ၾကားသိသမွ်

သထုံမှာနေရာ ၅ ခု ဗုံး(၅)ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့

ဒီကနေ့မနက် သထုံမှာ ဗုံး(၅)ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့

သထုံ၊ နိုဝင်ဘာ ၂၆

ဒီကနေ့ မနက်အစောပိုင်းမှာ သထုံမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့မှာ ဗုံးပေါက်ကွဲမှု (၅)ကြိမ်မနည်း ဖြစ်ခဲ့တယ်လို့ ဒေသခံ

တွေက  ပြောပါတယ်။

ယနေ့မနက်ပိုင်း ၅ နာရီကျော်ခန့်မှ စတင်ပြီးတော့ သထုံမြို့ပေါ်ရှိ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီး၊ ကမ္ဘာရတနာဘဏ်အနီး၊ လိပ်

အင်းရပ်ကွက်ရုံးအနီး၊ ပေါ်တော်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၊ ကညနရုံးအဆင်းလမ်းအနီးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့

ဒေသခံတွေက ဆိုပါတယ်။


“မနက်အစောကြီး ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ်။ ပြန်အိပ်မလို့ လုပ်တုန်း ဆက်တိုက်ပေါက်ကွဲမှုတွေကြားရတယ်။ ၅ ခါ

လောက်တော့ရှိမယ်။ နောက်သိရတာတော့နေရာ ၅ ခုမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ

ဖြစ်ခဲ့တယ်လို့ ဒေသခံ အချို့က ၎င်းတို့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြပါတယ်။

မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့ကလည်း သထုံမြို့ပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အိမ်

ထဲမှာသာ နေထိုင်ပေးကြဖို့နဲ့အပြင်မှာ ရောက်နေတဲ့ မိသားစုဝင်တွေကိုလည်း အိမ်ကို ပြန်ခေါ်ပေးကြဖို့၊ ပေါက်ကွဲသံကြားပါက အသံဖြစ်

ပေါ်တဲ့နေရာကို ထွက်ကြည့်တာတွေကို ရှောင်ပေးဖို့ ထုတ်ပြန်ထားပါတယ်။ သတင်း – သံလွင်တိုင်းမ်

ဒီကေန႔မနက္ သထုံမွာ ဗုံး(၅)ႀကိမ္ထက္မနည္း ေပါက္ကြဲခဲ့
သထုံ၊ နိုဝင္ဘာ ၂၆

ဒီကေန႔ မနက္အေစာပိုင္းမွာ သထုံၿမိဳ႕နယ္က ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႔ ေက်းရြာအခ်ိဳ႕မွာ ဗုံးေပါက္ကြဲမႈ (၅)ႀကိမ္မနည္း ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ယေန႔မနက္ပိုင္း ၅ နာရီေက်ာ္ခန႔္မွ စတင္ၿပီးေတာ့ သထုံၿမိဳ႕ေပၚရွိ နန္းခဲရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ႐ုံးအနီး၊ ကမၻာရတနာဘဏ္အနီး၊

လိပ္အင္းရပ္ကြက္႐ုံးအနီး၊ ေပၚေတာ္မူေက်းရြာအုပ္ခ်ဳပ္ေရးမႉး႐ုံးအနီး၊ ကညန႐ုံးအဆင္းလမ္းအနီးတို႔မွာ ေပါက္ကြဲမႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

“မနက္အေစာႀကီး ေပါက္ကြဲသံအက်ယ္ႀကီးၾကားလိုက္တယ္။ ျပန္အိပ္မလို႔ လုပ္တုန္း ဆက္တိုက္ေပါက္ကြဲမႈေတြၾကားရတယ္။ ၅ ခါေလာက္ေတာ့ရွိမယ္။

ေနာက္သိရတာေတာ့ေနရာ ၅ ခုမွာ ေပါက္ကြဲမႈျဖစ္တယ္လို႔ သိရတယ္”လို႔ ေဒသခံတစ္ဦးက ကိုေျပာပါတယ္။
အဆိုပါ ေပါက္ကြဲမႈေတြေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြေတာ့ မရွိခဲ့ပါဘူး။

ဗုံးေပါက္ကြဲမႈျဖစ္ၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက လိုက္လံရွာေဖြ စစ္ေဆးမႈေတြ လုပ္ေနတာေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ခဲ့တယ္လို႔ ေဒသခံ အခ်ိဳ႕က ၎တို႔လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ၾကပါတယ္။

မြန္-သထုံ အထူးကာကြယ္ေရးအဖြဲ႕ကလည္း သထုံၿမိဳ႕ေပၚမွာ ေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္လာနိုင္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ အိမ္ထဲမွာသာ ေနထိုင္ေပးၾကဖို႔နဲ

႔အျပင္မွာ ေရာက္ေနတဲ့ မိသားစုဝင္ေတြကိုလည္း အိမ္ကို ျပန္ေခၚေပးၾကဖို႔၊ ေပါက္ကြဲသံၾကားပါက အသံျဖစ္ေပၚတဲ့ေနရာကို ထြက္ၾကည့္တာေတြကို ေရွာင္ေပးဖို႔ ထုတ္ျပန္ထားပါတယ္။
သတင္း – သံလြင္တိုင္းမ္