ဒီပဲယင်းနယ်ကို စစ်တပ်က ရဟတ်ယာဉ် ၅ စင်းဖြင့်တိုက်၊ ကာကွယ်ရေးတပ်သား ၁ ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ငါးစင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး
တပ်သား တစ်ဦး ကျဆုံးသွားကြောင်း ဒေသခံ ရွာသားများထံက သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ညနေ ၄ နာရီတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးမြစ်အနီးရှိ သစ်တုံ ကျေးရွာနှင့် ဆည်ကြီးရွာတို့ကို စစ်
ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“လောလောဆည်တော့ ကိုဟိန်းမင်းထွန်း ဆုံးတယ်ဆိုတာ အတည်ပြုလို့ ရပါပြီ။ ဘယ်နေရာတွေ သေနတ်မှန်တယ် ဆိုတာကိုတော့
အသေးစိတ် မသိရသေးပါဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် သစ်တုံကျေးရွာမှ ပြည်သူ့ကာကွယ်ရေး တပ်သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းမင်းထွန်း သေနတ်မှန်ကာ ကျ
ဆုံးသွားကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။
“သူတို့ ရဟတ်ယာဉ်ငါးစင်းက ရွာပေါ်မှာ ဝဲလာတယ်ပြီးတော့ တစ်စင်းက သူတို့ဆင်းမယ့် နေရာတွေကို ဘောက်ကုန်ထိ ပစ်ကြတယ်
(ကျည် ၅၀ ပါ MA- 15 စက်သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခြင်း)။ ပြီးတော့ ညောင်လှရွာ ဝန်းကျင်မှာ ဆင်းကြတယ်။ တစ်နေရာမှာ ဆို
ရင် ဗုံးသီးနဲ့ပါ ပစ်တယ်” ဟု ပစ်ခတ်မှု ဖြစ်စဉ်ကို ဒီပဲယင်း အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ရဟတ်ယာဉ်များ ဆင်းသော ညောင်လှရွာသည် ယခု ပစ်ခတ်ခံရသည့် ရွာများနှင့် ကပ်လျက် တည်ရှိသည်။
ရဟတ်ယာဉ်များနှင့် အတူ စစ်ကောင်စီတပ်သားများ ဆင်းလာကာ ငါးမိနစ်ဝန်းကျင်အတွင်း လေးစင်း ပြန်လည် ထွက်ခွာသွားကြောင်း ၊
ရဟတ်ယာဉ် တစ်စင်းမှာမူ ကျေးရွာပေါ်တွင် ၁၅ မိနစ်ခန့် ဝဲပျံပြီးမှ ပြန်ထွက်ခွာသွားကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
စစ်ရဟတ်ယာဉ်များ ရုတ်တရက် ရောက်လာသည့်အတွက် ရွာတွင် ရှိနေသည့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နိုင်ခြင်း မရှိဘဲ နေအိမ်
များထဲတွင်သာ ပုန်းခိုနေကြရသည်။
“ရွာအနီးအနားကို သူတို့တပ်တွေက ပိတ်ပြီး ဆင်းလာသလိုမျိုး လုပ်တာဆိုတော့ ရွာသားတွေလည်း ထွက်မပြေး တတ်တော့ဘူးလေ။ ခုထိ
တော့ ပိတ်မိနေတဲ့သဘောပါ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စစ်ကောင်စီ တပ်ဘက်က အဆိုပါ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာသား ၁၈ ဦး သေဆုံးသည်ဟု ယမန်နေ့ ညပိုင်းက
သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ထိုသတင်းများ မှားယွင်းကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဘက်က အတည်ပြုသည်။
“အဲ့ဒီသတင်းကတော့ သတင်းအမှားပါ။ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ညောင်လှရွာဘေးက သစ်တုံရွာသား ကာကွယ်ရေး တပ်သား တစ်ဦးတော့ကျ
တယ် ဆိုတာပဲ သတင်းရတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်း ၈ နာရီခန့်တွင်လည်း အဆိုပါ စစ်သားများ ရှိနေသည့် အနီးဝန်းကျင်မှ သေနတ်သံနှင့် မိုင်းခွဲသံများ
ကြားနေရကြောင်း ဒေသခံက ပြောသည်။
ယခု ပစ်ခတ်မှုများ ဖြစ်ပွားသော ရွာများနှင့် အနီးရှိ ဆည်ကြီးရွာ၌ တပ်စွဲထားသည့် စစ်အင်အား ၄၀ ကျော်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့
ကာကွယ်ရေး တပ်ဖွဲ့တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထိတွေ့မှု ဖြစ်ခဲ့သည်။
“စစ်ကောင်စီတပ်တွေကလည်း သူတို့ တပ်စွဲတဲ့ ရွာကနေ ထွက်လာကြတာ။ ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်ခါနီးလေး သူတို့
အင်အား နည်းလို့နဲ့ တူတယ် နောက်ကို ဆုတ်သွားကြတယ်။ ကျွန်တော် ထင်တာတော့ သူတို့ စစ်ကူတောင်းလိုက်တဲ့အတွက် ခုလို
ရဟတ်ယာဉ်နဲ့ လာပစ်တာတွေ၊ စစ်ကူပို့တာတွေ လုပ်တာဖြစ်မယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များ၏ လေကြောင်းပစ်ခတ်မှုများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာရန် အချက် ငါးချက်ကို ဒီပဲယင်း ပြည်သူ့
ကာကွယ်ရေးတပ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုအချက်များမှာ လေကြောင်းတိုက်ခိုက်မှုများ ကြုံတွေ့နေချိန် ပြည်သူများအချင်းချင်း အဆောက်အအုံ၊ အမိုးအကာ အောက်သို့ ဝင်
ရောက် ခိုလှုံခွင့်ပြုကြပါရန်နှင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရသူများ လယ်ကွင်းများထဲတွင် အစုလိုက် နေထိုင်ခြင်းများကို ရှောင်ရှား
ကြပါရန် တို့ဖြစ်သည်။ထို့အပြင် ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များက စီမံဆောင်ရွက်ပေးသော နေရာများ၊ ကျေးရွာများအတွင်း နေထိုင်
ကြပါရန်၊ ပြည်သူများ ဆုတ်ခွာရာ လမ်းကြောင်းများတွင် ကာကွယ်ရေးအဖွဲ့များ ထောင်ထားသော မိုင်းကွင်းများ ရှိပါသဖြင့် ကာကွယ်ရေး
အဖွဲ့များ ခွင့်ပြုပေးသော လမ်းများကိုသာအသုံးပြု သွားကြရန်နှင့် အကြမ်းဖက် စစ်ကောင်များ အများအပြား (မိုးကာအုပ်ကားများဖြင့်) ဝင်
ရောက်နေပါသဖြင့် ပြည်သူပြည်သား ကားပိုင်ရှင်များ အနေဖြင့် မိုးကာအုပ် မောင်းနှင်ခြင်းလုံး ဝ (လုံးဝ) မပြုကြပါရန် တို့ ထုတ်ပြန်ချက်
တွင် ပါဝင်သည်။ Mizzima