ၾကားသိသမွ်

စကစခေါင်းဆောင်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့မှုကြောင့် ထိုင်းလွှတ်တော်တွင် ဖြေရှင်းချက်တွေပေးနေရပြီဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

စကစခေါင်းဆောင်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့မှုကြောင့် ထိုင်းလွှတ်တော်တွင် ဖြေရှင်းချက်တွေပေးနေရပြီဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံကို မကြာသေးခင်က နေ့ချင်းပြန်သွားရောက်ပြီး အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ လူသားချင်းစာနာ

ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့သာ သက်ဆိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်မှာ ဖျူထိုင်းပါတီအမတ် ဆုတင်ကလန်ဆန်က နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့

ပတ်သက်ပြီး မေးမြန်းရာမှာ ဖြေကြားခဲ့ တာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၇ ခုက လှူဒါန်းတဲ့ မြန်မာပြည်သူတွေ လိုအပ်

နေတဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် ထောက်ပံ့ကူညီရေးပစ္စည်း ၁၅ တန်ကို ပေးပို့လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

နောက်ထပ် ၂ တန်ကိုလည်း ထပ်မံပြီးတော့ ပေးပို့သွားဖို့ ရှိနေသလို လှူဒါန်းတဲ့ အဖွဲ့အ စည်းတွေထဲမှာတော့ ကုလသမဂ္ဂကလေးများ

ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ချ်အို)နဲ့ မယ့်ဖာလွမ်ဖောင်ဒေးရှင်းတွေလည်း ပါဝင်နေတယ်လို့ ဆို ပါ

တယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က နေ့ချင်း ပြန်ခရီးစဉ်အဖြစ် နေပြည်တော်ကို လာ

ရောက်ခဲ့ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နေ့ချင်းပြန်ခရီးစဉ်အတွင်း စစ်ကောင်စီနဲ့ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြန်

ထားတာ မတွေ့ရပါဘူး။ DVB

စကစေခါင္းေဆာင္နဲ႔ေနျပည္ေတာ္မွာေတြ႕ဆုံခဲ့မႈေၾကာင့္ ထိုင္းလႊတ္ေတာ္တြင္ ေျဖရွင္းခ်က္ေတြေပးေနရၿပီျဖစ္တဲ့ ထိုင္းနိုင္ငံျခားေရးဝန္ႀကီး

ျမန္မာနိုင္ငံကို မၾကာေသးခင္က ေန႔ခ်င္းျပန္သြားေရာက္ၿပီး အာဏာသိမ္းေခါင္းေဆာင္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ခရီးစဥ္ဟာ လူသားခ်

င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးနဲ႔သာ သက္ဆိုင္တယ္လို႔ ထိုင္းနိုင္ငံျခားေရးဝန္ႀကီးက ရွင္းလင္း ေျပာၾကားလိုက္ပါတယ္။

နိုဝင္ဘာ ၂၅ ရက္ေန႔က ထိုင္းနိုင္ငံလႊတ္ေတာ္မွာ ဖ်ဴထိုင္းပါတီအမတ္ ဆုတင္ကလန္ဆန္က နိုင္ငံျခားေရးဝန္ႀကီးရဲ့ ျမန္မာျပည္ခရီးစဥ္နဲ႔

ပတ္သက္ၿပီး ေမးျမန္းရာမွာ ေျဖၾကားခဲ့ တာျဖစ္ၿပီး ေဒသတြင္းနဲ႔ နိုင္ငံတကာအဖြဲ႕အစည္း ၁၇ ခုက လႉဒါန္းတဲ့ ျမန္

မာျပည္သူေတြ လိုအပ္ေနတဲ့ ေဆးဝါးပစၥည္းေတြအပါအဝင္ ေထာက္ပံ့ကူညီေရးပစၥည္း ၁၅ တန္ကို ေပးပို႔လႉဒါန္းခဲ့တယ္လို႔ ေျပာပါတယ္။

ေနာက္ထပ္ ၂ တန္ကိုလည္း ထပ္မံၿပီးေတာ့ ေပးပို႔သြားဖို႔ ရွိေနသလို လႉဒါန္းတဲ့ အဖြဲ႕အ စည္းေတြထဲမွာေတာ့ ကုလသမဂၢ

ကေလးမ်ားရန္ပုံေငြအဖြဲ႕(ယူနီဆက္ဖ္)၊ ကမၻာ့က်န္းမာေရး အဖြဲ႕(ဒဗလ်ဴအိပ္ခ်္အို)နဲ႔ မယ့္ဖာလြမ္ေဖာင္ေဒးရွင္းေတြလည္း ပါဝင္ေနတယ္လို႔ ဆို ပါတယ္။

ထိုင္းနိုင္ငံျခားေရးဝန္ႀကီး ဒြန္ပရာမြတ္ဝီနိုင္းဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာ ၁၄ ရက္က ေန႔ခ်င္း ျပန္ခရီးစဥ္အျဖစ္ ေနျပည္ေတာ္ကို လာေရာက္ခဲ့ကာ အာဏာသိမ္းစစ္ေခါင္းေဆာင္နဲ႔ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ ေန႔ခ်င္းျပန္ခရီးစဥ္အတြင္း စစ္ေကာင္စီနဲ႔ ဘယ္လို အေၾကာင္းအရာေတြ ေဆြးေႏြးခဲ့တယ္ဆိုတာကိုေတာ့ ဘယ္ဘက္ကမွ ထုတ္ျပန္ထားတာ မေတြ႕ရပါဘူး။ DVB