ၾကားသိသမွ်
ABIA နှင့် လမ်းခွဲပြီဟု God’s Army ခေါင်းဆောင်ဟောင်း လူသာထူးပြောကြား (ရုပ်သံ)
ABIA နှင့် လမ်းခွဲပြီဟု God’s Army ခေါင်းဆောင်ဟောင်း လူသာထူးပြောကြား (အင်တာဗျူး)
God’s Army အဖွဲ့၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် လူသာထူးသည် ဗမာ့တိုင်းများလွတ်မြောက်ရေးတပ်မတော် (ABIA)နှင့်
လမ်းခွဲလိုက်ပြီဟု မဇ္ဈိမနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားလိုက်သည်။
အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ရေးအတွက် လူသာထူးနှင့် စစ်ဦးစီးချုပ် ကိုအောင်ကျော်ကျော်၏ ABIA တို့ အောက်တိုဘာလလယ်က
ပူးပေါင်းခဲ့သော်လည်း ယခုတော့ တစ်ခန်းရပ်သွားခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ခုနှစ်နှောင်းပိုင်းက ကရင်ပြည်နယ်အတွင်း ပြောက်ကျားတိုက်ခိုက်ရာတွင် ထင်ရှားခဲ့သော အင်အား ၂၀၀ ခန့်ရှိ God’s Army ကို ထို
စဉ်က အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ဂျော်နီထူးနှင့် လူသာထူးအမွှာညီအကိုနှစ်ယောက်က ဦးဆောင်ခဲ့သည်။ စစ်ရေးဆောင်ရွက်မှုများ
တွင် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်များ (VBSW) နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကိုဝင်ရောက်စီးနင်းမှုနှင့် ရတ်ချ်ဘူရီ
ဆေးရုံကို စီးနင်းမှုတို့ပါဝင်ခဲ့ကာ နောက်ပိုင်းတွင် အဖွဲ့သည် ထိုင်းစစ်တပ်ထံလက်နက်ချပြီး လူသာထူးသည်လည်း ဆွီဒင်နိုင်ငံတွင်
သွားရောက်နေထိုင်ခဲ့သည်။
လူသာထူးအနေဖြင့် ABIA အဖွဲ့နှင့် ဘာကြောင့် လမ်းခွဲခဲ့တာလဲ၊ ဘာတွေဆက်လုပ်မလဲဆိုတာကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထား
ပါသည်။ mizzima
စီးနင်းမှုနှင့် ရတ်ခ်ျဘူရီဆေးရုံကို စီးနင်းမှုတို့ပါဝင်ခဲ့ကာ နောက်ပိုင်းတွင် အဖွဲ့သည် ထိုင်းစစ်တပ်ထံလက်နက်ချပြီး လူသာထူးသည်လ