စစ်တပ်ထုတ် စိန်ပြောင်းလက်နက် စမ်းသပ်ပစ်ခတ်စဉ် ကျည်လမ်းကြောင်းလွဲသဖြင့် ရွာသားတဦးထိမှန်သေဆုံး
မကွေးတိုင်း၊ အထက်မင်းလှမြို့အခြစိုက် အမှတ်(၂) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၂) တပ်တာဝေးစက် ပစ်ကွင်းမှ စမ်းသပ်ပစ်ခတ်
လိုက်သည့် ကပစစစ်တပ်ထုတ် စိန်ပြောင်းလက် နက်ကျည် ကျည်လမ်းကြောင်းလွဲချော် ကျရောက်သဖြင့် မင်းလှမြို့နယ်၊တောင်ဦးရွာက
ဒေသခံရွာသားတဦး နိုဝင်ဘာ ၂၀ ရက်နေ့က လက် နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စိန်ပြောင်းလက်နက်များကိုစမ်းသပ်ပစ် ခတ်ရာတွင် လူသူမရှိသည့် တောင်များဘက်သို့ ပစ်ခတ်ခြင်း ဖြစ်သော်လည်း ပစ်ခတ်လိုက်
သည့်စိန်ပြောင်း ကျည်ဆံသည် ကျည်ချော်လမ်း ကြောင်းလွဲ၍ တောင်ယာစိုက်ပျိုးနေသူ တောင်ဦးရွာ ရွာသားအား ထိမှန်သေဆုံးခြင်းဖြစ်
ကြောင်း သိရသည်။
” အဲ့ဒီတပ်ကလက်နက်စမ်းတာ ဟိုအရင်ကတည်းက လုပ်တာ။ ပစ်ရင် ဒီမှန်ပြတောင်တို့ ပုတီးတောင် တို့ဘက်ကိုပစ်တာ။ သူတို့လက်နက်
စမ်းတော့ မယ်ဆိုရင် ရွာတွေကိုသတိပေးစာတော့ထုတ်တယ်။ ခုဟာက သူတို့တား မြစ်ထားတဲ့နေရာကိုသွားလို့မှန်တာမဟုတ်ဘူး။ တောင်
ယာစိုက်တဲ့နေရာဘက်ကို အမြောက် ကျည်ဆံလွဲပြီးလာကြလို့ မှန်ပြီးသေရတာ။” တောင်ဦးရွာ ဒေသခံတဦးက ဧရာ ဝတီတိုင်းမ်ကို
ပြောသည်။အဆိုပါ ကပစတပ်ထုတ် လက်နက်ကြီးများသည် ရုရှား၊တရုတ် နည်းပညာဖြင့် ကပစတပ်များမှထုတ်လုပ်သည့် လက်နက်များ
ဖြစ်ပြီး ထုတ်လုပ်ပြီးနောက် စမ်းသပ်ပစ် ခတ်ပြီးမှသာ ရှေ့တန်းစစ်ဆင်ရေးတပ်များနှင့်အမြောက် တပ်များသို့လွှဲပြောင်းပေးခြင်းဖြစ်
ကြောင်းသိရသည်။
” ဒီကပစထုတ်လက်နက်ကြီးတွေကို ထုတ်ပြီးလို့ နောက် ဆုံးအဆင့်စမ်းပြီးပစ်ရင် ဒီ ကပစ ၂ စစ်တပ်က တာဝေးပစ်စက်ပစ်ကွင်းမှာစမ်းရ
တာ။ ဘယ်ကပစ ထုတ်ထုတ် အဲ့ဒီစက်ပစ်ကွင်းမှာစမ်းရတာ။ အဲ့ဒီမှစမ်းပစ်လို့ အဆင် ပြေပြီဆိုမှ တိုက် ခိုက်ရေးတပ်တွေနဲ့အမြောက်တပ်
တွေ ကို ပြန်လွှဲတာ။” ဟု ကပစတပ်နှင့် နီးစပ်သူတဦးကပြော သည်။
ထိုသို့ လွှဲပြောင်းပေးမှုမပြုလုပ်မီ စမ်းသပ်ပစ်ခတ်စဉ် ကျည်ချော်၍ အဆိုပါရွာသားထိမှန် သေဆုံးခဲ့ခြင်းဖြစ် သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်ကောင်စီဘက် မှ တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ယင်းစက်ပစ်ကွင်းပစ်ခတ်စစ်းသပ်မှုများပြုလုပ်ပါက အဆိုပါတပ်အနီးတဝိုက်ရှိရွာများ၏ နီးစပ် နေရာများ ကျည်ချော်ကျရောက်မှုများ
မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ပေါက်ကွဲခြင်းမရှိသည့် လက်နက်ကြီးကျည်ဆံများလည်း အများအပြား တွေ့ရှိရကြောင်း ဒေသခံများထံကသိရ
သည်။