ၾကားသိသမွ်

လူငယ်တော်လှန်ရေးအင်အားစုတွေရဲ့ YBS ယာဉ်လိုင်း ‘ဘူး’ သပိတ်စတင်တဲ့ နေ့မှာပဲ OMINI FOCUS ယာဉ်လိုင်းပိုင်ရှင် ကျော်နေဝင်း ခရီးသည်တွေကို တွေ့ဆုံနှုတ်ဆက်

လူငယ်တော်လှန်ရေးအင်အားစုတွေရဲ့ YBS ယာဉ်လိုင်း ‘ဘူး’ သပိတ်စတင်တဲ့ နေ့မှာပဲ OMINI FOCUS ယာဉ်လိုင်းပိုင်ရှင် ကျော်နေဝင်း

ခရီးသည်တွေကို တွေ့ဆုံနှုတ်ဆက်

လူငယ်တော်လှန်ရေးအင်အားစုတွေ အမျိုးသားနေ့ လူထုလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ပါရမီနဲ့ OMNI FOCUS ယာဉ်လိုင်းတွေကို

သပိတ်မှောက်ဖို့စတင်တဲ့ ရက်မှာပဲ OMINI FOCUS ယာဉ်လိုင်း ရဲ့ ဥက္ကဌဖြစ်သူ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးဖြစ်သူ ကျော်နေ

ဝင်းက ခရီးသည်တွေကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

အခုလိုတွေ့ဆုံနှုတ်ဆက်တာနဲ့ ပတ်သက်ပြီး သပိတ်မှောက်တဲ့ အစီအစဉ် ဦးဆောင်သူ ကိုနန်းလင်းက “ အာဏာရှင် မိသားစုကိုယ်တိုင်

မြေပြင်ပေါ်ဆင်းပြီး ကားတွေမှာလူအပြည့်ပဲ၊ အေးဆေးပါဆိုတာကို ဝါဒ ဖြန့်နေရတယ်၊ အဲဒါက လူထုကို စိန်ခေါ်နေတာ၊ တော်လှန်ရေး

အင်အားစုတွေကို စိန်ခေါ်နေတာ” လို့ပြောပါတယ်။


OMINI FOCUS ယာဉ်လိုင်းကို အာဏာရှင်ဟောင်းဦးနေဝင်းမိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး ဘဏ်ချေးငွေတွေကို ပြန်မဆပ်တဲ့ကုမ္ပဏီ

တစ်ခုဖြစ်သလို နှစ်ပေါင်းများစွာ အာဏာကို အလွဲသုံးပြီး ပြည်သူ့ဘဏ္ဍာငွေတွေကို မိသားစုအပိုင်ခိုးယူနေတဲ့ မိသားစုအဖြစ်ပြည်သူတွေရဲ့

ရွံ့မုန်းခြင်းကို ခံနေရတဲ့ မိသားစုလည်းဖြစ်ပါတယ်။

စစ်တပ်ရဲ့ အရှိန်အဝါနဲ့ လုပ်ပိုင်ခွင့် တွေရရှိခံစားနိုင်ဖို့ နွေဦးတော်လှန်ရေးကိုလည်း စော်ကားမော်ကားပြောဆိုနေတဲ့ မိသားစု လည်းဖြစ်ပါ

တယ်။ #BurmaVJ




အခုလိုတွေ့ဆုံနှုတ်ဆက်တာနဲ့ ပတ်သက်ပြီး သပိတ်မှောက်တဲ့ အစီအစဉ် ဦးဆောင်သူ ကိုနန်းလင်းက “ အာဏာရှင် မိသားစုကိုယ်တိုင်ြေ

မပြင်ပေါ်ဆင်းပြီး ကားတွေမှာလူအပြည့်ပဲ၊ အေးဆေးပါဆိုတာကို ဝါဒ ဖြန့်နေရတယ်၊ အဲဒါက လူထုကို စိန်ခေါ်နေတာ၊ တော်လှန်ရေးအင်အားစုတွေကို စိန်ခေါ်နေတာ” လို့ပြောပါတယ်။




#BurmaVJ