ၾကားသိသမွ်

နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်သည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်ကို မဖိတ်၍ မတက်တော့ဟု စစ်ကောင်စီအကြောင်းပြန်

နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်သည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မင်းအောင်လှိုင်ကို မဖိတ်၍ မတက်တော့ဟု စစ်

ကောင်စီအကြောင်းပြန်

နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသည့် ၁၃ ကြိမ်မြောက် အာရှ- ဥရောပထိပ်သီးအစည်းအဝေးကို

မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမပြုဘဲ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူတစ်ဦးကို တက်ရန် ဖိတ်ကြားခဲ့ရာ စစ်ကောင်စီက အစည်းအဝေး မ

တက်တော့ဟု အကြောင်းပြန်ကြောင်း သိရှိရသည်။


၁၃ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားနိုင်ငံက ကျင်းပခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကို

အစည်းအဝေး တက်ခွင့်မပြုဘဲ နိုင်ငံရေးနယ်ပယ်မှမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း

ဖြစ်သည်။

စစ်ကောင်စီက မင်းအောင်လှိုင်ကို မဖိတ်၍ အစည်းအဝေးသို့ ကိုယ်စားလှယ် မလွှတ်တော့ဟု ကမ္ဘောဒီးယားကို အကြောင်းကြားခဲ့ကြောင်း

ဘန်ကောက်ပို့စ်သတင်းတစ်ရပ်အရ သိရှိရသည်။


မင်းအောင်လှိုင်သည် အာဆီယံ ထိပ်သီးအစည်းအဝေး၊ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ယနေ့ စတင်ကျင်းပသည့် အာရှ-ဥရော

ပ ထိပ်သီးအစည်းအဝေးများတွင် တစ်ခုမှ တက်ခွင့်မရဘဲဖြစ်နေရာ နိုင်ငံတကာက မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အသိအမှတ်မပြုမှု

တစ်နေ့ တစ်ခြား ထင်ရှားလာသည်ဟု နိုင်ငံရေး အကဲခတ်များက ပြောဆိုသည်။

နိုင္ငံေပါင္း ၅၁ နိုင္ငံ ပါဝင္သည့္ ၁၃ ႀကိမ္ေျမာက္ အာရွ-ဥေရာပ ထိပ္သီးအစည္းအေဝး မင္းေအာင္လွိုင္ကို မဖိတ္၍ မတက္ေတာ့ဟု

စစ္ေကာင္စီအေၾကာင္းျပန္

နိုဝင္ဘာလ ၂၅ ရက္ေန႔မွ နိုဝင္ဘာလ ၂၆ ရက္ေန႔အထိ ၂ ရက္ၾကာ က်င္းပသည့္ ၁၃ ႀကိမ္ေျမာက္ အာရွ- ဥေရာပထိပ္သီးအစည္း

အေဝးကို မင္းေအာင္လွိုင္ကို ဖိတ္ၾကားျခင္းမျပဳဘဲ နိုင္ငံေရးနယ္ပယ္မွ မဟုတ္သူတစ္ဦးကို တက္ရန္ ဖိတ္ၾကားခဲ့ရာ စစ္ေကာင္စီက အစ

ည္းအေဝး မတက္ေတာ့ဟု အေၾကာင္းျပန္ေၾကာင္း သိရွိရသည္။

၁၃ ႀကိမ္ေျမာက္ အာရွ-ဥေရာပ ထိပ္သီးအစည္းအေဝးကို အိမ္ရွင္အျဖစ္ ကေမၻာဒီးယားနိုင္ငံက က်င္းပျခင္းျဖစ္ၿပီး မင္းေအာင္လွိုင္

ကို အစည္းအေဝး တက္ခြင့္မျပဳဘဲ နိုင္ငံေရးနယ္ပယ္မွမဟုတ္သူတစ္ဦးကို ျမန္မာနိုင္ငံ ကိုယ္စားျပဳ တက္ေရာက္ရန္ ဖိတ္ၾကားခဲ့ျခင္းျဖစ္သ

ည္။စစ္ေကာင္စီက မင္းေအာင္လွိုင္ကို မဖိတ္၍ အစည္းအေဝးသို႔ ကိုယ္စားလွယ္ မလႊတ္ေတာ့ဟု ကေမၻာဒီးယားကို အေၾကာင္းၾ

ကားခဲ့ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းတစ္ရပ္အရ သိရွိရသည္။

မင္းေအာင္လွိုင္သည္ အာဆီယံ ထိပ္သီးအစည္းအေဝး၊ တ႐ုတ္-အာဆီယံ ထိပ္သီးအစည္းအေဝးႏွင့္ ယေန႔ စတင္က်င္းပသည့္ အာရွ-ဥေရာ

ပ ထိပ္သီးအစည္းအေဝးမ်ားတြင္ တစ္ခုမွ တက္ခြင့္မရဘဲျဖစ္ေနရာ နိုင္ငံတကာက မင္းေအာင္လွိုင္ႏွင့္စစ္ေကာင္စီကို အသိအမွတ္မျပဳမႈ

တစ္ေန႔ တစ္ျခား ထင္ရွားလာသည္ဟု နိုင္ငံေရး အကဲခတ္မ်ားက ေျပာဆိုသည္။