ၾကားသိသမွ်

“မြန်မာပဋိပက္ခ ပိုပြင်းထန်လာနိုင်ခြေ အမေရိကန်အပါ ၇ နိုင်ငံ စိုးရိမ်နေ”

“မြန်မာပဋိပက္ခ ပိုပြင်းထန်လာနိုင်ခြေ အမေရိကန်အပါ ၇ နိုင်ငံ စိုးရိမ်နေ”

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေ

ထပ်ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်တယ်လို့ အမေရိကန်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ပြောကြပါတယ်။

သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထား

တာပါ။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့

နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းအဆုံးသတ်ဖို့ ဒီ ၇ နိုင်ငံက

တိုက်တွန်းထားသလို ပြည်ပနိုင်ငံတွေအနေနဲ့ မြန်မာစစ်ဘက်အတွက် စစ်ဆင်ရေးဆိုင်ရာ

အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောကြပါတယ်။

ချင်းပြည်နယ်နဲ့ တခြားဒေသတချို့မှာ လက်နက်ပိုင်ပဋိပက္ခတွေ၊ ဖမ်းဆီးတာတွေ၊

စစ်ကြောရေးမှာ သေဆုံးတာတွေ ပိုတိုးလာနေချိန်မှာပဲ အာရှ၊ ပစိဖိတ်၊

ဥရောပနဲ့ အမေရိကဒေသ နိုင်ငံ ၇ နိုင်ငံရဲ့ အခုလို တိုက်တွန်းတောင်းဆိုချက် ထွက်လာတာဖြစ်ပါတယ်။

“ျမန္မာပဋိပကၡ ပိုျပင္းထန္လာနိုင္ေၿခ အေမရိကန္အပါ ၇ နိုင္ငံ စိုးရိမ္ေန”

ျမန္မာနိုင္ငံမွာ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ရက္စက္တဲ့ သတ္ျဖတ္မႈေတြ

ထပ္ျဖစ္လာနိုင္ေျခအေပၚ စိုးရိမ္တယ္လို႔ အေမရိကန္အပါအဝင္ နိုင္ငံ ၇ နိုင္ငံက ေျပာၾကပါတယ္။

ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝး၊ ေတာင္ကိုရီးယား၊ ၿဗိတိန္နဲ႔ အေမရိကန္တို႔ရဲ့ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ အဲဒီလိုေဖာ္ျ

ပထားတာပါ။စစ္ေကာင္စီထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ လုံျခဳံေရးတပ္ဖြဲ႕ေတြအေနနဲ႔

နိုင္ငံတဝန္း အၾကမ္းဖက္လုပ္ရပ္ေတြကို ခ်က္ခ်င္းအဆုံးသတ္ဖို႔ ဒီ ၇ နိုင္ငံက

တိုက္တြန္းထားသလို ျပည္ပနိုင္ငံေတြအေနနဲ႔ ျမန္မာစစ္ဘက္အတြက္ စစ္ဆင္ေရးဆိုင္ရာ

အေထာက္အပံ့ေတြ အားလုံးကို ဆိုင္းငံ့ထားသင့္တယ္လို႔ ေျပာၾကပါတယ္။

ခ်င္းျပည္နယ္နဲ႔ တျခားေဒသတခ်ိဳ႕မွာ လက္နက္ပိုင္ပဋိပကၡေတြ၊ ဖမ္းဆီးတာေတြ၊

စစ္ေၾကာေရးမွာ ေသဆုံးတာေတြ ပိုတိုးလာေနခ်ိန္မွာပဲ အာရွ၊ ပစိဖိတ္၊

ဥေရာပနဲ႔ အေမရိကေဒသ နိုင္ငံ ၇ နိုင္ငံရဲ့ အခုလို တိုက္တြန္းေတာင္းဆိုခ်က္ ထြက္လာတာျဖစ္ပါတယ္။