ၾကားသိသမွ်

တိုက်ပွဲများ အကြားမှ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကရင်နီ(ကယား)ပြည်နယ်၏ တစ်နေရာတွင် ပြုလုပ်

တိုက်ပွဲများ အကြားမှ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကရင်နီ(ကယား)ပြည်နယ်၏ တစ်နေရာတွင် ပြုလုပ်

တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားနေသည့် ကရင်နီ (ကယား)ပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဖဲကြိုးဖြူ

လှုပ်ရှားမှုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းက ဖရူဆိုမြို့နယ် ၊ ဟိုယာကျေးရွာတွင် ပြုလုပ်ကြသည်။


ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ် ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအတွက်

အမျိုးသမီးဖောင်ဒေးရှင်း (WWF) နှင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ပူးပေါင်း၍ ဖဲကြိုးဖြူ လှုပ်ရှားမှု အား လုပ်ဆောင်ခဲ့ကြ

ခြင်းဖြစ်သည်။


အဆိုပါ လှုပ်ရှားမှုတွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) နေ့အတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)

ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအကြောင်းအား ပညာပေးပြောကြားခြင်း၊ အမေးအဖြေကဏ္ဍများပြုလုပ်ခြင်း၊ တိုက်ပွဲများအတွင်း အိုးအိမ်စွန့်

ခွာ၍ ရှောင်တိမ်းနေရသော စစ်ရှောင်အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်ခဲ အကြပ်တည်းအချို့အား ရင်ဖွင့်ပြောပြခြင်း၊ ပြဇတ်က

ပြခြင်းများကိုပါ ထည့်သွင်းပြုလုပ်ခဲ့သည်။


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဖဲကြိုးဖြူ လှုပ်ရှားမှုတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့်

စစ်ဘေးရှောင်များ ၊ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ များ ပါဝင် တက်ရောက်ခဲ့ကြသည်။

တိုက္ပြဲမ်ား အၾကားမွ ဖဲႀကိဳးျဖဴလႈပ္ရွားမႈကို ကရင္နီ(ကယား)ျပည္နယ္၏ တစ္ေနရာတြင္ ျပဳလုပ္

တိုက္ပြဲမ်ား ေန႔စဥ္နီးပါး ျဖစ္ပြားေနသည့္ ကရင္နီ (ကယား)ျပည္နယ္တြင္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရးဖဲႀကိဳးျ

ဖဴလႈပ္ရွားမႈကို ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ (၂၇) ရက္ေန႔ နံနက္ပိုင္းက ဖ႐ူဆိုၿမိဳ႕နယ္ ၊ ဟိုယာေက်းရြာတြင္ ျပဳလုပ္ၾကသည္။

ျပစ္ဒဏ္ကင္းလြတ္ခြင့္ အေလ့အထအျမစ္ျဖတ္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ အဆုံးသတ္ ေဆာင္ပုဒ္ျဖင့္ အမ်ိဳးသမီးမ်ားအ

တြက္ အမ်ိဳးသမီးေဖာင္ေဒးရွင္း (WWF) ႏွင့္ ကရင္နီအမ်ိဳးသမီးအစည္းအ႐ုံး (KNWO) တို႔ပူးေပါင္း၍ ဖဲႀကိဳးျဖဴ လႈပ္ရွားမႈ

အား လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။


အဆိုပါ လႈပ္ရွားမႈတြင္ နိုဝင္ဘာလ (၂၅) ရက္ေန႔မွ ဒီဇင္ဘာလ (၁၀) ေန႔အတြင္း အမ်ိဳးသမီးမ်ားအေပၚအၾကမ္းဖက္မႈပေပ်ာက္ေရး

(၁၆) ရက္တာ ဖဲႀကိဳးျဖဴ လႈပ္ရွားမႈအေၾကာင္းအား ပညာေပးေျပာၾကားျခင္း၊ အေမးအေျဖက႑မ်ားျပဳလုပ္ျခင္း၊ တိုက္ပြဲမ်ား

အတြင္း အိုးအိမ္စြန္႔ခြာ၍ ေရွာင္တိမ္းေနရေသာ စစ္ေရွာင္အမ်ိဳးသမီးမ်ား၏ ၾကဳံေတြ႕ေနရေသာ အခက္ခဲ အၾကပ္တည္းအခ်ိဳ႕အား ရ

င္ဖြင့္ေျပာျပျခင္း၊ ျပဇတ္ကျပျခင္းမ်ားကိုပါ ထည့္သြင္းျပဳလုပ္ခဲ့သည္။

အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ဖဲႀကိဳးျဖဴ လႈပ္ရွားမႈတြင္ တိုက္ပြဲေၾကာင့္ တိမ္းေရွာင္ေ

နၾကရသည့္ စစ္ေဘးေရွာင္မ်ား ၊ ေဒသခံမ်ားႏွင့္ ေတာ္လွန္ေရးတပ္ဖြဲ႕ မ်ား ပါဝင္ တက္ေရာက္ခဲ့ၾကသည္။