ၾကားသိသမွ်

တီးတိန်၊ အန့်လန်းရွာတွင် မြေအက်ကွဲကြောင်း ပေါ်လာ ၍ အိမ်ခြေ ၁၀၀ နီးပါး ရွှေ့ပြောင်းရန် ပြင်နေ

တီးတိန်၊ အန့်လန်းရွာတွင် မြေအက်ကွဲကြောင်း ပေါ်လာ ၍ အိမ်ခြေ ၁၀၀ နီးပါး ရွှေ့ပြောင်းရန် ပြင်နေ

နိုဝင်ဘာ၂၈ ၊ ၂၀၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အန့်လန်းရွာတွင် မိုးရွာသွန်းမှုကြောင့် မြေအက်ကွဲကြောင်းများ ပေါ်လာသည့် နောက် မြေပြိုမည့် အန္တရာယ်

ကို စိုးရိမ်ကာ အဆိုပါရွာရှိ အိမ်ခြေ ၁၀၀ နီးပါး ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း အန့်လန်းရွာ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“နိုဝင်ဘာလ ၁၈ ရက် မတိုင်ခင်မှာ ၄ ၊ ၅ ရက်လောက် မိုးရွာတယ်။ ၁၈ ရက်ကျမှ သတိထားမိတယ်။ အက်ကွဲကြောင်း ပေါ်လာတယ်။ ၁၉

ရက်ရောက်တော့ အက်ကွဲကြောင်းက ၄ လက်မ၊ ၅ လက်မလောက် ရှိလာတယ်။ ၂၀ ရက်မှာ ၁ ပေလောက်။ အခုတော့ ၁ ပေခွဲလောက်

အက်ကြောင်းက ဟ လာတယ်” ဟု ၎င်းက ဆိုသည်။


မြေအက်ကွဲကြောင်းသည် ၂ ခုရှိနေပြီး ရွာအောက်ဘက်မှ အပေါ်ပိုင်းအထိ အတော်ရှည်လျားသည့် အက် ကြောင်းများ ဖြစ်ကြောင်း အန့်

လန်းရွာဒေသခံ တဦးက ရှင်းပြသည်။

ယင်းအက်ကွဲကြောင်းများကြောင့် အချို့သော နေအိမ်များသည် ရွဲ့စောင်းကုန်ပြီး နေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ အိမ်တံခါး

အဖွင့်အပိတ်လုပ်ရန်ပင် ခက်ခဲသွားကြောင်းပြောသည်။


ပြောင်းရွှေ့ရမည့်အထဲတွင် အန့်လန်းရွာရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းလည်း ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

“အခက်အခဲက ရေအခက်အခဲ ရှိတယ်။ အခုတော့ ရွာသူ၊ ရွာသားတွေက ရွာဟောင်းကနေ ရွှေ့မယ့် နေရာကို ပုံးတွေနဲ့ သယ်နေကြတယ်။

ရွှေ့မယ့်နေရာက ၁ မိုင်ခွဲလောက်တော့ ရှိမယ်ထင်တယ်။ နောက်တခုက အိမ်တွေဖျက်ပြီးတော့ ပြန်ဆောက်မယ့်နေရာကို ရွှေ့ရမယ်ဆို

တော့ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတယ်။ ၁ အိမ် ၂ အိမ်လောက်ဆိုရင်တော့ ရွာသူ၊ ရွာသားတွေက ကူလို့ရမယ်။ အခုက အိမ်တိုင်း

လိုလိုဖြစ်နေတယ်ဆိုတော့ တော်တော်ဒုက္ခရောက်နေတယ်” ဟု အန့်လန်းရွာဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။


အန့်လန်းရွာတွင် လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကသာ အက်ကွဲကြောင်းများ ပေါ်ခဲ့ဖူးပြီး ထိုစဉ်က အက်ကွဲကြောင်းများသည် ယခုလောက် အဟ

မကျယ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်ကလည်း အန့်လန်းရွာကဲ့သို့ပင် တီးတိန်မြို့နယ်ရှိ ဖိုင်ဇားရွာတွင် မိုးအကြီးအကျယ်ရွာသွန်း ပြီး မြေပြိုမှုကြောင့် နေအိမ်

၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရသေးသည်။


ဖိုင်ဇားရွာမှ နေအိမ် ပျက်စီးဆုံးရှုံးသွားသော မိသားစုများသည် လက်ရှိတွင် အဆိုပါရွာရှိ ဘုရားကျောင်း၌ ယာယီခိုလှုံနေရပြီး နေအိမ်များ

ပြန်ဆောက်နိုင်ရေး အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။ ဧရာဝတီ

ပုံစာ- မြေကြီး အက်ကွဲကြောင်းများကြောင့် ရွှေ့ပြောင်းရန် ပြင်နေကြသည့် အန့်လန်းရွာဒေသခံများ (ဓာတ်ပုံ -Thang deih tuang)

တီးတိန္၊ အန႔္လန္းရြာတြင္ ေျမအက္ကြဲေၾကာင္း ေပၚလာ ၍ အိမ္ေၿခ ၁၀၀ နီးပါး ေရႊ႕ေျပာင္းရန္ ျပင္ေန
နိုဝင္ဘာ၂၈ ၊ ၂၀၂၁

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ အန႔္လန္းရြာတြင္ မိုးရြာသြန္းမႈေၾကာင့္ ေျမအက္ကြဲေၾကာင္းမ်ား ေပၚလာသည့္ ေနာ

