ၾကားသိသမွ်

ဟားခါးကိုဗဟိုပြုတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်

ဟားခါးကိုဗဟိုပြုတဲ့ အင်အားပြင်းငလျင်

ဟားခါးမြို့မှာ ဒီနေ နံနက် အစောပိုင်း ၆ နာရီ ၄၅ မိနစ်က ရစ်ချ်တာစကေး ၆ဒဿမ ၁အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်သွားခဲ့ပါတယ်။

ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောကြပြီး အသေးစိတ်ကို မသိရသေးပါဘူး။ အာဏာလုစစ်ကောင်စီလက်အောက်က ဌာန

ဆိုင်ရာဝန်ထမ်းတွေကလည်း ယခင် ဒီချုပ်အစိုးရလက်ထက်ကလို သတင်းမီဒီယာကို ဖြေကြားခြင်းမရှိလို့ မြေပြင်ပျက်စီးမှုအခြေအနေကို

မသိရသေးတာပါ။


မြေငလျင်ဟာ ဟားခါးမြို့ရဲ့ နောက်- အနောက်မြောက် ဆယ်မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ အမေရိကန်အ​ခြေစိုက်ပြီး

ကမ္ဘာတစ်ဝန်းက​မြေငလျှင်​တွေကိုတိုင်းတာထုတ်ပြန်​ပေး​နေတဲ့USGSကသတင်းထုတ်ပြန်ထားပါတယ်။ ​မြေငလျှင်ဗဟိုချက်ဟာ​မြေ​

အောက်မိုင် ၂၀​ဒသမ ၁ မိုင်(၃၂.၈ ကီလိုမီတာ)ကိုဗဟိုပြုလှုပ်ခတ်သွားတာ​ဖြစ်ပါတယ် ။


မြေငလျင်လှုပ်ရှားမှုကို ဟားခါးအပြင် ချင်း၊ကချင်၊ စစ်ကိုင်း၊မကွေးနဲ့ ရခိုင်ဒေသမှာလည်း ခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါ

တယ်။ အင်းအားပြင်းငလျှင်​တွေလှုပ်ခတ်ပြီးရင်​နောက်ဆက်တွဲ​မြေငလျှင်​တွေလည်း လှုပ်တက်တာ​ကြောင့် ​​​နောက်ဆက်တွဲ​မြေငလျှင်​တွေ

ကိုလည်းသတိ့ထားဖို့လိုတယ်လို့ ​မြေငလျှင်ပညာရှင်​တွေက အမြဲသတိ့​ပေးပါတယ်။

အာဏာသိမ်းစစ်​ကောင်စီက အကြမ်းဖက်ပြီး စစ်​ကြောင်း​တွေထိုး​နေတာ​ကြောင့်ချင်းပြည်နယ်ရှိ​ဒေသအများစုမှာတိုက်ပွဲ​တွေဖြစ်ပွား​နေသ

ပါတယ်။​ဒေသခံပြည်သူ​တွေကလည်းအကြမ်းဖက်စစ်တပ်ရဲ့ရန်ကို စိုးရိမ်တာ​ကြောင့်ပြည်သူ​သောင်းချီ​နေရပ်ကို စွန့်ခွာထွက်​ပြေးတိမ်း​

ရှောင်​နေရပါတယ်။ ဟားခါးမြို့အနီးတစ်ဝိုက်မှာလည်း စစ်​ကောင်စီတပ်နဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်​တွေမကြာခဏတိုက်ပွဲ​တွေဖြစ်​

နေတာဖြစ်ပါတယ်။