသူ အမ်ားစု မိသားစု စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနၾကသည္။

ယခု အသင္းသို႔ ဝင္ထားလၽွင္ ဆိုင္ကယ္တြင္ အမ်ိဳးသားႏွစ္ဦး စီးနင္းခြင့္ရမည္ ျဖစ္ၿပီး အသင္းဝင္မ်ားသည္ ဆိုင္ကယ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္၊ မွတ္ပုံတင္မိတၱဴ၊ ရပ္ကြက္ ေထာက္ခံစာ၊ ရဲစခန္း ေတာက္ခံစာ စသည္မ်ား ေပးရမည္ဟု ဆိုထားသည္။

အဆိုပါ ဆိုင္ကယ္ ကယ္ရီ (TAXI) အသင္းဝင္သူ တစ္ဦးလၽွင္ အသင္းဝင္ေၾကး က်ပ္တစ္ေသာင္း ေပးေဆာင္ရကာ လစဥ္ေၾကး အေနျဖင့္ တစ္လ ငါးေထာင္က်ပ္ ေပးသြင္းရမည္ျဖစ္သည္။  ကိုေရႊၿမိတ္