ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်းတွင် မိုင်ပေါက်ကွဲမှုဖြစ်ပွား၊ ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအဝင်ပေါက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့
သောကြောင့် ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၆ရက် ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် ကျောင်းသားမိဘများပါလာသည့်
ကျောင်းပိုင်ကားတစ်စီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မှော်စီစာ ဒေသခံတစ်ဦးက KNG သတင်း
ဌာနကို ပြောဆိုခဲ့သည်။
“ပေါက်ကွဲမှုဖြစ်သွားတာက မနက်ပိုင်းကျောင်းစတက်ချိန်မှာ ဖြစ်သွားတယ်။ ကျောင်းပိုင် လိုက်ထရိုက်ကားက အဝင်ပေါက်မှာ ရောက်တာ
နဲ့ ကားရဲ့ရှေ့ဘီးက မိုင်းနင်မိပြီး ပေါက်ကွဲသွားတယ်။ အဲ့တော့ ကားပေါ်မှာ ပါလာတဲ့ သူတွေက ထိခိုက်မှုရှိသွားတယ်”ဟုပြောဆိုသည်။
ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲမှုတွင် ကားပေါ်တွင်ပါလာသည့် ဆရာတစ်ဦး၊ ဆရာမ ၂ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၄ဦးတို့မှာ
ထိခိုက်ဒဏ်ရာ အနည်ငယ်သာ ရရှိခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှာ ခြေထောက်တစ်ဖက်ပေါ်တွင် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိ
ထားသည်ဟု သူကဆက်ဆိုထားသည်။
ထို့ပြင် ထိုပေါက်ကွဲမှုဖြစ်စဥ်အတွင်း ကျောင်အပြင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိထား
ကြောင်း ဆက်သိရသည်။
ယနေ့နံနက် ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ လာရောက် လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်းဆက်သိ
ရသည်။မှော်စီစာအထက်တန်းကျောင်း(ခွဲ)သည် နိုဝင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖွင့်ခဲ့သည့် ထိုကျောင်းတွင်
ကျောင်းသား ၁၀၀ ကျော်ခန့်က ကျောင်းတက်နေကြောင်း နီးစပ်ရာ ဒေသခံများပြောဆိုချက်မှသိရသည်။
လက်ရှိ ဖားကန့်မြို့နယ်တွင် ရှိသော အထက်တန်း ကျောင်းနှင့် အလယ်တန်း ၈ခုခန့်ကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး အဆိုပါ ကျောင်း
(၈) ကျောင်းတွင် ခန့်မှန်းခြေ ကျောင်းသားဦးရေ ၇၀၀နှင့် ၈၀၀ ကြားတွင် တက်ရောက်နေကြကြောင်း သိရသည်။ Source;KNG