ဖုန်းနံပါတ်ကနေ့တဆင့် ငွေလှူဒါန်းတဲ့ အကောင့်ပိုင်ရှင်များကို ဗဟိုဘဏ်စုံစမ်းနေ
အာဏာသိမ်းစစ်ကောင်စီရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က
ဖုန်းနံပါတ်ကနေတဆင့် ငွေကြေးလှူဒါန်းနေတဲ့ ဘဏ်အကောင့်နဲ့
မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့် ပိုင်ရှင်တွေကို စုံးစမ်းပေးဖို့ ညွှန်ကြားတဲ့စာတစ်စောင်ဟာ
နိုဝင်ဘာ ၂၄ရက်နေ့စွဲနဲ့ လူမှုကွန်ရက်မှာ ပျံနှံလာပါတယ်။
ဗဟိုဘဏ်ကထုတ်ပြန်တဲ့အဆိုပါ လျှို့ဝှက်ညွှန်ကြားစာမှာ ဖုန်းနံပါတ် ၅၆လုံးကို
ဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ထားခြင်းရှိမရှိနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ
အကောင့်ဖွင့်လှစ်ထားခြင်းရှိ မရှိ စစ်ဆေးပေးဖို့ ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုညွှန်ကြားထားပါတယ်။
စိစစ်တွေ့ရှိပါက ငွေကြေးလွှဲပြောင်းမှုမလုပ်နိုင်အောင် ယာယီတာမြစ်ပိတ်ပင်ခိုင်းထားပြီး
အကောင့်ပိုင်ရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ်ငွေစာရင်းရှင်းတမ်းတွေကို ၃ရက်အတွင်း
အမြန်စိစစ်ပြန်ကြားပေးရမယ်လို့ညွှန်ကြားထားပါတယ်။
န်ကြားထားပါတယ်။