စစ်ကိုင်းကို စစ်ကောင်စီ ဆက်ထိန်းထားနိုင်မလား?
စစ်အာဏာသိမ်းပြီးနောက် PDF အားအကောင်းဆုံးနေရာတွေကိုပြပါဆိုရင် စစ်ကိုင်းတိုင်း မကွေးတိုင်း ချင်းပြည်နယ်ကယားပြည်နယ်တွေ
ဖြစ်ပါတယ်ဒီနေရာမှာ ကယားက သီးခြားပြည်နယ်တစ်ခု ဖြစ်သွားပြီးသူနဲ့ဆက်စပ်နယ်မြေဖြစ်တဲ့ ရှမ်းမှာကျတော့ PDF လှုပ်ရှားမှုတွေ
အားသိပ်မကောင်းဘူး..
ချင်းပြည်နယ်ကျတော့ စစ်ကိုင်းတိုင်းနဲ့ ထိစပ်တယ် မကွေးနဲ့ နီးစပ်တယ် .. စစ်ကိုင်းကျပြန်တော့ မြောက်ဖက်မှာ ကချင်နဲ့နီးစပ်သွားတယ်
စစ်ဖက်အုပ်ချုပ်မှုကျတော့ ချင်းနဲ့စစ်ကိုင်း နှစ်ခုပေါင်းပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) နယ်မြေအဖြစ် သတ်မှတ်ထားခြင်း
လည်းဖြစ်တယ်
စစ်ကိုင်းတိုင်းဆိုတာကလည်း နဂိုရ်ကတည်းကကို အတော်ကိုကျယ်တဲ့ တိုင်းဖြစ်ပြီး အဲထဲမှာ ချင်းပြည်နယ်ပါထပ်ထည့်လိုက်တော့ စစ်
ကိုင်းနယ်မြေ ( နမခ ) နယ်မြေက ပိုကျယ်သွားပါတော့တယ်
နယ်မြေကျယ်သလောက် PDF တွေကလည်း အတော်ကြီးကိုအားကောင်း..CNF ကျောထောက်နောက်ခံ ချင်းကာကွယ်ရေးအဖွဲ့တွေ
ကလေးကာကွယ်ရေးအဖွဲ့ မုံရွာ မြင်းမူချောင်းဦး ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေသလို စစ်ကိုင်းမြောက်ဖက်မှာဆိုရင် KIA ရဲ့ ပံ့ပိုးမှုနဲ့ ခြေစွာ
နေတဲ့ ကောလင်း ဝန်းသို ထီးချိုင့် ပင်လည်ဘူး PDF တွေ ရှိနေတယ်
စစ်ကောင်စီဖက်ကြည့်ပြန်တော့ စစ်ကိုင်းတိုင်းအတွက်တပ်မ(၃၃) စကခ(၁၀) နမခ ဒကစ(ကလေး ) လောက်ပဲရှိပြီး အစပိုင်းမှာ ရှိတဲ့အား
နဲ့ ထိန်းကြည့်ပေမယ့် အချိန်ကြာလာနဲ့အမျှ ဝန်နဲ့အားမမျှလို့ထင်ပါတယ် ..
နမခ တိုင်းမှူးအပြင် ရဲချုပ် သန်းလှိုင်အပြင် ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်ကိုပါ စစ်ကိုင်းတိုင်းကိုကြီးကြပ်ခိုင်းထားတယ်
တိုက်ခိုက်ရေးတပ်တွေဖက်ကိုကြည့်ပြန်ရင်လည်း စစ်ကိုင်းတိုင်းမှာရှိတဲ့တပ်တွေနဲ့မလောက်လို့ ပလက်ဝနဲ့ ရခိုင်မှာရှိနေတဲ့ တပ်မ(၅၅)
လက်အောက်ခံ တပ်ရင်းတစ်ချို့ကိုချင်းဖက် ကလေး ဖက်ထိ ဆွဲချထားပြီး PDF တွေ ထိန်းချုပ်နိုင်ဖို့ကြိုးစားလာကြတယ်
စာရေးသူတစ်ယောက်တည်းရဲ့ လက်ရှိအခြေအနေတွေကိုစစ်ရေးပိုင်းနဲ့ ခန့်မှန်းကြည့်တာ စစ်ကောင်စီဖက်က စစ်ကိုင်းကို ထိန်းဖို့ ဒီထက်
အကဲပိုပြီးပြောရရင် စစ်ကိုင်းထဲက PDFတွေအနိုင်ကြဲဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်တော့ဘူးဘာကြောင့်လဲဆိုရင်
– ချင်းနဲ့ ချင်းအစပ် နယ်မြေတွေထဲက PDF တွေဟာ CNFဆီမှာသင်တန်းတက်ပြီးသားတွေဖြစ်ပြီး လက်နက်တွေ က တူမီး အစား မောင်း
ပြန်တွေ ဖြစ်သွားပြီ
– တိုက်ပွဲအတွေ့အကြုံတွေ တစ်ဖြည်းဖြည်းနဲ့ ရလာပြီ
– ကောလင်း ဝန်းသို ပင်လည်ဘူး ထီးချိုင့် ကသာ ဖက်မှာ ဆိုရင် PDF တွေဟာ KIA နဲ့အတူ လက်တွဲနေတာမို့ နယ် မြေတော်တော်များ
များကို အုပ်စီးမိနေပြီး ကောလင်းနဲ့ဝန်းသိုက နယ်မြေခံတပ်တွေ လေချွန်တာတောင် တပ် ပြင်ထွက်ပြီး မချွန်ဝံ့လောက်အောင်ကို ဖြစ်နေ
ကြပြီ
– မုံရွာ ကနေ စစ်ကိုင်းအထိ ကုန်းလမ်း ရေလမ်းမှာ မကြာ ခဏ မိုင်းခွဲ ပစ်ခတ်ပြီး PDF ဖက်က ၇၀ ရခိုင်နှုန်း လောက်ထိန်းချုပ်သွားနိုင်ပြီ
ဒီလိုအခြေအနေတွေမှာ စစ်ကောင်စီဖက်က (၃) လနဲ့အပြတ်ဖြတ်ဖို့ဆိုရင် လက်ရှိရှိနေတဲ့ စစ်အင်အားနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး ..
တစ်ခြားတပ်မတွေ ထပ်ထည့်နိုင်ရင်လည်းထည့် ( တစ်ခြားတပ်မတွေ ထပ်ထည့်ဖို့ မရှိတော့ပါ )ထပ်မထည့်ပဲ ရှိရင်းတပ်တွေနဲ့ ရအောင်
လုပ်မယ်ဆိုရင်တော့လုံးပါးပါးပြီး သန်းလှိုင် နဲ့ တေဇကျော်တို့ပါ အရှင်ဖမ်းခံသွားရနိုင်တယ်စစ်ကိုင်းကို စစ်ကောင်စီ ဆက်ထိန်းထားဖို့ဆို
တာဘယ်လိုမှမဖြစ်နိုင်တော့ဘူး
လွင်ကိုကိုထက်