ၾကားသိသမွ်

မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို မလိုလား၊ စစ်အာဏာ ရှင် စနစ် ကျဆုံး​ရေး တပ်တွင်းမိသားစုများက ဆန္ဒထုတ်ဖော်

မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို မလိုလား၊ စစ်အာဏာ ရှင် စနစ် ကျဆုံး​ရေး တပ်တွင်းမိသားစုများက ဆန္ဒထုတ်ဖော်၊ ပြည်သူ့

ဘက်တော်သား တပ်မတော် ချစ်မြတ်နိုးသူများ ကွန်ရက် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖွဲ့စည်းထားဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၊ စစ်အာဏာရှင်စနစ်ကို မလိုလားသော တပ်တွင်း မိသားစုများက ဦးဆောင်၍ ပြည်သူ့ဘက်တော်သား

တပ်မတော်ချစ်မြတ်နိုးသူများ ကွန်ရက်ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီကို မလိုလားကြောင်း အွန်လိုင်း

ဆန္ဒထုတ်ဖော်မှုကို ယမန်နေ့ ပြုလုပ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းတွင်း အာဏာရှင်စနစ်ကို မလိုလားသော တပ်တွင်းနေ တပ်မတော်သားမိသားစုဝင်များ၊ စစ်

ကောင်စီကို ဆန့်ကျင်သော တပ်မတော်သားများ နှင့် တပ်ထောက်ခံသူများ ပါဝင်ဖွဲ့စည်းထားသည့် ”တပ်မတော် ချစ်မြတ်နိုးသူများ

ကွန်ရက်”က ဦးဆောင်ကာ မြန်မာပြည်အနှံ တပ်ရင်းအသီးသီးမှ ယခု အာဏာသိမ်းမှု ဖြစ်စဥ် အပါအဝင် တပ်တွင်းတရား မျှတမှု မရှိခြင်း၊

ခွဲခြား ဆက်ဆံ ခြင်း၊ တာဝန်ယူ တာဝန်ခံမှု မရှိခြင်း၊ ကျဆုံး စစ်သည်များ များပြားလာခြင်း၊ လစာလုံလောက်စွာမရရှိခြင်း နှင့် မင်း

အောင်လှိုင် နှင့် စစ်ကောင်စီ အပေါင်းအပါများကို မလိုလားတော့ကြောင်း အွန်လိုင်း မှတဆင့် ဆန္ဒထုတ်ဖော်ကြပါသည်။

” စစ်သားတော့စစ်သားပေါ့ဗျာ…ဒါပေမဲ့ ပြည်သူတွေ မုန်းနေတဲ့စစ်သား လို့အထင်မခံနိုင်တော့ဘူး။ ကျွန်တော်တို့ သားသမီးတွေရှေ့ရေး

အတွက်ကော…တပ်တွင်းမှာ အကျင့်ပျက်ခြစားမှုတွေကော၊ စစ်အာဏာသိမ်းပြီးတော့ စစ်သည်တွေ ပြည်သူတွေ အများကြီး အလဟာသ

သေဆုံးနေရတယ်။ ဒါကို ပြည်သူတွေ သိအောင်ရယ်…စစ်ကောင်စီ ကိုလည်း တပ်တွင်းမှာ မကြိုက်တဲ့ သူများစွာရှိတာရယ် သိစေချင်လို့

ဆန္ဒပြပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု အွန်လိုင်းဆန္ဒပြ ပွဲ ဦးဆောင်သူ တပ်မိသားစုဝင်တစ်ဦး ကပြောသည်။

ပြည်သူ့ဘက်တော်သား တပ်မတော် ချစ်မြတ်နိုးသူများ ကွန်ရက်ကို တစ်ပြည်လုံးအနေဖြင့် တပ်မိသားစုဝင်နှင့် စစ်သား အဖွဲ့ဝင် ၅၀၀ ခန့်

ဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ယခု ဆန္ဒ ပြပွဲ ပြုလုပ်ရန် အခက်အခဲ များစွာရှိကြောင်းနှင့် ပြည်သူ့ဘက်တွင် ရပ်တည်သွားမည့်စစ်သားများစွာ ပါဝင်ရန် ဆန္ဒရှိနေခြင်း

ကြောင့်အခက်အခဲများစွာကြားမှ ဆန္ဒပြပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ Khit Thit

မင္းေအာင္လွိုင္ႏွင့္စစ္ေကာင္စီကို မလိုလား၊ စစ္အာဏာ ရွင္ စနစ္ က်ဆုံး​ေရး တပ္တြင္းမိသားစုမ်ားက ဆႏၵထုတ္ေဖာ္၊ ျပည္သူ႔ဘက္ေတာ္သား တပ္မေတာ္ ခ်စ္ျမတ္နိုးသူမ်ား ကြန္ရက္ တစ္ျပည္လုံးအတိုင္းအတာျဖင့္ ဖြဲ႕စည္းထားဟုဆို

