နုဂျီရဲ့ 007 ၂၄ နာရီအတွင်း ဒေါ်လာ ၉ သန်းတဲ့။ အမှိုက်ခွန်ကိုတောင်မှ ဓမြတိုက်သလို ကောက်နေရတဲ့ ဘိုတုတို့ တသိုက် “ဆွံ့အ” သွား
လေတယ်။ ဘိုတုကတော့ ဘယ်ငြိမ်မလဲ။ ဘာလုပ်ရမှန်းမသိလို့ ပေါင်နှစ်ချောင်းမြှောက်ပြီး သူ့ဟာသူ လျှာနဲ့ယက်နေရော့ပေါ့။
အဲ ဘွန်းကို ပြည်သူတွေသာမက နန်းတွေ၊ ဘောမတွေ၊ အစိမ်းတွေပါ တလဟော ဝယ်စုနေကြသတဲ့။ နာမည်တော့ မခံကြဘူးတဲ့။
“ကန့်သတ်ထားလို့ ဝယ်သလောက်သာ ရောင်းပါမည်” ဆိုသလိုပဲ၊ တော်လှန်ရေးအတွက် ရသမျှအမြတ်။ ဘွန်းက သူတို့အတွက် အရူးလက်မှတ်။ စကစ ကျလို့ ဘောင်ချာတွေ ဆုတ်ရင် ဘွန်းတွေ ထုတ်ရှိုးရမှာကိုး။
စင်ကာပူရ် ရဲ့ DBS I-Banking service ယာယီ ဒေါင်းသွားတယ်လည်း ပြောကြတယ်။ DBS ကလည်း သူတို့ နုဂျီရဲ့ ဘွန်း မရောင်းပါဘူးဆိုပဲ။ လေသံက ယူရောင်းပြီး ကော်စားလုပ်ချင်ပုံပဲ။
ဘယ်နားလဲမသိ။ ပီဒက်ချာတိတ်တွေကို ဘိုစုတ်က “ညေးတို့ ဇ ရှိရင် လမ်းပေါ်ထွက်ခဲ့” ဆိုပဲ။ သူ့ကားကဖြင့် ဂီယာ နံပါတ်-၁ နဲ့။ မြန်မြန်လာလေ ဆိုတော့ “ရေတိုင်ကီဆူနေလို့ပါ” တဲ့။
စကစဘိုစုတ်က သတ္တိအရာမှာ တောင်ပြုန်းပွဲနဲ့ ရတနာ့ဂူပွဲအကူးမှာ မွေးလာသလား မှတ်ရ။ပုံညာမှာ ဆိုင်ကယ် ၆ စင်းလာ၊ ဖြတ်တိုက်၊ စခ ၁၀ ယောက်ရှောဆိုတော့ return (0) ပေါ့။ ခုနောက်ပိုင်း ပစ်ပြေးမဟုတ်တော့ပဲ၊ အပြုတ်နှံတဲ့ စံနစ်။
မြင်းမူနားမှာ ဗုံးခွဲပြီး ဆွဲတဲ့ အသံအရဆိုရင် စခတွေ အတော်သေမှာပဲ။ စကစတပ်ရဲ့ လပခ-နမခ ဆက်ကြောင်း ပြတ်ရှာပြီ။ စစ်ကိုင်း-မုံရွာလမ်း ပီဒက်တွေကို ပေးလိုက်ရပြီပေါ့။
ရော်ဂျာ့ တပ်လည်း ပီဒက်၊ EAO ပေါင်းစုံရဲ့ ဂျီးန်ပေဂျီးန် ဝိုင်းလုပ်ခံရလို့ ဖျင်ဂေါင်းက ကျပ်စေ့ ဖြစ်နေပြီ။ ဒါပေမယ့် အရိုးကိုက် သစ္စာက ကြီးတယ်။ ခုထိ သိသိသာသာ ထွက်မလာရဲကြ။
ခုလည်း အနော်လဘာဂျာ လက်ကျန် ဂျိုကျိုး နားရွက်ပဲ့တွေစုပြီး ကလေးဘက်ကို ပို့ပြန်သတဲ့။ ကလေးနယ်မှာ အရင်ရက်တွေက စကစတွေ တပ်ရင်းလိုက်တွေ ပြုတ်တယ်လည်း ပြောကြတယ်။
ဘိုတုရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျဉ်းလာလိုက်တာ။ အိမ်နီးချင်း နိုင်ငံတွေသော်မှ ငနီပါရင် လှေမှောက် ဆိုသလို ဘိုတုကို ဖိတ်တဲ့ပွဲတိုင်း အဆင်မချောလို့ ကြိုဖယ်ကြပြီ။
မဖယ်ရင်လည်း သိုက်ဆရာလှေပေါ်တင်မိသလို သံဃာစင် မှောက်မယ့်အဖြစ်။ ဘိုတုခမျာ အယ်လ်ဗီ ဖပ်ဖပ်လေး စွပ်လိုက်၊ ပြန်ချွတ်လိုက်နဲ့ ခြေအိတ်စုတ်ရော့မယ်။
တြုတ် ပွဲ မဖိတ်လို့ မဲခေါင်ဒေသ နိုင်ငံတွေက ငါတို့ဖက်ကကွလို့ စကစက ပြောနေတုန်း၊ ကမ္ဘောဒီးယားကလည်း မဖိတ်ပြန်ဘူး။ ကြင်စိုးကို စွန်တန် ရက်စက်ပြီ။
လူထုရဲ့ ပြတ်သားမှုက အထွဋ်အထိပ်။ ဘွန်းမှာ အားသွန်နေပေမယ့် Click2Donate မှာလည်း ကျမသွား။ နေ့စဉ် သိန်း ၂၀၀ တန်းနေတာဖဲ။ အချို့ဆို နေ့စဉ် ပုံမှန်လှူဖို့ Axie Infinity ကို စကော်လာယူပြီး ကစားကြသတဲ့။
ဘောဇိတွေကလည်း MMR နဲ့ Level ကိုပဲ အမြတ်ချန်ကြသတဲ့။ ပညာနဲ့ တော်လှန်တဲ့ တော်လှန်ရေးကိုး။ ငိုစား/ ရယ်စား ထူထူပဲလှီးတဲ့ ဂေါင်းကြီးတွေ အထိနာတာ မဆန်းလှဘူး။
ငါတို့ နိုင်တော့မှာ။
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ပြည်သူ့ရဲ့ အာရကေ၊ စကစရဲ့ ပြာရကေ ကဏ္ဍ)
Credit