မြန်မာပလာဇာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းထိုးကြိတ်ဖမ်း၊ လူငယ်
၂ ဦး ထွက်ပြေးလွတ်မြောက်လာ၊ မြန်မာပလာဇာကို Social Punishment လုပ်ရန် တောင်းဆို
ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြကြသည့် လူငယ် ၂
ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများ ၀ိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့သော်လည်း လူငယ် ၂ ဦး ထွက်ပြေး ပြန်လည် လွတ်မြောက်လာကြောင်း
သိရှိရသည်။
ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု မြန်မာပလာဇာအတွင်းတွင် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲအပြီးတွင်
လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ထိုးကြိတ် ဖမ်းဆီးခဲ့ကြကြောင်း၊ သို့ရာတွင် လူငယ် ၂ ဦးက ရုန်းကန် ထွက်ပြေး
လွတ်မြောက်လာကြကြောင်း သိရှိရသည်။
“လူငယ် ၂ ဦးကို ဖမ်းသွားပေမယ့်။ အတင်းရုန်းကန်ပြီး ပြန်လွတ်လာပါတယ်။ လူငယ် ၁ ဦးက အခု ဆေးခန်း ပြနေရတယ်။ ပလာဇာ
လုံခြုံရေးဝန်ထမ်းက ဖြတ်ကန်ပြီး ဖမ်းတာကြောင့်” ဟု ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောသည်။
ရန်ကုန်တော်လှန်ရေး လူငယ်တချို့က မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းများ သည် စစ်ကောင်စီအလိုကျ ဆန္ဒပြ လူငယ်များကို ရန်ရှာလာ
ခြင်းအပေါ် ရှုတ်ချပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာကို Social Punishment လုပ်ကြရန် တောင်းဆိုသည်။
မြန်မာပလာဇာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ် ၂ ဦြးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ၀ိုင်းဝန်းထိုးကြိတ်ဖမ်း၊ လူင
ယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများ ၀ိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့သော်လည်း လူငယ် ၂ ဦး ထွက်ပြေး ပြန်လည် လွတ်ြေ
မာက်လာကြောင်း သိရှိရသည်။