ၾကားသိသမွ်

တရုတ်ဂြိုလ်တုမှ စွန့်ပစ် အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းတစ်ခု ရခိုင်ပင်လယ်ပြင်သို့ ကျရောက်

နိုဝင်ဘာ ၂၃

အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်အပိုင်းတစ်ခုသည် နိုဝင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲအချိန်က ရခိုင်ပြည်နယ် သံတွဲမြို့နယ်

နှင့် မာန်အောင်မြို့နယ်အနီးပင်လယ်ပြင်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

ကောင်းကင်မှအလင်းတန်းကြီးတစ်ခုသည် မာန်အောင်မြို့၏အနောက်တောင်ဖက်ပင်လယ်ထဲသို့ ကျသွားသည်ကိုတွေ့မြင်လိုက်ပြီး

ပေါက်ကွဲသံများလည်းကြားလိုက်ရကြောင်း မာန်အောင်မြို့ ကအီးကမ်းခြေအနီးနေထိုင်သူ ဒေသခံ ကိုအောင်ထွန်းလင်း ပြောပါသည်။


“အလင်းတန်းတစ်ခု မြောက်ဖက်ကဖြတ်လာပြီးတော့ အနောက်တောင်ဖက်ပင်လယ်ပြင်ထဲကိုကျသွားပြီး ပေါက်ကွဲသံ ၂ ချက်နဲ့အတူ တုန်

ခါမှုတွေပါဖြစ်သွားတယ်။ ဘာဖြစ်တယ်ဆိုတာကိုတော့မသိဘူး။ ထိခိုက်မှုရှိတဲ့အသံတွေတော့ မကြားမိဘူး”ဟု ၎င်းကပြောပါသည်။

ယင်းသို့ပေါက်ကွဲခြင်းမှာ တရုတ်မှလွှတ်တင်ထားသော ဂြိုဟ်တုမှ စွန်ပစ်ပစ္စည်းဖြစ်ပြီး သင်္ဘောနှင့် ငါးဖမ်းလှေများကိုမထွက်ရန်

သက်ဆိုင်ရာမှ စာထုတ်ပြန်ပေးပို့ထားကြောင်း မာန်အောင်-တောင်ကုတ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်ပိုင်ရှင် ကိုမောင်မောင်အေးက

ပြောပါသည်။

“စာတော့ဝင်ထားတယ်။ ဂြိုဟ်တုစွန့်ပစ်ပစ္စည်းတစ်ခုကျဖို့ရှိတယ်။ ဒီနေ့ နံနက် ၅ နာရီ ၆ နာရီလောက်ကို။ အဲဒါကြောင့် ရေယာဉ်တွေမ

ထွက်ဖို့ အစိုးရကသတိပေးထားတာရှိတယ်”ဟု ၎င်းကပြောဆိုပါသည်။

ယင်းအာကာသယာဉ်မှပြုတ်ကျသည့် စွန့်ပစ်ပစ္စည်းမှာ သံတွဲလေဆိပ်၏ အနောက်တောင်ဖက် ၃၄ မိုင်နှင့် မာန်အောင်လေဆိပ်

အနောက်တောင်ဖက် ရေမိုင် ၄၃ မိုင်သို့ကျဆင်းနိုင်ကြောင်း သက်ဆိုင်ရာမှ အသိပေးထားကြောင်း သိရပါသည်။

အလားတူ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလဲ တရုတ်အာကာသလွန်းပျံယာဉ်မှ မလိုအပ်သောအစိတ်ပိုင်းကို ရခိုင်ပြည်နယ် မာန်

အောင်လေဆိပ်၏ တောင်ဘက်ရေမိုင်(၄၅)မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင်(၃၃)မိုင်ခန့်နှင့် ပုသိမ်လေဆိပ်၏

အနောက်မြောက်ဘက် ရေမိုင်(၆၀)မိုင်ခန့် ပင်လယ်ပြင်တွင် စွန့်ပစ်မှုပြုလုပ်ခဲ့ပါသည်။
ဓာတ်ပုံ – အာကာသ လေယာဉ် ပျက်ကျစဉ် DMG

အာကာသလြန္းပ်ံယာဥ္ အစိတ္အပိုင္းတစ္ခု ရခိုင္ပင္လယ္ျပင္သို႔ က်ေရာက္
နိုဝင္ဘာ ၂၃

အာကာသလြန္းပ်ံယာဥ္မွ မလိုအပ္ေသာအစိတ္အပိုင္းတစ္ခုသည္ နိုဝင္ဘာ ၂၃ ရက္ နံနက္ ၅ နာရီခြဲအခ်ိန္က ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္ႏွင့္ မာန္ေအာင္ၿမိဳ႕နယ္အနီးပင္လယ္ျပင္သို႔ က်ေရာက္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရပါသည္။

