ကိုဗစ် ဖြစ်နေပေမယ့် ဝန်ကြီးချုပ် ခန့်အပ်ပွဲကို မှန်လုံအိမ်နဲ့ တက်ရောက်ခဲ့တဲ့ ချက် သမ္မတ
ကိုယ်တိုင်က ကိုဗစ်ရောဂါ ဖြစ်ပွားနေပေမယ့် ချက်နိုင်ငံ သမ္မတဟာ ဝန်ကြီးချုပ်သစ် ခန့်အပ်ပွဲကို မှန်လုံအိမ်ထဲကနေတဆင့် တက်ရောက်
ခဲ့ပါတယ်။သမ္မတ မီလော့စ် ဇီမန်းဟာ ကိုဗစ်ရောဂါ စွဲကပ်နေကြောင်း ဆေးစစ် အတည်ပြု တွေ့ရှိထားပါတယ်။ ဒါပေမဲ့ သူဟာ ဗဟို
လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် ခေါင်းဆောင် ပီတာ ဖီယာလာကို ဝန်ကြီးချုပ်သစ် ရာထူးမှာ ခန့်အပ်မယ့် အခမ်းအနားကို တက်ရောက်
ဖို့ အပျက်ကွက် မခံခဲ့ပါဘူး။
ဖီယာလာဟာ ဗဟို လက်ယာယိမ်း အတိုက်အခံ ငါးပါတီ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုကို ဦးဆောင်ပြီး အောက်တိုဘာ
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ နိုဝင်ဘာ ၂၈ ရက်က ဖီယာလာ ဦးဆောင်တဲ့ အစိုးရသစ်ဟာ တရားဝင် ရာထူး လက်ခံခဲ့ပြီး သမ္မတ ဇီ
မန်းက ဒီအခမ်းအနားကို ကြီးမှူးခဲ့တာပါ။
ဇီမန်းဟာ ကိုဗစ်ရောဂါ ခံစားနေရပေမယ့်လည်း လေးထောင့် မှန်လုံအိမ် တစ်လုံးထဲမှာ ဘီးတပ် ကုလားထိုင်ပေါ် ထိုင်ပြီး လုပ်ထုံးလုပ်နည်း
တွေနဲ့အညီ ပါဝင် ဆောင်ရွက်ပေးသွားခဲ့ပါတယ်။
ဖီယာလာ ဦးဆောင်တဲ့ အစိုးရသစ်ဟာ ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက်နှုန်း မြင့်တက်လာပြီး ဆေးရုံ ဆေးခန်းတွေ မလောက်မငှ ဖြစ်လာ
တာ၊ စွမ်းအင် လိုအပ်ချက်တွေ မြင့်မားလာတာ အစရှိတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းရမှာပါ။
အစိုးရသစ် အတွက်တော့ ရှုပ်ထွေးလွန်းပြီး စိန်ခေါ်မှုတွေ အများကြီးကို ကိုင်တွယ်ရမယ့် ကာလမျိုး ရောက်နေကြောင်း၊ သူ့အနေနဲ့ ချက်
နိုင်ငံမှာ အနာဂတ်ကို ပြောင်းလဲပေးမယ့် အစိုးရ အဖွဲ့မျိုး ဖြစ်လာဖို့ မျှော်လင့်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ဖီယာလာက ပြောကြား
သွားပါတယ်။အခမ်းအနားကို သမ္မတ ဇီမန်း တက်ရောက်လာချိန်မှာ အကာအကွယ် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ဆေးဝန်ထမ်းတွေက သူ့
ကို အကူအညီ ပေးခဲ့ကြပါတယ်။ ဇီမန်းဟာ သီးခြား ဖျားနာမှု တစ်ခုကြောင့် ဆေးရုံမှာ သီတင်း ခြောက်ပတ်လောက် တက်ရောက်နေရင်း
