မန္တလေးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲနေ
မန္တလေးမြို့ ဒီနေ့ မနက်ကတည်းက အနေရာအနှံ့အပြားမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း အင်အား
အများအပြားနဲ့ ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် ၅နာရီ ၃၀မိနစ်ခန့်မှာ အမရပူမြို့နယ် မှန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးတစ်လုံး
ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တဆက်ထဲ မနက် ၆နာရီခန့်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်တီရုံးအနီးမှာရှိတဲ့ CCTV Link ရှိသည့် Network ကေဘယ်လ်
ပုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး မန္တလေးမြို့အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက စောင့်ကြည့်နေတဲ့ CCTVအချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါ
တယ်။နံနက် ၁၀နာရီ ၃၀မိနစ်ခန့်မှာ မှန်တန်းရပ်ကွက် မြဝတီထရွန်ဇေးရှင်း ကုမ္ပဏီခြံဝင်းအတွင်းမှာ ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့တယ်လို့
သိရပါတယ်။ဒါ့အပြင် မန္တလေး စျေးချိုတော်အနီး ၂၇နဲ့ ၈၅လမ်းထောင့်မှာ မနက် ၁၀နာရီ ၃၀မိနစ်ခန့်မှာ ဗုံးလို့ယူဆရဲတဲ့ အထုတ်တစ်ခုကို
တွေ့ရှိပြီးနောက်မှာ စျေးချိုတော်အတွင်းရှိ စျေးဆိုင်တွေ အကုန်ပြန်လည်ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ထဲက ဟိုနားဗုံးပေါက် ဒီနားဗုံးပေါက်သံတွေကြားရပြီးတော့ အနားမှာပါ ဗုံးထပ်တွေ့တယ်ဆိုတော့ စျေးဆိုင်တွေ ပိတ်သွားတာပါ၊
စျေးသည် စျေးဝယ်မရှိဘူးလေ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဘယ်အဖွဲ့အစည်းကမှ သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
မႏၲေလးၿမိဳ႕မွာ ဗုံးေတြဆက္တိုက္ေပါက္ကြဲေန
မႏၲေလးၿမိဳ႕ ဒီေန႔ မနက္ကတည္းက အေနရာအႏွံ့အျပားမွာ ဗုံးေတြ ဆက္တိုက္ေပါက္ကြဲေနၿပီး အၾကမ္းဖက္စစ္အုပ္စုကလည္း အင္အားအမ်ားအျပားနဲ႔ ပိတ္ဆို႔ ရွာေဖြမႈေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ဒီကေန႔ နိုဝင္ဘာလ ၂၅ရက္ေန႔ မနက္ ၅နာရီ ၃၀မိနစ္ခန႔္မွာ အမရပူၿမိဳ႕နယ္ မွန္တန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးမွာ ဗုံးတစ္လုံးေပါက္ကြဲခဲ့ၿပီး အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
တဆက္ထဲ မနက္ ၆နာရီခန႔္မွာ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္တီ႐ုံးအနီးမွာရွိတဲ့ CCTV Link ရွိသည့္ Network ေကဘ
ယ္လ္ပုံးမွာ ဗုံးတစ္လုံးေပါက္ကြဲခဲ့ၿပီး မႏၲေလးၿမိဳ႕အတြင္းမွာ အၾကမ္းဖက္စစ္အုပ္စုက ေစာင့္ၾကည့္ေနတဲ့ CCTVအခ်ိဳ႕ ပ်က္စီးခဲ့ရတယ္လို႔ သိရပါတယ္။
နံနက္ ၁၀နာရီ ၃၀မိနစ္ခန႔္မွာ မွန္တန္းရပ္ကြက္ ျမဝတီထရြန္ေဇးရွင္း ကုမၸဏီၿခံဝင္းအတြင္းမွာ ဗုံးတစ္လုံး ထပ္မံေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။
ဒါ့အျပင္ မႏၲေလး ေစ်းခ်ိဳေတာ္အနီး ၂၇နဲ႔ ၈၅လမ္းေထာင့္မွာ မနက္ ၁၀နာရီ ၃၀မိနစ္ခန႔္မွာ ဗုံးလို႔ယူဆရဲတဲ့ အထုတ္တစ္ခုကို ေ
တြ႕ရွိၿပီးေနာက္မွာ ေစ်းခ်ိဳေတာ္အတြင္းရွိ ေစ်းဆိုင္ေတြ အကုန္ျပန္လည္ပိတ္သိမ္းသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
“မနက္ထဲက ဟိုနားဗုံးေပါက္ ဒီနားဗုံးေပါက္သံေတြၾကားရၿပီးေတာ့ အနားမွာပါ ဗုံးထပ္ေတြ႕တယ္ဆိုေတာ့ ေစ်းဆိုင္ေတြ ပိတ္သြားတာပါ၊ ေစ်းသည္ ေစ်းဝယ္မရွိဘူးေလ”လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။
ေပါက္ကြဲမႈေတြနဲ႔ ပက္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဘယ္အဖြဲ႕အစည္းကမွ သီးျခား ထုတ္ျပန္လာျခင္း မရွိေသးပါဘူး။