ေကာင္းကင္မွအလင္းတန္းႀကီးတစ္ခုသည္ မာန္ေအာင္ၿမိဳ႕၏အေနာက္ေတာင္ဖက္ပင္လယ္ထဲသို႔ က်သြားသည္ကိုေတြ႕ျမင္လိုက္ၿပီး ေ

ပါက္ကြဲသံမ်ားလည္းၾကားလိုက္ရေၾကာင္း မာန္ေအာင္ၿမိဳ႕ ကအီးကမ္းေျခအနီးေနထိုင္သူ ေဒသခံ ကိုေအာင္ထြန္းလင္း ေျပာပါသည္။

“အလင္းတန္းတစ္ခု ေျမာက္ဖက္ကျဖတ္လာၿပီးေတာ့ အေနာက္ေတာင္ဖက္ပင္လယ္ျပင္ထဲကိုက်သြားၿပီး ေပါက္ကြဲသံ ၂ ခ်က္နဲ႔အတူ တုန္ခါမႈေတြပါျဖစ္သြားတယ္။ ဘာျဖစ္တယ္ဆိုတာကိုေတာ့မသိဘူး။ ထိခိုက္မႈရွိတဲ့အသံေတြေတာ့ မၾကားမိဘူး”ဟု ၎ကေျပာပါသည္။

ယင္းသို႔ေပါက္ကြဲျခင္းမွာ တ႐ုတ္မွလႊတ္တင္ထားေသာ ၿဂိဳဟ္တုမွ စြန္ပစ္ပစၥည္းျဖစ္ၿပီး သေဘၤာႏွင့္ ငါးဖမ္းေလွမ်ားကိုမထြက္ရန္ သ

က္ဆိုင္ရာမွ စာထုတ္ျပန္ေပးပို႔ထားေၾကာင္း မာန္ေအာင္-ေတာင္ကုတ္ေျပးဆြဲေနသည့္ အျမန္ေရယာဥ္ပိုင္ရွင္ ကိုေမာင္ေမာင္ေအးကေျပာပါသည္။

“စာေတာ့ဝင္ထားတယ္။ ၿဂိဳဟ္တုစြန႔္ပစ္ပစၥည္းတစ္ခုက်ဖို႔ရွိတယ္။ ဒီေန႔ နံနက္ ၅ နာရီ ၆ နာရီေလာက္ကို။ အဲဒါေၾကာင့္ ေရယာဥ္ေတြမထြက္ဖို႔ အစိုးရကသတိေပးထားတာရွိတယ္”ဟု ၎ကေျပာဆိုပါသည္။

ယင္းအာကာသယာဥ္မွျပဳတ္က်သည့္ စြန႔္ပစ္ပစၥည္းမွာ သံတြဲေလဆိပ္၏ အေနာက္ေတာင္ဖက္ ၃၄ မိုင္ႏွင့္ မာန္ေအာင္ေလဆိပ္ အေနာက္ေတာင္ဖက္ ေရမိုင္ ၄၃ မိုင္သို႔က်ဆင္းနိုင္ေၾကာင္း သက္ဆိုင္ရာမွ အသိေပးထားေၾကာင္း သိရပါသည္။

အလားတူ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔ကလဲ တ႐ုတ္အာကာသလြန္းပ်ံယာဥ္မွ မလိုအပ္ေသာအစိတ္ပိုင္းကို ရခိုင္ျပည္နယ္ မာန္ေ

အာင္ေလဆိပ္၏ ေတာင္ဘက္ေရမိုင္(၄၅)မိုင္ခန႔္၊ သံတြဲေလဆိပ္၏ အေနာက္ေတာင္ဘက္ ေရမိုင္(၃၃)မိုင္ခန႔္ႏွင့္ ပုသိမ္ေလဆိပ္၏ အေနာက္ေျမာက္ဘက္ ေရမိုင္(၆၀)မိုင္ခန႔္ ပင္လယ္ျပင္တြင္ စြန႔္ပစ္မႈျပဳလုပ္ခဲ့ပါသည္။

ဓာတ္ပုံ – အာကာသ ေလယာဥ္ ပ်က္က်စဥ္ DMG