ၾကားသိသမွ်

တကောင်းနီကယ်စက်ရုံမှာ တူးထားတဲ့ လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းက တရုတ်အထိ ပေါက်နေပြီလား?

တကောင်းနီကယ်စက်ရုံမှာ တူးထားတဲ့ လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းက တရုတ်အထိ ပေါက်နေပြီလား?

ကျွန်တော် အခုရေးမယ့် သတင်းဆောင်းပါးလေးဟာ နိုင်ငံရဲ့သယံဇာတကို ချစ်တဲ့သူတစ်ယောက်ရဲ့ အစိုးရိမ်ပိုမှု ဖြစ်နိုင်သလို မဖြစ်နိုင်ဘူး

လို့လည်း မပြောနိုင်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့် မြို့နယ်မှာ တည်ထားတဲ့ တရုတ်နီကယ်စက်ရုံအရောက် မန္တလေးတိုင်း

တကောင်းဘက်ကနေ မြင့်မားလှတဲ့ တောင်တန်းကြီးတွေကိုကျော်ဖြတ်ပြီး သတ္တုရိုင်းတွေကို ရွေ့လျားစက်တွေနဲ့ သယ်ပို့နေလို့ပဲ ဖြစ်ပါ

တယ်၊


တကောင်းတောင် နီကယ်သတ္ထုတူးဖော်ရေး စီမံကိန်းကို တရုတ်နိုင်ငံရှိ China Nonferrous Metal Mining Group (CNMC) ကုမ္ပဏီနဲ့

Taiyuan Lron and steel Group ကုမ္ပဏီတို့က ၂၀၀၉ ခုနှစ်မှာ စတင်တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အကြီးဆုံးစက်ရုံဖြစ်ပေမယ့် လူသိနည်းလွန်းလှပါတယ်၊ စက်ရုံဖွင့်ပွဲလည်း ယခုအချိန်ထိ မလုပ်ရသေးပါဘူး၊ စက်ရုံရဲ့

တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်အုပ်စု မောင်းကုန်းကျေးရွာအနီး တည်ရှိပါတယ်။


နိုင်ငံအဝှမ်းက ပြည်သူလူထုတွေ မသိကြပေမယ့် ဒေသခံတွေနဲ့ ဒေသအနီးနေထိုင်သူတွေကတော့ ဒီစက်ရုံအကြောင်း သိကြပါတယ်။

မြင့်မားရှည်လျားလှတဲ့ တောင်တန်းကြီးတွေကို ကျော်ဖြတ်ပြီး သတ္တုရိုင်းတွေကို ရွေ့လျားစက်တွေနဲ့ သယ်ပို့နေတာကို ဒေသအနီးကလူ

တွေ အတွက် ဒီရွေ့လျားစက်ဟာ

ထင်သာမြင်သာရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာ တည်ထားတဲ့ တယုတ်နီကယ်စက်ရုံရဲ့ မြေအောက်မှာ

ဥမင်လိုဏ်ခေါင်း ဖောက်ထားတာကိုတော့ သိသူမြင်သူ နည်းပါးလှပါတယ်။


အဲဒီ မြေအောက် ဥမင်လိုဏ်ခေါင်းဟာ အလွန်ရှည်လျားကြောင်းလည်းသိရှိရပါတယ်၊ အချို့တတွေ ပြောဆိုချက်အရ တရုတ်ပြည်အထိ ရှိ

နိုင်တယ်လို့ သတင်းရရှိထားပါတယ်၊

ဒါကို မဖြစ်နိုင်ဘူးလို့ မထင်ကြပါနဲ့၊ အဲဒီစက်ရုံကို တရုတ်ပြည်ကနေ လျှပ်စစ်ဓာတ်အား တိုက်ရိုက်ယူထားတာကို ကြည့်ခြင်းအားဖြင့် စိုးရိမ်

စဖွယ် အခြေအနေလို့ သုံးသပ်သင့်ကြပါတယ်။

နေပြည်တော်မှ သက်ဆိုင်ရာအနေနဲ့ စက်ရုံတွေထဲကို ဝင်ရောက် စစ်ဆေးသင့်ပါတယ်၊ တကယ်ဟုတ်နေရင် နိုင်ငံစီးပွားရေးအတွက်သာ

မက လုံခြုံရေး စစ်ရေးအတွက်ပါ အန္တရာယ်ရှိပြီ ဖြစ်ပါတယ်။


ကျွန်တော်တို့ မီဒီယာအနေနဲ့ကတော့ မြေအောက် ဥမင်လိုဏ်ခေါင်းထဲကို ရှားရှားပါးပါးရောက်ဖူးခဲ့သူ မြန်မာတစ်ယောက်နဲ့ ချိတ်ဆက်မိ

နေပါပြီ။မြန်မာတွေကို မြေအောက် ဥမင်လိုဏ်ခေါင်းထဲ အဝင်မခံပေမယ့် ကျွန်တော်တို့ ချိတ်ဆက်မိထားတဲ့ သူဟာ မြန်မာနိုင်ငံဖွား တရုတ်

ဖြစ်နေတဲ့အတွက်ရယ် စကားပြန်လူယုံ ဖြစ်နေတဲ့အတွက်ရယ်ကြောင့်သာ ဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

အကြမ်းဖျင်း သူပြောပြတာကတော့ တစ်ရက်မှာ မြေအောက် ဥမင်လိုဏ်ခေါင်းထဲက ရွေ့လျားစက်ရပ်သွားတဲ့အတွက် တရုတ်

အင်ဂျင်နီယာက ပြုပြင်ရန် အဖေါ်ခေါ်လို့ လိုက်သွားရတာ ဖြစ်ပါတယ်။


သူတို့သွားချိန်ဟာ ၁ နာရီကျော်ကြာပြီး အဲဒီနေရာမှာ ပြစ်ချက်တွေ့လို့ ပြုပြင်ပြီး ပြန်လှည့်ခဲ့တာဖြစ်ပါတယ်၊ နောက်ထပ် ဆက်သွားလို့ရ

ပေမယ့် ဘယ်အထိရတယ်ဆိုတာ သူ မသိခဲ့ပါဘူး။စက်ရုံရဲ့ အမည်ဟာ Myanmar CNMC Nickel Co.Ltd ဖြစ်ပါတယ်။

Credit..ဟာဂျူလီ-ကသာ