ၾကားသိသမွ်

ဂုဏ်သိက္ခာ မရှိသောစစ်တပ်လုပ်ရပ်(သို့)အာဏာသိမ်းမှုမအောင်မြင်လေ မဆိုင်တာကို လိုရာပုဒ်မဆွဲတပ်လေသည့် အောက်တန်းစား စစ်တပ်

Honour မရှိသောစစ်တပ်

အသက်ရ၀ကျော်အမျိုးသမီးတစ်ယောက်ကိုတိုက်ခိုက်ရင်း သိက္ခာတန်ဖိုးတစ်စက်မှမကျန်အောင် ကျဆင်းသွားရတဲ့မြန်မာစစ်တပ်..

ကိုဇေယျာသော်ကိုဖမ်းမိတာတောင် အမှုနဲ့မဆိုင်တဲ့ ပုံတွေကိုထုတ်လွှင့်ပြပြီး ( အများအမြင်မှာ ပုဂ္ဂိုလ်ရေးသို့လောသို့လောထင်အောင်)

အောက်တန်းကျလွန်းတဲ့စစ်တပ်


မြန်မာနိုင်ငံကစစ်တက္ကသိုလ်အပါအဝင် ကမ္ဘာပေါ်ကစစ်တက္ကသိုလ်တိုင်း စစ်တပ်တိုင်းရဲ့အဓိကဆောင်ပုဒ်က Honour (ဂုဏ်သိက္ခာ)ပါပဲ

စစ်တပ်တစ်ခုက Honour ဂုဏ်သိက္ခာကင်းမဲ့စွာ သူတပါးPrivacyကို ပယ်ပယ်နယ်နယ်တိုက်ခိုက်နေတာမျိုး၊လိုရာပုံစံဖန်တီးပြီး

ပယ်ပယ်နယ်နယ်အောက်တန်းကျနေတာမျိုးလုပ်နေတာ ကမ္ဘာပေါ်မှာဒီစစ်တပ်တစ်ခုပဲရှိမယ်


IS အယ်ခိုင်ဒါ တာလီဘန်တွေတောင် အဲ့လိုလုပ်ရပ်မျိုးမလုပ်ကြဘူး…တစ်ဖက်ကကြည့်တော့လည်း မင်းအောင်လှိုင်ကိုကျေးဇူးတင်တယ်

စစ်တပ်တစ်ခုလုံးကို ဘာသိက္ခာမှအဖက်ဆည်မရတော့အောင် သူလုပ်ပေးသွားတာ..စစ်ဗိုလ်ဆိုတဲ့ကောင်တွေ ဘာဂုဏ်သိက္ခာမှမရှိတော့

အောင် သူလုပ်ပေးသွားတာ..စစ်ဗိုလ်ချုပ်ဆိုတဲ့ရာထူးအဆင့်အတန်းတွေကို ဘာသိက္ခာမှမရှိတော့အောင် သူလုပ်ပေးသွားတာ


မြန်မာစစ်တပ်တစ်ရပ်လုံးကို ဘယ်တော့မှနာလန်မထူနိုင်တော့အောင် ရွံရှာစက်ဆုပ်စရာမိလ္လာကျင်းထဲကို သူနဲ့အတူဆွဲချသွားပေးသွား

တာ..အာဏာသိမ်းတာသာမအောင်မြင်သေးတာ မြန်မာစစ်တပ်တစ်ခုလုံးရဲ့ သိက္ခာတရားကတော့ ဒီတစ်သက်အဖက်ဆည်လို့မရတော့

ဘူး…#N Kham Aung

Honour မရှိသောစစ်တပ်