က္ ေျမၿပိဳမည့္ အႏၲရာယ္ကို စိုးရိမ္ကာ အဆိုပါရြာရွိ အိမ္ေၿခ ၁၀၀ နီးပါး ေျပာင္းေရႊ႕ရန္ ျပင္ဆင္ေနေၾကာင္း အန႔္လန္းရြာ ေဒသခံတဦးက ဧရာဝတီသို႔ ေျပာသည္။


“နိုဝင္ဘာလ ၁၈ ရက္ မတိုင္ခင္မွာ ၄ ၊ ၅ ရက္ေလာက္ မိုးရြာတယ္။ ၁၈ ရက္က်မွ သတိထားမိတယ္။ အက္ကြဲေၾကာင္း ေပၚလာတယ္။ ၁၉ ရ

က္ေရာက္ေတာ့ အက္ကြဲေၾကာင္းက ၄ လက္မ၊ ၅ လက္မေလာက္ ရွိလာတယ္။ ၂၀ ရက္မွာ ၁ ေပေလာက္။ အခုေတာ့ ၁ ေပခြဲေလာ

က္ အက္ေၾကာင္းက ဟ လာတယ္” ဟု ၎က ဆိုသည္။

ေျမအက္ကြဲေၾကာင္းသည္ ၂ ခုရွိေနၿပီး ရြာေအာက္ဘက္မွ အေပၚပိုင္းအထိ အေတာ္ရွည္လ်ားသည့္ အက္ ေၾကာင္းမ်ား ျဖ

စ္ေၾကာင္း အန႔္လန္းရြာေဒသခံ တဦးက ရွင္းျပသည္။

ယင္းအက္ကြဲေၾကာင္းမ်ားေၾကာင့္ အခ်ိဳ႕ေသာ ေနအိမ္မ်ားသည္ ရြဲ႕ေစာင္းကုန္ၿပီး ေနထိုင္ရန္ အဆင္မေျပေတာ့ေၾကာင္း၊

အိမ္တံခါး အဖြင့္အပိတ္လုပ္ရန္ပင္ ခက္ခဲသြားေၾကာင္းေျပာသည္။


ေျပာင္းေရႊ႕ရမည့္အထဲတြင္ အန႔္လန္းရြာရွိ ခရစ္ယာန္ဘုရားေက်ာင္း ၂ ေက်ာင္းလည္း ပါဝင္ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

“အခက္အခဲက ေရအခက္အခဲ ရွိတယ္။ အခုေတာ့ ရြာသူ၊ ရြာသားေတြက ရြာေဟာင္းကေန ေရႊ႕မယ့္ ေနရာကို ပုံးေတြနဲ႔ သယ္ေနၾကတယ္။

ေရႊ႕မယ့္ေနရာက ၁ မိုင္ခြဲေလာက္ေတာ့ ရွိမယ္ထင္တယ္။ ေနာက္တခုက အိမ္ေတြဖ်က္ၿပီးေတာ့ ျပန္ေဆာက္မယ့္ေနရာကို ေရႊ႕ရမယ္ဆိုေတာ့ သယ္ယူပို႔ေဆာင္ေရး အခက္အခဲရွိတယ္။ ၁ အိမ္ ၂ အိမ္ေလာက္ဆိုရင္ေတာ့ ရြာသူ၊ ရြာသားေတြက ကူလို႔ရမယ္။

အခုက အိမ္တိုင္းလိုလိုျဖစ္ေနတယ္ဆိုေတာ့ ေတာ္ေတာ္ဒုကၡေရာက္ေနတယ္” ဟု အန႔္လန္းရြာေဒသခံ တဦးက ဧရာဝတီသို႔ ေျပာသည္။


အန႔္လန္းရြာတြင္ လြန္ခဲ့သည့္ ႏွစ္ ၃၀ ခန႔္ကသာ အက္ကြဲေၾကာင္းမ်ား ေပၚခဲ့ဖူးၿပီး ထိုစဥ္က အက္ကြဲေၾကာင္းမ်ားသည္ ယခုေလာက္ အဟ မက်ယ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

နိုဝင္ဘာလ ၂၆ ရက္ကလည္း အန႔္လန္းရြာကဲ့သို႔ပင္ တီးတိန္ၿမိဳ႕နယ္ရွိ ဖိုင္ဇားရြာတြင္ မိုးအႀကီးအက်ယ္ရြာသြန္း ၿပီး ေျမၿပိဳမႈေၾကာင့္ ေနအိမ္ ၁၉ လုံး ပ်က္စီးဆုံးရႈံးခဲ့ရေသးသည္။

ဖိုင္ဇားရြာမွ ေနအိမ္ ပ်က္စီးဆုံးရႈံးသြားေသာ မိသားစုမ်ားသည္ လက္ရွိတြင္ အဆိုပါရြာရွိ ဘုရားေက်ာင္း၌ ယာယီခိုလႈံေနရၿပီး ေနအိမ္မ်ား ျပန္ေဆာက္နိုင္ေရး အကူအညီ လိုအပ္ေနေၾကာင္း ေဒသခံမ်ားထံက သိရသည္။ ဧရာဝတီ

ပုံစာ- ေျမႀကီး အက္ကြဲေၾကာင္းမ်ားေၾကာင့္ ေရႊ႕ေျပာင္းရန္ ျပင္ေနၾကသည့္ အန္႔လန္းရြာေဒသခံမ်ား (ဓာတ္ပုံ -Thang deih tuang)