ၾကားသိသမွ်

အမျိုးသားညီညွှတ်ရေးအစိုးရ၏ငွေတိုက်စာချုပ်ဝယ်ယူခြင်းဟာ တရားဝင်မှုမရှိသလို တရားဥပဒေနဲ့ညိစွန်းတယ်လို့ဇော်မင်းထွန်းဆို

အမျိုးသားညီညွှတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်ဝယ်ယူခြင်းဟာ တရားဝင်မှုမရှိသလို တရားဥပဒေနဲ့ညိစွန်းတယ်လို့ဆို

ဒီကနေ့ နေပြည်တော်မှာကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဆီကနေ ငွေတိုက်

စာချုပ်ဝယ်ယူနေခြင်းဟာ တရားဝင်မှုမရှိသလို တရားဥပဒေနဲ့လည်း ညိစွန်းတယ်လို့ စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့

ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။


“လက်ရှိ တရားမဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ကနေ ငွေတိုက်စာချုပ်တွေ ဝယ်ယူနေခြင်းဟာ တရားမဝင်အဖွဲ့အစည်းကို အားပေးကူညီရာ

ရောက်ပါတယ်။ ကျွန်တော်သိသလောက်တော့ နိုင်ငံတွင်းဝယ်ယူသူတွေရှားပါးပါတယ်။ သူတို့ဘာသာပြည်ပကထောက်ပံ့တာတွေကို

ငွေမည်းက ငွေဖြူလုပ်နေတာလို့ယူစရပါတယ်” ဟု ၎င်းကဆိုပါသည်။

လက်ရှိအချိန်တွင် ပြည်သူအများထောက်ခံအားပေးမှုအပြည့်အဝရထားသော အမျိုးသားညီညွှတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်တွေဟာ

ရောင်းအားအလွန်မြင့်တက်နေပြီး စံချိန်တင်ရောင်းချရရှိမှုများလည်းရှိနေပါသည်။

အဆိုပါ NUG အစိုးရ၏ ငွေတိုက်စာချုပ်ဝယ်ယူသူတွေဟာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ၏ ပြဋ္ဌာန်းချက်များနှင့်

အရေးယူနိုင်ပြီး ပြစ်မှုကျူးလွန်သူတွေကို အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိဖြစ်စေ သေဒဏ်ဖြစ်စေ ငွေဒဏ်

လည်း ကျခံနိုင်တယ်လို့ ဆိုပါသည်။

“တစ်ချို့က သိလျက်နဲ့လုပ်နေတာတွေရှိတယ် တစ်ချို့က လောဘီအနေနဲ့ လုပ်နေတာတွေလည်းရှိပါတယ်။ KPay ကတစ်ဆင့် ငွေသွားနေ

တာတွေ Kpay ကတစ်ဆင့်ဆောင်ရွက်နေတာတွေဟာ ဥပဒေနဲ့ညိစွန်းတယ်ဆိုတာ အသိပေးလိုက်ပါတယ်” လို့ဆက်လက်ပြောကြားခဲ့

ပါသည်။စစ်ကောင်စီဟာ အမျိုးသားညီညွှတ်ရေးအစိုးရ၏ လုပ်ဆောင်မှုတိုင်းကို လိုက်လံတိုက်ခိုက်နေသော်လည်း ယနေ့ထိ အနိုင်ရ

တားဆီးပိတ်ပင်နိုင်တာမျိုးကိုတော့ မတွေ့ရှိရသေးပါဘူး။ လက်တလောလူမှုကွန်ယက်သတင်းများမှာတော့ စစ်ကောင်စီကတားဆီးပိတ်

ပင်ထားသော်လည်း NUG ၏ ငွေတိုက်စာချုပ်ဟာ စံချိန်တင်ဝယ်ယူနေလျက်ရှိပါသည်။