ၾကားသိသမွ်
ယနေ့ စကစကား လေးစီးပျက်စီးခဲ့သည့် မုံရွာ-မန္တလေး လမ်းပိုင်း တိုက်ပွဲ(ရုပ်သံ)
Black Eagle Defence Force-MMU၏တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်(ရုပ်သံအောက်ဆုံးတွင်ပါဝင်သည်)
ရက်စွဲ။ ။၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ရက်
နိုဝင်ဘာလ ( ၂၄ ) ရက်နေ့တွင် မြင်းမူမြို့ Black Eagle Defence Force -MMU
အဖွဲ့ဦးဆောင်ပြီး Myin Mu Defence Force-MMDF ၊မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊People’s Defence Force Myinmu-
MMPDF၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM စသည့် ညီနောင်မဟာမိတ်(၅)ဖွဲ့မှ မဟာမိတ်စစ်ဆင်ရေးအဖြစ်
မုံရွာမှ စစ်ကိုင်းသို့သွားသည့် စစ်ခွေးကား ( ၄ ) စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပါသည်။
ဖြစ်စဉ်(၁ဂွးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားနံနက် ( ၇ ) နာရီ(၃၅) မိနစ်အချိန်ခန့်တွင် စစ်ခွေးကား(၂)စီးအားမိုင်းဆွဲ
တိုက်ခိုက်နိုင်ခဲ့သည်။ဖြစ်စဉ်(၂) အလ္လက္ကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြား နံနက်(၉)နာရ်ီ(၃၀)မိန်အချိန် ခန့်တွင်လည်း စစ်ခွေး
ကား(၂)စီးအားမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထိုမိုင်းခွဲတိုက်ခိုက်မှု(၂)ခုတွင် စစ်ခွေးကား(၄)စီး ပျက်စီးခဲ့ပြီး ကျဆုံးအရေအတွက်မှာ များပြား
နိုင်သည်ဟုသိရှိရပါသည်။
စခများ လိုက်လံပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုအား အတိအကျစုံစမ်းနိုင်ခြင်းမရှိသေးပါ။ယနေ့မိုင်းဆွဲတိုက်ခိုက်မှုတွင် ကျွန်ုပ်တို့ Local
Pdf ပြည်သူ့ရဲဘော်များ ဒဏ်ရာရှိခြင်း၊ကျဆုံးခြင်း မရှိပါ။ ကျွန်ုပ်တို့ Local Pdf များပြည်သူနှင့်အတူ ရပ်တည်ပြီး အာဏာရှင်ကိုအမြစ်
ပြတ်သည်အထိ တွန်းလှန်မည်ဟု ကတိပြုပါသည်။
Black Eagle Defence Force -MMU#BlackEagle