ၾကားသိသမွ်

ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းအား အငြိမ်းစားပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ခန့်

ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်းအား အငြိမ်းစားပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ခန့်

ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းအား လက်ရှိတာဝန်မှ အနားပေးပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟို

အလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ်ခန့်အပ် လိုက်ကြောင်း စစ်တပ်ပိုင် မီဒီယာများက ဖော်ပြသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုဌာနချုပ်တွင် ယမန်နေ့က ပြုလုပ်သည့် ညီလာခံတွင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း

အား အဖွဲ့ဥက္ကဋ္ဌအဖြစ် စစ်တပ်ပိုင် မီဒီယာများကဖော်ပြသည်။

နယ်စပ်ရေးရာဝန်ကြီးတာဝန်ယူခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ကိုလည်း အငြိမ်းစားတာဝန်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့တွင် ဒုတိယ

ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။


ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့သည် NLD အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်

ရေးရာဝန်ကြီးများ တာဝန်ပေးအပ်ခံရသူများဖြစ်ကြသည်။

ထိုဝန်ကြီးနေရာများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသူများကိုသာ ခန့်အပ်ရသည့် ဝန်ကြီးနေရာများ

ဖြစ်သည်။ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် နယ်စပ်ရေးရာဝန်ကြီး

နေရာအား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်နောင်တို့ကို အာဏာသိမ်းခေါင်ဆောင် မင်းအောင်လှိုင်က အစားထိုး တာဝန်ပေးခဲ့သည်။


အာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးများ တာဝန်မှ ဖယ်ရှားခံရသော ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို ငြိမ်းချမ်းရေးကော်မတီတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အတူ တာဝန်ပေးအပ်ခဲ့သည်။

ငြိမ်းချမ်းရေးကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် ၎င်းတို့နှစ်ဦးအား အငြိမ်းစားပေးပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့်

ဒုတိယဥက္ကဋ္ဌများအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းအဖွဲ့တွင် နာယက ဖြစ်သည်။

စစ်မှုထမ်းဟောင်းအဖွဲ့ကို တပ်မတော်၏ အရန်အင်အားအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိလက်နက်ကိုင်တိုက်ပွဲများတွင် ပူးပေါင်း

ပါဝင်နေသည်ဟု စစ်ခေါင်းဆောင် က ယမန်နေ့က ညီလာခံတွင် ပြောကြားသည်။

ပုံစာ ။ ။ ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စစ်မှုထမ်းဟောင်းအဖွဲ့ညီလာခံတွင်တွေ့ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း