ရေစကြိုမှ မော်တော် ၅ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ ကြားဖြတ်တိုက်၊ စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂၇
မကွေးတိုင်း ရေစကြိုမှ မအူကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ မော်တော် ၅ စီးကို မြင်းခြံ တော်လှန်ရေးအင်အားစုများက
ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရေစကြိုမှ မအူကျေးရွာသို့ ထွက်ခွာလာသော စခမော်တော်(၅)စီးကို မြင်းခြံအင်းအားစု တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော နှလုံးလှလူမိုက်
ကြီးများအဖွဲ့ ၊ MGN Ranger၊Burmese Guerrilla Force-BGF ၊ PDF Taloke ၊ MGN Tiger တို့နှင့် မြောင်မြို့နယ် ပြည့်သူ့
ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၊ မြင်းမူလျှက်စီးပြောက်ကျားအဖွဲ့ (မြင်းမူ) ညီနောင်မဟာမိတ်များ စည်းလုံးညီညွတ်စွာ
ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်စစ်တပ်ဖွဲ့ဝင် ၄ သေဆုံးပြီး ထိခိုက်မှုများလည်း ရှိနိုင်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က
သတင်းထုတ်ပြန်သည်။ Khit Thit
ေရစႀကိဳမွ ေမာ္ေတာ္ ၅ စီးျဖင့္ ထြက္ခြာလာေသာ စစ္ေကာင္စီစစ္ေၾကာင္းကို PDF ပူးေပါင္းအဖြဲ႕ ၾကားျဖတ္တိုက္၊ စစ္သား ၄ ဦးေသဆုံး
ရန္ကုန္၊ နိုဝင္ဘာ ၂၇
မေကြးတိုင္း ေရစႀကိဳမွ မအူေက်းရြာသို႔ ထြက္ခြာလာေသာ စစ္ေကာင္စီတပ္၏ ေမာ္ေတာ္ ၅ စီးကို ျမင္းၿခံ ေတာ္လွ
န္ေရးအင္အားစုမ်ားက ပူးေပါင္းတိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄ ဦးေသဆုံးေၾကာင္း PDF ပူးေပါင္းတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။
ေရစႀကိဳမွ မအူေက်းရြာသို႔ ထြက္ခြာလာေသာ စခေမာ္ေတာ္(၅)စီးကို ျမင္းၿခံအင္းအားစု ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား ျဖ
စ္ေသာ ႏွလုံးလွလူမိုက္ႀကီးမ်ားအဖြဲ႕ ၊ MGN Ranger၊Burmese Guerrilla Force-BGF ၊ PDF Taloke ၊ MGN Tiger တို႔ႏွင့္ ေျမာင္ၿမိဳ႕နယ္ ျပည့္သူ႔ကာကြယ္ေရးႏွင့္ လုံျခဳံေရးအဖြဲ႕ (CDSOM) ၊
ျမင္းမူလၽွက္စီးေျပာက္က်ားအဖြဲ႕ (ျမင္းမူ) ညီေနာင္မဟာမိတ္မ်ား စည္းလုံးညီညြတ္စြာ ပူးေပါင္း၍ ၾကားျဖတ္တိုက္ခိုက္ခဲ့ရာ ဖက္ဆစ္စစ္တပ္ဖြဲ႕ဝင္ ၄ ေသဆုံးၿပီး ထိခိုက္မႈမ်ားလည္း ရွိနိုင္ေၾကာင္း PDF ပူးေပါင္းတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။