ၾကားသိသမွ်

အိန္ဒိယပြည်ထောင်စုနေ့ အခမ်းအနား မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်မယ်ဆိုတာ မဟုတ်မှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ပြောခွင့်ရ ပယ်ချ

အိန္ဒိယပြည်ထောင်စုနေ့ အခမ်းအနား မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်မယ်ဆိုတာ မဟုတ်မှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ပြောခွင့်ရ ပယ်ချ

လာမယ့်နှစ်၂၀၂၂ ဇန်နဝါရီလထဲ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ခမ်းခမ်းနားနား ပြုလုပ်လေ့ရှိတဲ့ ‘ရီပတ်ဘလစ်နေ့ စစ်ရေးပြ ချီတက်ပွဲ’ အခမ်းအနားကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ဖို့ အိန္ဒိယ အစိုးရ စီစဉ်တယ် ဆိုတဲ့ သတင်းတွေကို အိန္ဒိယရဲ့ နိုင်ငံခြားရေးရုံး ဖြစ်တဲ့ ပြည်ပရေးရာ ဝန်ကြီး ဌာန MEA က ပယ်ချ လိုက်ပါတယ်။

“ရှေ့လာမယ့်နှစ် ရီပတ်ဘလစ်နေ့ အခမ်းအနား အတွက် နိုင်ငံခြား ဧည့်သည်တော် စာရင်းနဲ့ ပတ်သက်ပြီး ခန့်မှန်း ရေးသားနေတာတွေကို မီဒီယာပေါ်မှာ တွေ့နေရတယ်။ အဲဒီသတင်းတွေဟာ

မတိကျပါဘူး။ အချက်အလက်တွေ အပေါ် အခြေမခံဘူး” ဆိုပြီး MEA ပြောခွင့်ရ အာရင်ဒမ် ဘာ့ဂချီက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ နယူးဒေလီ ရီပတ်ဘလစ် စစ်ရေးပြ အခမ်းအနားကို BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးကို အိန္ဒိယ အစိုးရက ဖိတ်ဖို့ စီစဉ်ထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။

BIMSTECဆိုတာ ဘင်္ဂလား ပင်လယ်အော် နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရဲ့ အတိုကောက် ဖြစ်ပါတယ်။

မြန်မာလည်း BIMSTECအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲက ထိုင်းနဲ့ အတူပါဝင်ပြီး၊ တောင်အာရှ ၅ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာတို့လည်း BIMSTECထဲပါဝင်ပါတယ်။

၁၉၅၀၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်လာတဲ့ အထိမ်းအမှတ် အနေနဲ့ စစ်ရေးပြ ချီတက်တဲ့ အခမ်းအနားကို နယူးဒေလီမြို့တော် ရာ့ဂျ်ပါ့သ် (ရာဇလမ်း) မှာ နှစ်စဉ် ခမ်းခမ်းနားနား ပြုလုပ်လေ့ ရှိပါတယ်။

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို နိုင်ငံတကာ စင်မြင့်ထက် ဖိတ်ကြားမယ် ဆိုတဲ့ သတင်းအပေါ် အိန္ဒိယ နိုင်ငံခြားရေး ဌာနဘက်က

တရားဝင် ပယ်ချတာဟာ စစ်ကောင်စီ အတွက်တော့ သံတမန်ရေး နောက်တချီ ထိုးနှက် ခံရတာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ် ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ စစ်ကောင်စီဟာ သံတမန်ရေး အထီးကျန် ဖြစ်မနေဘူး၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့နဲ့ အမြဲ အဆက်အသွယ် ရှိနေတယ်လို့ ပြောထားပါတယ်။

အိႏၵိယျပည္ေထာင္စုေန႔ အခမ္းအနား ျမန္မာအာဏာသိမ္း စစ္ေခါင္းေဆာင္ကို ဖိတ္မယ္ဆိုတာ မဟုတ္မွန္ေၾကာင္း အိႏၵိယ နိုင္ငံျခားေရး ေျပာခြင့္ရ ပယ္ခ်

လာမယ့္ႏွစ္၂၀၂၂ ဇန္နဝါရီလထဲ အိႏၵိယနိုင္ငံမွာ ႏွစ္စဥ္ ခမ္းခမ္းနားနား ျပဳလုပ္ေလ့ရွိတဲ့ ‘ရီပတ္ဘလစ္ေန႔ စစ္ေရးၿပ ခ်ီတက္ပြဲ’ အခမ္းအနားကို ျမန္မာ အာဏာသိမ္း စစ္ေခါင္းေဆာင္

