မိုးကုတ် စူပါကော်ဖီမစ်ရုံး ဓားပြတိုက်ခံရပြီး မန်နေဂျာပါအသတ်ခံရ
မန္တလေးတိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက် ခါတော်မှီကျောင်းအနီးမှာ ဖွင့်လှစ်ထားတဲ့ စူပါကော်မစ်ရုံးခွဲမှာ ဓားပြတိုက်ခံရပြီး မန်နေဂျာ
ဖြစ်သူပါ သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက်ပိုင်းမှာ အမည်မသိသေနတ်သမားအချို့က စူပါကော်ဖီမစ်ရုံးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ရုံးရှိ
မန်နေဂျာကို ပစ်သတ်ကာ ငွေတွေကို လုယက်သွားတာဖြစ်တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။
“မန်နေဂျာက သေနတ်နဲ့ ငါးချက်အပစ်ခံရတယ်လို့ ကြားတယ်၊ ဓားပြဝင်တိုက်ပြီးတော့ ပစ်သတ်သွားတာ၊ အသေးစိတ်တော့ မသိရသေး
ဘူး၊ အဲ့နားမှာက စစ်တပ်က အမြဲကင်းစောင့်နေပြီး ကင်းလှည့်နေတာကို ဘယ်လိုလုပ်သွားလဲမသိဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ ပက်သက်ပြီးတော့ သီးခြားစုံစမ်းနေဆဲပဲဖြစ်ပါတယ်။
မိုးကုတ္ စူပါေကာ္ဖီမစ္႐ုံး ဓားျပတိုက္ခံရၿပီး မန္ေနဂ်ာပါအသတ္ခံရ
မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕ မင္းတံတားရပ္ကြက္ ခါေတာ္မွီေက်ာင္းအနီးမွာ ဖြင့္လွစ္ထားတဲ့ စူပါေကာ္မစ္႐ုံးခြဲမွာ ဓားျပတိုက္ခံရၿပီး
မန္ေနဂ်ာျဖစ္သူပါ ေသဆုံးသြားတယ္လို႔ ေဒသတြင္း သတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။
ဒီကေန႔ နိုဝင္ဘာလ ၂၅ရက္ေန႔ မနက္ပိုင္းမွာ အမည္မသိေသနတ္သမားအခ်ိဳ႕က စူပါေကာ္ဖီမစ္႐ုံးကို ေဖာက္ထြင္းဝင္ေရာက္ခဲ့ၿပီး ႐ုံးရွိမ
န္ေနဂ်ာကို ပစ္သတ္ကာ ေငြေတြကို လုယက္သြားတာျဖစ္တယ္လို႔ ကနဦး သတင္းေတြအရ သိရပါတယ္။
“မန္ေနဂ်ာက ေသနတ္နဲ႔ ငါးခ်က္အပစ္ခံရတယ္လို႔ ၾကားတယ္၊ ဓားျပဝင္တိုက္ၿပီးေတာ့ ပစ္သတ္သြားတာ၊ အေသးစိတ္ေတာ့ မသိရေသးဘူး၊
အဲ့နားမွာက စစ္တပ္က အျမဲကင္းေစာင့္ေနၿပီး ကင္းလွည့္ေနတာကို ဘယ္လိုလုပ္သြားလဲမသိဘူး”လို႔ ေဒသခံတစ္ဦးကေျပာပါတ
ယ္။ျဖစ္စဥ္အေသးစိတ္နဲ႔ ပက္သက္ၿပီးေတာ့ သီးျခားစုံစမ္းေနဆဲပဲျဖစ္ပါတယ္။