ၾကားသိသမွ်

တောင်ကိုရီးယားက အာဏာရှင်ဟောင်း ချန်ဒူးဝမ် သေဆုံး

တောင်ကိုရီးယားက အာဏာရှင်ဟောင်း ချန်ဒူးဝမ် သေဆုံး

တောင်ကိုးရီးယားနိုင်ငံမှ အာဏာရှင် သမ္မတဟောင်း ချန်ဒူးဝမ်သည် နိုဝင်ဘာ ၂၃ရက်နေ့တွင် ကွယ်လွန်သွားကြောင်း အစိုးရပိုင် ယွန်ဟပ်

သတင်းဌာနက ကြေညာထားသည်။

အသက် ၉ဝအရွယ်ရှိပြီဖြစ်သော ချန်ဒူးဝမ်သည် သွေးကင်ဆာတစ်မျိုးဖြစ်သော multiple myeloma ရောဂါကို ခံစားနေရသူဖြစ်ကာ ခွဲစိပ်

ကုသနေရသူလည်းဖြစ်ပြီး ယင်းရောဂါဖြင့်ပင် ဆိုးလ်မြို့ရှိ ၄င်း၏နေအိမ်တွင်ပင် ကွယ်လွန်ခြင်းခဲ့ခြင်းဖြစ်သည်။​


ချန်ဒူးဝမ် သည် ၁၉၇၉ ခုနှစ်တွင် အာဏာသိမ်းကာ သမ္မတရာထူးကိုရယူခဲ့ပြီးနောက် ၁၉၈၀ ခန့်တွင် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ဒီမိုက

ရေစီရေး ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာတွင် အင်အားသုံးနှိမ်နင်းခဲ့ပြီး၊ ကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုများကြောင့် ၁၉၈၇ ခု

နှစ်တွင် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။


တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် ဂွမ်ဂျူးအရေးတော်ပုံတွင် လူများစွာကို သတ်ဖြတ်ရန်အမိန့်ပေးခဲ့သူအဖြစ် ထောင်ဒဏ်တစ်သက်

ချမှတ်ခဲ့ရပြီး ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

ချန်ဒူးဝမ်ကို ကိုရီးယားနိုင်ငံ ကျုံဆမ်နမ်ဒို အရပ်ဒေသ၌ ၁၉၃၁ ခုနှစ်တွင် မွေးဖွားပြီး အထက်တန်းကျောင်းမှထွက်ပြီးနောက် တောင်ကိုရီး

ယားစစ်တပ်တွင် တောက်လျောက်အမှုထမ်းခဲ့သူတစ်ဦးလည်းဖြစ်သည်။


၁၉၈၃ခုနှစ် အောက်တိုဘာ (၉) ရက်တွင် ရန်ကုန်မြို့ရှိ အာဇာနည်ကုန်း၌ ဗုံးပေါက်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ အာဏာရှင်ချန်ဒူးဝမ် မြန်မာပြည်

သို့လာရောက်လည်ပတ်စဥ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းသည်။ MPA

ေတာင္ကိုရီးယားက အာဏာရွင္ေဟာင္း ခ်န္ဒူးဝမ္ ေသဆုံး

ေတာင္ကိုးရီးယားနိုင္ငံမွ အာဏာရွင္ သမၼတေဟာင္း ခ်န္ဒူးဝမ္သည္ နိုဝင္ဘာ ၂၃ရက္ေန႔တြင္ ကြယ္လြန္သြားေၾကာင္း အစိုးရပိုင္ ယြန္ဟပ္သတင္းဌာနက ေၾကညာထားသည္။

အသက္ ၉ဝအရြယ္ရွိၿပီျဖစ္ေသာ ခ်န္ဒူးဝမ္သည္ ေသြးကင္ဆာတစ္မ်ိဳးျဖစ္ေသာ multiple myeloma ေရာဂါကို ခံစားေနရသူျဖစ္ကာ ခြဲစိပ္ကုသေနရသူလည္းျဖစ္ၿပီး ယင္းေရာဂါျဖင့္ပင္ ဆိုးလ္ၿမိဳ႕ရွိ ၄င္း၏ေနအိမ္တြင္ပင္ ကြယ္လြန္ျခင္းခဲ့ျခင္းျဖစ္သည္။​

ခ်န္ဒူးဝမ္ သည္ ၁၉၇၉ ခုႏွစ္တြင္ အာဏာသိမ္းကာ သမၼတရာထူးကိုရယူခဲ့ၿပီးေနာက္ ၁၉၈၀ ခန႔္တြင္ ေတာင္ကိုရီးယားနိုင္ငံတစ္ဝန္း

ဒီမိုကေရစီေရး ဆႏၵျပမႈမ်ားျဖစ္ပြားခဲ့ရာတြင္ အင္အားသုံးႏွိမ္နင္းခဲ့ၿပီး၊ ေက်ာင္းသားမ်ားဦးေဆာင္သည့္ ဒီမိုကေရစီလႈပ္ရွားမႈမ်ားေၾကာင့္ ၁၉၈၇ ခုႏွစ္တြင္ သမၼတအျဖစ္မွ ႏုတ္ထြက္ခဲ့ရသည္။

ေတာင္ကိုရီးယားနိုင္ငံ၏ နာမည္ေက်ာ္ ဂြမ္ဂ်ဴးအေရးေတာ္ပုံတြင္ လူမ်ားစြာကို သတ္ျဖတ္ရန္အမိန႔္ေပးခဲ့သူအျဖစ္ ေထာင္ဒဏ္တစ္သက္ခ်မွတ္ခဲ့ရၿပီး ၁၉၉၇ ခုႏွစ္တြင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္ခဲ့သည္။

ခ်န္ဒူးဝမ္ကို ကိုရီးယားနိုင္ငံ က်ဳံဆမ္နမ္ဒို အရပ္ေဒသ၌ ၁၉၃၁ ခုႏွစ္တြင္ ေမြးဖြားၿပီး အထက္တန္းေက်ာင္းမွထြက္ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္တြင္ ေတာက္ေလ်ာက္အမႈထမ္းခဲ့သူတစ္ဦးလည္းျဖစ္သည္။

၁၉၈၃ခုႏွစ္ ေအာက္တိုဘာ (၉) ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ အာဇာနည္ကုန္း၌ ဗုံးေပါက္မႈ တစ္ရပ္ျဖစ္ပြားခဲ့ရာ အာဏာရွင္ခ်န္ဒူးဝမ္ ျမန္မာျပည္သို႔လာေရာက္လည္ပတ္စဥ္ လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးစားခဲ့ျခင္းသည္။ MPA