ခရိုနီတွေပျော် ပြည်သူတွေငို
အာဏာသိမ်း ချိန်မှစပြီးခရိုနီတွေရဲ့ အကြောင်းကိုအားလုံးက စိတ်ဝင်စားခဲ့ကြလေသည်။ ယခု ၉လ ကျော်တဲ့အချိန်မှာတော့ ခရိုနီ သူဌေး
ကြီးများအားလုံးနီးပါး တုံးကျော်သွားပြီ ဟုဆိုကြောင်းသိရသည်။ထိုအထဲတွင်စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် နီးစပ်သူ KBZ ဆရာ
ကျောင်း၊ ရွှေသံလွင်ကျော်ဝင်း၊ ဇော်ဝင်းရှိန်၊ ဦးသိမ်းဝေ ခေါ် Serge Pun ၊ NLD နှင့် စစ်တပ်ကိုအပိုင်ကိုင်ထားခဲ့သော Eden ဦးချစ်ခိုင်၊
Max ဦးဇော်ဇော်၊ နေအောင် ပြေအောင် ညီအစ်ကိုများ ပါဝင်သလို တရုတ်ကုလားသူဌေးများ လည်းပါဝင်ကြောင်းသိရ၏။
ဦးချစ်ခိုင်၏ ဘဏ်(MAB) ကိုလည်းဗဟိုဘဏ်က ငွေသန်းသောင်းပေါင်းများစွာ ထုတ်ပေးပြီးကူညီဆယ်မခဲ့ကြောင်းသိရ၏။ စစ်တပ်ခရိုနီ
ကြီးများက တုံးကျော်ခဲ့ပြီဟုဆိုခဲ့ရာတွင် အာဏာသိမ်းပြီး နောက်ပိုင်းအားပေးအားမြောက်ပြုခဲ့သော ခရိုနီငယ်များလည်း အတော်ကို
အဆင်ပြေပြီး အိတ်ဖောင်းနေကြပြီဟု သိရလေသည်။
ထိုသူတို့မှာ မှောင်ခိုလုပ်ငန်း၊ ဘိန်းလုပ်ငန်း နှင့် လက်နက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်သည်ဟု သိရလေသည်။ ခေတ်ပျက်
သူဌေးများဟု ပြည်သူများက သတ်မှတ်ထားသူများဖြစ်လေသည်။
The Raw
ခတ်ပျက်သူဌေးများဟု ပြည်သူများက သတ်မှတ်ထားသူများဖြစ်လေသည်။
The Raw