ကိုဗစ်ရောဂါပါ ကူးစက် ခံခဲ့ရတာ ဖြစ်ပါတယ်။ credit; P S
ကိုဗစ္ ျဖစ္ေနေပမယ့္ ဝန္ႀကီးခ်ဳပ္ ခန႔္အပ္ပြဲကို မွန္လုံအိမ္နဲ႔ တက္ေရာက္ခဲ့တဲ့ ခ်က္ သမၼတ
ကိုယ္တိုင္က ကိုဗစ္ေရာဂါ ျဖစ္ပြားေနေပမယ့္ ခ်က္နိုင္ငံ သမၼတဟာ ဝန္ႀကီးခ်ဳပ္သစ္ ခန႔္အပ္ပြဲကို မွန္လုံအိမ္ထဲကေနတဆင့္ တက္ေရာက္ခဲ့ပါတယ္။
သမၼတ မီေလာ့စ္ ဇီမန္းဟာ ကိုဗစ္ေရာဂါ စြဲကပ္ေနေၾကာင္း ေဆးစစ္ အတည္ျပဳ ေတြ႕ရွိထားပါတယ္။ ဒါေပမဲ့ သူဟာ
ဗဟို လက္ယာယိမ္း နိုင္ငံေရး မဟာမိတ္ ေခါင္းေဆာင္ ပီတာ ဖီယာလာကို ဝန္ႀကီးခ်ဳပ္သစ္ ရာထူးမွာ ခန႔္အပ္မယ့္ အခမ္းအနားကို တက္ေရာက္ဖို႔ အပ်က္ကြက္ မခံခဲ့ပါဘူး။
ဖီယာလာဟာ ဗဟို လက္ယာယိမ္း အတိုက္အခံ ငါးပါတီ ဖြဲ႕စည္းထားတဲ့ နိုင္ငံေရး မဟာမိတ္ အင္အားစုကို ဦးေဆာင္ၿပီး ေအာက္တိုဘာ ေရြးေကာက္ပြဲမွာ အနိုင္ရခဲ့ပါတယ္။
နိုဝင္ဘာ ၂၈ ရက္က ဖီယာလာ ဦးေဆာင္တဲ့ အစိုးရသစ္ဟာ တရားဝင္ ရာထူး လက္ခံခဲ့ၿပီး သမၼတ ဇီမန္းက ဒီအခမ္းအနားကို ႀကီးမႉးခဲ့တာပါ။
ဇီမန္းဟာ ကိုဗစ္ေရာဂါ ခံစားေနရေပမယ့္လည္း ေလးေထာင့္ မွန္လုံအိမ္ တစ္လုံးထဲမွာ ဘီးတပ္ ကုလားထိုင္ေပၚ ထိုင္ၿပီး လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ ပါဝင္ ေဆာင္ရြက္ေပးသြားခဲ့ပါတယ္။
ဖီယာလာ ဦးေဆာင္တဲ့ အစိုးရသစ္ဟာ ျပည္တြင္းမွာ ကပ္ေရာဂါ ကူးစက္ႏႈန္း ျမင့္တက္လာၿပီး ေဆး႐ုံ ေဆးခန္းေတြ မေလာက္မငွ ျဖစ္လာတာ၊ စြမ္းအင္ လိုအပ္ခ်က္ေတြ ျမင့္မားလာတာ အစရွိတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ ေျဖရွင္းရမွာပါ။
အစိုးရသစ္ အတြက္ေတာ့ ရႈပ္ေထြးလြန္းၿပီး စိန္ေခၚမႈေတြ အမ်ားႀကီးကို ကိုင္တြယ္ရမယ့္ ကာလမ်ိဳး ေရာက္ေနေၾကာင္း၊
သူ႔အေနနဲ႔ ခ်က္နိုင္ငံမွာ အနာဂတ္ကို ေျပာင္းလဲေပးမယ့္ အစိုးရ အဖြဲ႕မ်ိဳး ျဖစ္လာဖို႔ ေမၽွာ္လင့္ေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ဖီယာလာက ေျပာၾကားသြားပါတယ္။
အခမ္းအနားကို သမၼတ ဇီမန္း တက္ေရာက္လာခ်ိန္မွာ အကာအကြယ္ ဝတ္စုံျပည့္ ဝတ္ဆင္ထားတဲ့ ေဆးဝန္ထမ္းေတြက သူ႔ကို
အကူအညီ ေပးခဲ့ၾကပါတယ္။ ဇီမန္းဟာ သီးျခား ဖ်ားနာမႈ တစ္ခုေၾကာင့္ ေဆး႐ုံမွာ သီတင္း ေျခာက္ပတ္ေလာက္ တက္ေရာက္ေနရင္း ကိုဗစ္ေရာဂါပါ ကူးစက္ ခံခဲ့ရတာ ျဖစ္ပါတယ္။ credit; P S