ၾကားသိသမွ်

တနင်္သာရီတိုင်းတွင် လေအားလျှပ်စစ် ထုတ်လုပ်ရန် ဝန်ကြီးချုပ် စီစဉ်၊ အစည်းအဝေး ပြုလုပ်(မြန်မာပြည်မှာ လျှပ်စစ်ကို ရေနဲ့ မလောက်သဖြင့် လေနဲ့ ထုတ်တော့မည်…)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဖောင်းတောချောင်းတွင် တည်ရှိသည့် ရေအားလျှပ်စစ်အဆင့်မြှင့် တင်ခြင်းနှင့် လေအားလျှပ်စစ်

ထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း MOU လက်မှတ်

ရေးထိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စကစ၏ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ခဲ့ပြီး၊ ယင်း စီမံကိန်းများကို တနင်္သာရီတိုင်း

ဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား MOU လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။


အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့မှ (၂၁) မိုင်ခန့်အကွာတွင်ရှိ သော ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ

အား အဆင့်မြင့်ပြီး ထား ဝယ်ခရိုင်အတွင်းရှိ ဆက်စပ် သောမြို့နယ်များအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားအလုံအလောက်ရရှိရေး၊

လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းချိုသာစွာရရှိရေး

ဖြစ်နိုင်ချေ ရှိ မရှိ လက်မှတ်ရေးထိုးသောအခမ်းအနားဖြစ်ကြောင်း၊ ဖောင်းတော ရေအား လျှပ်စစ်စီမံကိန်းကို ၂၀၁၀-၂၀၁၅ ခုနှစ်

ကတည်းက လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အကြောင်း အမျိုးမျိုးကြောင့် နှောင်းနှေးကြန့်ကြာခဲ့ရကြောင်း၊ ဖောင်းတောရေအား

လျှပ်စစ်ကို ၁၉၃၉ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး


အသုံးပြုထားသောပစ္စည်းများ စွမ်းအားကျဆင်းလာပြီဖြစ်သဖြင့် နည်းပညာများပိုမိုအဆင့်မြင့်သည့် စက်များဖြင့် အစားထိုးတပ်ဆင်နိုင်ရေး

အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောပါသည်။လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လုပ်ဆောင်မည်ဆိုပါက ဒီဇင်ဘာလ

တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊

လျှပ်စစ်ဓာတ်အားကို ရေအားဖြင့် လည်ပတ်ရသော ကြောင့် ရာသီဥတုအပေါ် မူတည်ပြီး မိုးရေချိန်အနည်းအများအပေါ် မူတည်

သည့်အတွက် နွေရာသီတွင်ကြိုတင်ပြင်ဆင်ထား ရန်လိုအပ်ကြောင်း၊ လျှပ်စစ် ဓာတ်အား ဖြစ်မြောက်အောင်မြင်ရေးအတွက်ဝိုင်းဝန်း ကူညီ

ဆောင်ရွက်ပေး ရန်လိုအပ်ပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့်လည်း

အားတက်သရောဖြင့် သတ်မှတ်သည့်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြော

ကြားခဲ့သည်။