ရန္ကုန္၊ နိုဝင္ဘာ ၂၈

မင္းေအာင္လွိုင္ႏွင့္ စစ္ေကာင္စီ၊ စစ္အာဏာရွင္စနစ္ကို မလိုလားေသာ တပ္တြင္း မိသားစုမ်ားက ဦးေဆာင္၍ ျပည္သူ႔ဘက္ေတာ္သား

တပ္မေတာ္ခ်စ္ျမတ္နိုးသူမ်ား ကြန္ရက္ကို တစ္ျပည္လုံးအတိုင္းအတာျဖင့္ ဖြဲ႕စည္းလိုက္ၿပီး စစ္ေကာင္စီကို မလိုလားေၾကာင္း အြန္လိုင္း ဆႏၵထုတ္ေဖာ္မႈကို ယမန္ေန႔ ျပဳလုပ္ေၾကာင္း သိရွိရသည္။

နိုဝင္ဘာလ ၂၇ ရက္ေန႔ နံနက္အေစာပိုင္းတြင္း အာဏာရွင္စနစ္ကို မလိုလားေသာ တပ္တြင္းေန တပ္မေတာ္သားမိသားစုဝင္မ်ား၊ စစ္ေကာင္စီကို ဆန႔္က်င္ေသာ တပ္မေတာ္သားမ်ား ႏွင့္ တပ္ေထာက္ခံသူမ်ား ပါဝင္ဖြဲ႕စည္းထားသည့္

”တပ္မေတာ္ ခ်စ္ျမတ္နိုးသူမ်ား ကြန္ရက္”က ဦးေဆာင္ကာ ျမန္မာျပည္အႏွံ တပ္ရင္းအသီးသီးမွ ယခု အာဏာသိမ္းမႈ ျဖစ္စဥ္ အပါအဝင္ တပ္တြင္းတရား မၽွတမႈ မရွိျခင္း၊ ခြဲျခား ဆက္ဆံ ျခင္း၊ တာဝန္ယူ တာဝန္ခံမႈ မရွိျခင္း၊

က်ဆုံး စစ္သည္မ်ား မ်ားျပားလာျခင္း၊ လစာလုံေလာက္စြာမရရွိျခင္း ႏွင့္ မင္းေအာင္လွိုင္ ႏွင့္ စစ္ေကာင္စီ အေပါင္းအပါမ်ားကို မလိုလားေတာ့ေၾကာင္း အြန္လိုင္း မွတဆင့္ ဆႏၵထုတ္ေဖာ္ၾကပါသည္။

” စစ္သားေတာ့စစ္သားေပါ့ဗ်ာ…ဒါေပမဲ့ ျပည္သူေတြ မုန္းေနတဲ့စစ္သား လို႔အထင္မခံနိုင္ေတာ့ဘူး။ ကၽြန္ေတာ္တို႔ သားသမီးေတြေရွ႕ေရးအတြက္ေကာ…တပ္တြင္းမွာ

အက်င့္ပ်က္ျခစားမႈေတြေကာ၊ စစ္အာဏာသိမ္းၿပီးေတာ့ စစ္သည္ေတြ ျပည္သူေတြ အမ်ားႀကီး အလဟာသ ေသဆုံးေနရတယ္။

ဒါကို ျပည္သူေတြ သိေအာင္ရယ္…စစ္ေကာင္စီ ကိုလည္း တပ္တြင္းမွာ မႀကိဳက္တဲ့ သူမ်ားစြာရွိတာရယ္ သိေစခ်င္လို႔ ဆႏၵျပပြဲ ျပဳလုပ္ရျခင္းျဖစ္ပါတယ္” ဟု အြန္လိုင္းဆႏၵၿပ ပြဲ ဦးေဆာင္သူ တပ္မိသားစုဝင္တစ္ဦး ကေျပာသည္။

ျပည္သူ႔ဘက္ေတာ္သား တပ္မေတာ္ ခ်စ္ျမတ္နိုးသူမ်ား ကြန္ရက္ကို တစ္ျပည္လုံးအေနျဖင့္ တပ္မိသားစုဝင္ႏွင့္ စစ္သား အဖြဲ႕ဝင္ ၅၀၀ ခန္႔ျဖင့္ ဖြဲ႕စည္းထားေၾကာင္း သိရွိရသည္။

ယခု ဆႏၵ ျပပြဲ ျပဳလုပ္ရန္ အခက္အခဲ မ်ားစြာရွိေၾကာင္းႏွင့္ ျပည္သူ႔ဘက္တြင္ ရပ္တည္သြားမည့္စစ္သားမ်ားစြာ ပါဝင္ရန္ ဆႏၵရွိေနျခင္းေၾကာင့္အခက္အခဲမ်ားစြာၾကားမွ ဆႏၵျပပြဲ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။