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကို ဖိတ္ဖို႔ အိႏၵိယ အစိုးရ စီစဥ္တယ္ ဆိုတဲ့ သတင္းေတြကို အိႏၵိယရဲ့ နိုင္ငံျခားေရး႐ုံး ျဖစ္တဲ့ ျပည္ပေရးရာ ဝန္ႀကီး ဌာန MEA က ပယ္ခ် လိုက္ပါတယ္။

“ေရွ႕လာမယ့္ႏွစ္ ရီပတ္ဘလစ္ေန႔ အခမ္းအနား အတြက္ နိုင္ငံျခား ဧည့္သည္ေတာ္ စာရင္းနဲ႔ ပတ္သက္ၿပီး ခန႔္မွန္း ေရးသားေနတာေတြကို မီဒီယာေပၚမွာ ေတြ႕ေနရတယ္။ အဲဒီသတင္းေတြဟာ

မတိက်ပါဘူး။ အခ်က္အလက္ေတြ အေပၚ အေျခမခံဘူး” ဆိုၿပီး MEA ေျပာခြင့္ရ အာရင္ဒမ္ ဘာ့ဂခ်ီက ေျပာပါတယ္။
အေစာပိုင္းတုန္းကေတာ့ နယူးေဒလီ ရီပတ္ဘလစ္ စစ္ေရးၿပ အခမ္းအနားကို BIMSTEC အဖြဲ႕ဝင္ နိုင္ငံေတြက ေခါင္းေဆာ

င္ေတြ အားလုံးကို အိႏၵိယ အစိုးရက ဖိတ္ဖို႔ စီစဥ္ထားတယ္ ဆိုတဲ့ သတင္းေတြ ထြက္လာတာ ျဖစ္ပါတယ္။

BIMSTECဆိုတာ ဘဂၤလား ပင္လယ္ေအာ္ နိုင္ငံမ်ား နည္းပညာနဲ႔ စီးပြားေရး ဘက္ေပါင္းစုံ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႕ ရဲ့ အတိုေကာက္ ျဖစ္ပါတယ္။

ျမန္မာလည္း BIMSTECအဖြဲ႕ဝင္ နိုင္ငံ တစ္နိုင္ငံ ျဖစ္ၿပီး၊ အေရွ႕ေတာင္အာရွ နိုင္ငံေတြထဲက ထိုင္းနဲ႔ အတူပါဝင္ၿပီး၊ ေတာင္အာရွ ၅ နိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏၵိယ၊ နီေပါနဲ႔ သီရိလကၤာတို႔လည္း BIMSTECထဲပါဝင္ပါတယ္။

၁၉၅၀၊ ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ အိႏၵိယနိုင္ငံရဲ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ အသက္ဝင္လာတဲ့ အထိမ္းအမွတ္ အေနနဲ႔ စစ္ေရးၿပ ခ်ီတက္တဲ့ အခမ္းအနားကို နယူးေဒလီၿမိဳ႕ေတာ္ ရာ့ဂ်္ပါ့သ္ (ရာဇလမ္း) မွာ ႏွစ္စဥ္ ခမ္းခမ္းနားနား ျပဳလုပ္ေလ့ ရွိပါတယ္။

ျမန္မာ အာဏာသိမ္း စစ္ေခါင္းေဆာင္ကို နိုင္ငံတကာ စင္ျမင့္ထက္ ဖိတ္ၾကားမယ္ ဆိုတဲ့ သတင္းအေပၚ အိႏၵိယ နိုင္ငံျခားေရး ဌာနဘက္က တရားဝင္ ပယ္ခ်တာဟာ စစ္ေကာင္စီ အတြက္ေတာ့ သံတမန္ေရး ေနာက္တခ်ီ ထိုးႏွက္ ခံရတာ ျဖစ္တယ္လို႔ နိုင္ငံေရး အကဲခတ္ေတြက ဆိုပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ ဘီဘီစီနဲ႔ သီးသန႔္ ေမးျမန္းခန္းမွာ စစ္ေကာင္စီဟာ သံတမန္ေရး အထီးက်န္ ျဖစ္မေနဘူး၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယတို႔နဲ႔ အျမဲ အဆက္အသြယ္ ရွိေနတယ္လို႔ ေျပာထားပါတယ္။