ၾကားသိသမွ်

လက်နက်ထုတ်လုပ်းရေး တာဝန်ခံ မြောင်အမျိုးသမီးတစ်ဦး၏ စိုးရိမ်စိတ်

မြောင်အမျိုးသမီးတပ်ဖွဲ့မှ “မဒိုင်ယာနာ”အသက်၂၁နှစ်(လက်နက်ခဲယမ်းထုတ်လုပ်ရေးတာဝံခံ)ရဲ့ စိုးရိမ်စိတ်

Nov-24

ကျွန်မနာမည်ကတော့ မဒိုင်ယာနာ ပါ။ကျွန်မအသက် ၂၁ နှစ်ရှိပါပြီ။ကျွန်မကတော့ အထည်ချုပ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုပါ

တယ်။သာမာန် မိန်းကလေးဘဝနဲ့ ရှင်သန်ရပ်တည်နေတဲ့သူဆိုရင်လဲ မမှားပါဘူး။

လက်ရှိမှာတော့ နွေဦးတော်လှန်ရေးလမ်းပေါ်က အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်) မှာ ထုတ်လုပ်ရေးပိုင်းကို တာဝန်

ယူဆောင်ရွက်နေပါတယ်။စစ်ရေးအခင်းအကျင်းတွေကြားမှာ ရဲဝံ့စွာနဲ့ တိုက်ပွဲဝင်ဖို့လဲ အသင့်ဖြစ်နေပါပြီ။


ကျွန်မက လူငယ်တစ်ယောက်ဖြစ်တယ်။လူငယ်ပီပီ သူပုန်ထတက်တဲ့ စိတ်ကလေး က ကျွန်မကိုယ်ကျွန်မ ခွန်အားတွေ ပြန်ပေးနေစေခဲ့

တယ်။အာဏာရှင်စနစ်ဆိုတာ အရင်ကလဲအားမပေးခဲ့ဘူး၊ နှစ်လဲမနှစ်သက်ခဲ့ဘူး။စနစ်ဆိုးကြီးကိုလဲ ရွံရှာစက်ဆုပ်လာတယ်။

လူငယ်တွေကို သတ်ဖြတ်ဖမ်းစီးတယ်။ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ဖျက်စီး စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့စစ်ကောင်စီ

ကို တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ် ထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့အတွက် အကြောင်းအရင်းတွေဖြစ်လာတယ်။


ကျွန်မအတွက် အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ကျန်းမာရေးချူချာတဲ့အထဲမှာပါနေတော့ တော်လှန်ရေးကြီး မပြီးခင်

တစ်စုံတစ်ခုများ ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်စိတ်ကြီးတော့ရှိနေခဲ့တယ်။ ငါ ဘာမှမလုပ်ရသေးခင် နောက်ပြန်လှည့်သွားရတော့မှာလားဆို

တဲ့ စိတ်ကိုလဲ ခံစားမိလာတယ်။

လုပ်ငန်းပိုင်းနဲ့ ပက်သက်ပြီးတော့ စိုးရိမ်ပူပန်ရပြန်တယ်။ လက်နက်ခဲယမ်း ထုတ်လုပ်ရေးမှာက အနုအယွတွေနဲ့ အသေးစိတ်ဆန်တယ် ဒီ

အပေါ် ရုတ်တရက် လွှဲချော်သွားခဲ့သည်ရှိသော် ဆိုတာကြီးကလဲ ခဏခဏ ဝင်ဝင်လာတယ်။

စိုးရိမ်စိတ် ကြောက်စိတ်တွေကိုသာ ဆက်ပြီး ထိန်းထားမိနေရင် ငါ့အတွက် ပိုအန္တရာယ်များနိုင်တယ်။ကျရာတာဝန်ကိုအကောင်းဆုံးနဲ့

ကျေပွန်အောင် ကြိုးစားဖို့လိုတယ်လို့ဆိုကာ မိမိကိုယ်မိမိ သတိတွေပေးရပြန်တယ်။

ပံ့ပိုးမှုတွေ ဒီထက် ပိုပြီးအားကောင်းလာစေချင်တယ်။ထုတ်ကုန်တွေ များများလုပ်ချင်တယ်။နည်းပညာပိုင်းတွေ ထပ်မံသင်ယူခွင့်ရချင်ပါ

သေးတယ်။


ယုံကြည်ပါတယ်။ကျွန်မတို့ဘက်မှာပြည်သူတွေအမြောက်အများရှိနေတဲ့အတွက်ကြောင့် စစ်ကောင်စီအကြမ်းဖက်သမားတွေထက်လဲ

ဉာဏ်ပညာကမြင့်မားနေလို့လေ…

စစ်ကောင်စီလက်ပါးစေတို့က အမိန့်ကိုကြောက်ပြီး တိုက်ခိုက်တာ ကျွန်မတို့က အာဏာရှင်စနစ်ကိုမကြိုက်လို့တော်လှန်နေတာ အမိန့်

ကြောင့်မဟုတ်တဲ့အတွက် ဒီတော်လှန်ရေးကြီးကအောင်ကိုအောင်ရမယ်လို့ အောင်စိတ်နဲ့ချီတက်နေကြတာဖြစ်တယ်။

ပြည်သူတွေကိုလဲကတိတစ်ခုပေးချင်ပါတယ်။ ဒီတော်လှန်ရေးကြီးကို အဆုံးထိတိုက်ပွဲဝင်သွားပါ့မယ်။ပြည်သူကကျွေးတဲ့ထမင်းကိုစားပြီး

ပြည်သူ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပါ့မယ်။ပြည်သူ့အင်အားဖြင့် ဖက်ဆစ် စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းမည်။

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်)#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်မည်21century