ရှေ့တန်းထွက်ဖို့အတွက် တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ စစ်အုပ်စုထောက်ခံသူတွေကို စစ်ကောင်စီ ဖိအားပေး
ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မွန်ပြည်နယ်က စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေ တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့
အတင်းအကြပ် ဖိအားပေးလာတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို
ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေ အမည်စာရင်းကို နှစ်ပတ်အတွင်း ပြန်လည်တင်ပြဖို့ နိုဝင်ဘာ
ဒုတိယအပတ်မှာ ညွှန်ကြားထားတာပါ။
ဒါပေမယ့် လက်ရှိအချိန်ထိ ရှေ့တန်းထွက်ဖို့ စာရင်ပေးသူ ၁၀ ဦးလောက်သာ ရှိနေတဲ့အတွက်ကြောင့် စစ်ကောင်စီက စစ်အုပ်စုထောက်ခံ
တဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်တစ်ယောက်နှုန်း အမည်စာရင်းပေးကြဖို့ အတင်းအကြပ် ဖိအားပေးလာတယ်လို့ စစ်တပ်နဲ့ နီးစပ်သူ တစ်
ဦးက ပြောပါတယ်။
” အခုက ရှေ့တန်းထွက်ဖို့က စာရင်းပေးတဲ့သူက ၁၀ ယောက်လောက်ပဲရှိတော့၊ သိရသလောက်က ကျွန်တော်တို့လို စစ်မှုထမ်းဟောင်း
မိသားစုဝင်တွေကို အဓိက စာရင်းပေးဖို့ တောင်းနေတာ။ အိမ်ထောင်စု တစ်စုမှာဆိုရင် လူတစ်ယောက်မဖြစ်မနေ စာရင်းပေးဖို့
အတင်းအကြပ် လာတောင်းနေတယ်” လို့ စစ်မှုထောင်းဟောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက တစ်အိမ်တစ်ယောက်နှုန်း အမည်စာရင်းပေးဖို့ ညွှန်ကြားထားသူတွေထဲမှာတော့ စစ်တပ်ရဲ့ လစာ၊ပင်စင်နဲ့ တခြားထောက်ပံ့
စရိတ်တွေ ခံစားနေရတဲ့ မိသားစုဝင်တွေကို အဓိက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လစာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး တိုက်ပွဲက ပြန်လာတဲ့သူ
တွေကို ခြံကွက်တွေ၊ နေအိမ်တိုက်ခန်းတွေ ချီးမြှင့်ပေးသွားမယ်လို့ စည်းရုံးနေတာပါ။
ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ ရှေ့တန်းမှာ အကျအဆုံးများနေတဲ့အတွက်ကြောင့် စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေရဲ့ အမည်
စာရင်းပေးသွင်းမှု မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။ သတင်း – သံလွင်တိုင်းမ်
ေရွ႕တန္းထြက္ဖို႔အတြက္ တစ္အိမ္တစ္ေယာက္ႏႈန္း စာရင္းေပးဖို႔ စစ္အုပ္စုေထာက္ခံသူေတြကို စစ္ေကာင္စီ ဖိအားေပး
ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္ဖို႔အတြက္ မြန္ျပည္နယ္က စစ္အုပ္စုေထာက္ခံတဲ့ မိသားစုေတြ တစ္အိမ္တစ္ေယာက္ႏႈန္း စာရင္းေပးဖို႔ အတင္းအၾကပ္ ဖိအားေပးလာတယ္လို႔ စစ္တပ္နဲ႔နီးစပ္သူေတြက ေျပာပါတယ္။
စစ္ေကာင္စီဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ အပါအဝင္ ေဒသခံ PDF ေတြနဲ႔ တိုက္ပြဲျပင္းထန္ေနတဲ့ ေန
ရာေတြကို ပို႔ေဆာင္ဖို႔အတြက္ ပ်ဴေစာထီး၊ ျပည္သူ႔စစ္နဲ႔ စစ္အုပ္စုေထာက္ခံသူေတြ အမည္စာရင္းကို ႏွစ္ပတ္အတြင္း ျပန္လည္တင္ျပဖို႔ နိုဝင္ဘာ ဒုတိယအပတ္မွာ ညႊန္ၾကားထားတာပါ။
ဒါေပမယ့္ လက္ရွိအခ်ိန္ထိ ေရွ႕တန္းထြက္ဖို႔ စာရင္ေပးသူ ၁၀ ဦးေလာက္သာ ရွိေနတဲ့အတြက္ေၾကာင့္ စစ္ေကာင္စီက စစ္အုပ္စုေ
ထာက္ခံတဲ့ မိသားစုေတြအေနနဲ႔ တစ္အိမ္တစ္ေယာက္ႏႈန္း အမည္စာရင္းေပးၾကဖို႔ အတင္းအၾကပ္ ဖိအားေပးလာတယ္လို႔ စစ္တပ္နဲ႔ နီးစပ္သူ တစ္ဦးက ေျပာပါတယ္။
” အခုက ေရွ႕တန္းထြက္ဖို႔က စာရင္းေပးတဲ့သူက ၁၀ ေယာက္ေလာက္ပဲရွိေတာ့၊ သိရသေလာက္က ကၽြန္ေတာ္တို႔လို စစ္မႈထမ္းေဟာင္းမိသားစုဝင္ေတြကို အဓိက စာရင္းေပးဖို႔ ေတာင္းေနတာ။
အိမ္ေထာင္စု တစ္စုမွာဆိုရင္ လူတစ္ေယာက္မျဖစ္မေန စာရင္းေပးဖို႔ အတင္းအၾကပ္ လာေတာင္းေနတယ္” လို႔ စစ္မႈေထာင္းေဟာင္းတစ္ဦးက ကို ေျပာပါတယ္။
စစ္ေကာင္စီက တစ္အိမ္တစ္ေယာက္ႏႈန္း အမည္စာရင္းေပးဖို႔ ညႊန္ၾကားထားသူေတြထဲမွာေတာ့ စစ္တပ္ရဲ့ လစာ၊ပင္စင္နဲ႔ တျခားေထာက္ပံ့စရိတ္ေတြ ခံစားေနရတဲ့ မိသားစုဝင္ေတြကို အဓိက ညႊန္ၾကားထားတာ ျဖစ္ပါတယ္။
စစ္ေကာင္စီဘက္ကေတာ့ ေရွ႕တန္းမွာ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း လစာ ေထာက္ပံ့ေပးသြားမွာ ျဖစ္ၿပီး တိုက္ပြဲက ျပန္လာတဲ့သူေတြကို ၿခံကြက္ေတြ၊ ေနအိမ္တိုက္ခန္းေတြ ခ်ီးျမႇင့္ေပးသြားမယ္လို႔ စည္း႐ုံးေနတာပါ။
ဒါေပမယ့္ စစ္ေကာင္စီတပ္ေတြဟာ ေရွ႕တန္းမွာ အက်အဆုံးမ်ားေနတဲ့အတြက္ေၾကာင့္ စစ္အုပ္စုေထာက္ခံတဲ့ မိသားစုေတြရဲ့ အမည္စာရင္းေပးသြင္းမႈ မရွိသေလာက္ နည္းပါးေနတာ ျဖစ္ပါတယ္။
သတင္း – သံလြင္တိုင္းမ္