ၾကားသိသမွ်

DKBA အခြေချစစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောဆန်းအောင်ကို တာဝန်ပေးအပ်

DKBA အခြေချစစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောဆန်းအောင်ကို တာဝန်ပေးအပ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ အခြေချစစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောဆန်းအောင်ကို တာဝန်ပေး ခန့်အပ်လိုက်

တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်ရဲ့ မိတ်ဆွေတစ်ဦးက Delta News Agency ကို အတည်ပြုသလို ကရင်အမျိုးသားမီဒီယာရဲ့ ဖော်ပြ

ချက်အရ သိရပါတယ်။


နိုဝင်ဘာလက ၂၄ရက်နေ့ကနေ ၂၅ရက်နေ့အထိ ဆုံစည်းမြိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၅ကြိမ်မြောက် DKBA တပ်မှူးတွေအစည်းအဝေးမှာ

တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ စောဆန်းအောင်ကို အခြေချစစ်ဗျူဟာမှူးအဖြစ် ခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး စောဆန်းအောင်ဟာ ဒီကနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ကစတင်ပြီး အခြေချစစ်ဗျူဟာမှူး တာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်

ပြီး ဖွဲ့စည်းပုံအရ ဗိုလ်မှူးကြီးအဆင့်ဖြစ်တယ်လို့ ကရင်အမျိုးသားမီဒီယာက ဖော်ပြထားပါတယ်။


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBAမှာ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး စောစတီးက တာဝန်ယူထားပြီး လစ်လပ်နေတဲ့ ဒုတိယ

စစ်ဦးစီးချုပ်တာဝန်ကိုတော့ ဗိုလ်မှူးချုပ် စောတာခူးကို အစည်းအဝေးဆုံးဖြတ်ချက်အရ ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

Delta News Agency က ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Source- ကရင်အမျိုးသားမီဒီယာ
ဓာတ်ပုံ – လူမှုမီဒီယာ

DKBA အေျခခ်စစ္ဗ်ဴဟာမႉးအျဖစ္ ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ကို တာဝန္ေပးအပ္

ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBA ရဲ့ အေျခခ်စစ္ဗ်ဴဟာမႉးအျဖစ္ ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ကို တာဝန္ေပး ခန႔္အပ္လိုက္တယ္လို႔

ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ရဲ့ မိတ္ေဆြတစ္ဦးက Delta News Agency ကို အတည္ျပဳသလို ကရင္အမ်ိဳးသားမီဒီယာရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

နိုဝင္ဘာလက ၂၄ရက္ေန႔ကေန ၂၅ရက္ေန႔အထိ ဆုံစည္းၿမိဳင္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ၁၅ႀကိမ္ေျမာက္ DKBA တပ္မႉးေတြအစ

ည္းအေဝးမွာတပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္တဲ့ ေစာဆန္းေအာင္ကို အေျခခ်စစ္ဗ်ဴဟာမႉးအျဖစ္ ခန႔္အပ္လိုက္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ဟာ ဒီကေန႔ နိုဝင္ဘာလ ၂၆ရက္ေန႔ကစတင္ၿပီး အေျခခ်စစ္ဗ်ဴဟာမႉး တာဝန္ကို စတင္ထမ္းေဆာင္မွာျဖ

စ္ၿပီး ဖြဲ႕စည္းပုံအရ ဗိုလ္မႉးႀကီးအဆင့္ျဖစ္တယ္လို႔ ကရင္အမ်ိဳးသားမီဒီယာက ေဖာ္ျပထားပါတယ္။

ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္ DKBAမွာ စစ္ဦးစီးခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္ႀကီး ေစာစတီးက တာဝန္ယူထားၿပီး လစ္လပ္ေနတဲ့ ဒုတိယစစ္ဦး

စီးခ်ဳပ္တာဝန္ကိုေတာ့ ဗိုလ္မႉးခ်ဳပ္ ေစာတာခူးကို အစည္းအေဝးဆုံးျဖတ္ခ်က္အရ ခန႔္အပ္တာဝန္ေပးခဲ့တယ္လို႔ သိရပါတယ္။

Delta News Agency က ဗိုလ္မႉးႀကီး ေစာဆန္းေအာင္ကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းစက္ပိတ္ထားတဲ့အတြက္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

Source- ကရင္အမ်ိဳးသားမီဒီယာ
ဓာတ္ပုံ – လူမႈမီဒီယာ