ၾကားသိသမွ်

“စစ်ဖိနပ်နဲ့နင်းထားတဲ့ ပညာရေးကိုအလိုရှိတာလား” အထက်တန်းကျောင်းသားများသမဂ္ဂ၏အမြင်

“စစ်ဖိနပ်နဲ့နင်းထားတဲ့ ပညာရေးကိုအလိုရှိတာလား”

ကိုဗစ်နဲ့ ဒီအာဏာသိမ်းမှုကြောင့် ကျောင်းတွေဟာ (၂) နှစ်ကျော်လောက်ပိတ်ထားပြီးနောက်မှာ အသက်အရွယ်ကြီးလာတာရော စာနဲ့

ကင်းကွာနေတာရောကြောင့်အချို့သောမိဘတွေကကျောင်းပြန်ပို့ဖို့ စီစဉ်လာကြတယ်။ ဒီကြားထဲ ကျောင်းကိုမိဘပို့လို့တက်ရတာပါဆိုပြီး

ကိုယ်တိုင်ကျပျော်နေတဲ့ကောင်တွေရှိတယ်။ ဒါတွေခဏထား ယခင်ခေတ်ကိုပြန်ကြည့်ရင် နိုင်ငံခြားကိုအရမ်းအထင်ကြီးတယ် ။ဆရာဝန်

အင်ဂျင်နီယာသင်္ဘောသားမဟုတ်ရင် လူရာမသွင်းကြပြန်ဘူး။


အနုပညာတွေဆိုတာ ဝေသာဝေးရော ပေါတောတောခပ်ကြောင်ကြောင် အရာတွေတက်လာတယ်။ အနုပညာအစစ်ဆိုတဲ့ရသ ကြပျောက်

ကွယ်နေတယ်။ အဆိုတော်ဖြစ်ချင်တဲ့ သူတွေကြတော့လည်း လူပျက်ဘာညာအပြောခံရတဲ့ ခေတ်ကြီးအဲ့ခေတ်တွေထဲ ပြန်မရောက်ဖို့ သူတို့

ရဲ့မှိုင်းတိုက်တာတွေမခံရဖို့ကျောင်းမသွားဖို့ အကြံပေးကြတယ်။ ဝိုင်းဝန်းပြောဆိုကြတယ်။သို့သော်များလည်း နားမဝင်ဘဲ ဆယ့်သုံးမှတ်ရရုံ

နဲ့အောင်မဲ့ ခွေးတိုးပေါက်လေးကိုဝင်လာကြတယ်။


ဒါတွေကိုမက်မောပြီးအရေးကြီးတဲ့အရာတွေကိုကျမေ့နေတယ်။ လွတ်လပ်စွာသင်ကြားပိုင်ခွင့်နဲ့စစ်မှန်တဲ့ Democracy ပညာရေးရဖို့နေ

နေသာသာ ဖက်ဆစ်ဆန်တဲ့အတွေးတွေ ၊Genocide တွေနဲ့ ပညာရေးတွေရိုက်သွင်းမဲ့စာတွေ ဘာမှတက်မလာမဲ့အရာတွေကိုမျှော်လင့်ချက်

ထားပြီး ဘယ်သူဘာဘာဖြစ်ဖြစ် ငါတတ်ရင်ပြီးတာပဲဆိုတဲ့ပုံစံနဲ့ ဒီတစ်တန်းအောင်လည်းအေးတာဘဲ ဆိုပြီးခပ်ပေါ့ပေါ့ အတွေးတွေးပြီးသွား

ထားလိုက်တယ်။ လူသားဒိုင်းလုပ်ခံရမဲ့အန္တရာယ် အာဏာရှင်ဆန်မဲ့အတွေးတွေ လူကြားထဲလူရာမဝင်မဲ့ အသိုင်းအဝိုင်းဆိုတဲ့ စာရင်းထဲ

ကိုယ်တိုင်ဝင်သွားကြတယ်။


မိဘတွေကလည်း လိုလိုလားလားကြီးကို ထည့်ပေးလိုက်ကြတယ် ။ ဒါပေမယ့် အတန်းပညာအောင်လည်း အရည်အချင်းက ဒါကဒါဘဲ။

အသက်တွေပေးနေရတဲ့အသက်မပြည့်သေးတဲ့လူငယ်တွေ ရှေ့တန်းတိုက်၊မိဘနဲ့စွန့်ခွာ အမွေပြတ်ဖြစ်သွားတဲ့လူငယ်‌တွေကို ကျောခိုင်းပြီး

အသက်စတေးပေးသွားတဲ့ သူတွေကိုမှအားမနာ တတ်လိုက် ၊ပျော်ပါးလိုက်နဲ့ ဒါတွေအပြင် Internet သုံးခွင့်မရတဲ့ ကျောင်းသားတွေလည်း

ရှိတယ်။ အဲ့တာတွေအတွက် အာဏာသိမ်းတာသာသူတို့သိတာ ကျန်တာမသိရှာဘူး ။အဲ့လိုတွေအတွက် မှိုင်းတိုက်ခံရတယ်ဆိုတာ လွယ်

လွယ်လေး အဲ့တော့အနာဂတ်ကို ဆေးချယ်မှာ လူငယ်တွေပါ။ ဒါပေမဲ့နောက်ခံကာလာက မကောင်းခဲ့ရင်တော့ အရှေ့မှာရောက်လာမဲ့ ကာ

လာကလည်း အရည်အချင်းညံ့နေမှာပါ။


အဲ့တော့ပြောချင်တာကတော့ယခုချိန်မှာကိုယ့်ရဲ့သားသမီးလည်းအန္တရာယ်ကင်းဖို့ရော အနာဂတ်အတွက်ရော သူသဘောကျရာ သူ

စိတ်ဝင်စားရာတစ်ခုခုကိုမိဘတွေအနေနဲ့ အတတ်နိုင်ဆုံး support ပေးနိုင်မှသာသူများထက်နောက်မကျခဲ့မှာပါ။ နိုင်ငံရေးအသိတိုးပွားချင်

တယ်ဘာညာတွေဆို စာအုပ်တွေရှာဖတ်ပါ။ စာနဲ့မဝေးကွာချင်ရင် ကြားကာလပညာရေးဖော်ဆောင်ပြီးသားလည်း ဖြစ်တာကြောင့် လာ

ရောက်အပ်နှံနိုင်ပါတယ်။


အနာဂတ်ရဲ့ကြယ်ပွင့်လေးဟာ ဘာမဟုတ်တာလေးကြောင့်နဲ့ မမှေးမှိန်သွားပါစေနဲ့။ မတရားမှုကို ဥပေက္ခာပြုပြီး ကိုယ်တစ်ယောက်

ကောင်းဖို့ပဲကြည့်တာထက် မတရားမှုကို လွန်ဆန်ပြီး စစ်မှန်တဲ့ တရားမျှတမှုကို မျှော်လင့်မိပါတယ်။ ကျောင်းသားမိဘများ အနေနဲ့လည်း

လူကြီးလူကောင်းပီပီ သေချာစဉ်းစားစေချင်ပါတယ်။ ဓမ္မကို အဓမ္မကနိုင်တယ်လို့ ဆိုရိုးမရှိပါဘူး။အဲ့တော့ မတရားမှုကို မသိချင်ယောင်

ဆောင်ပြီး ကျော်သွားမဲ့အစား ကိုယ့်သားသမီး အနာဂတ်ကောင်းမွန်စေမဲ့ တရားသော ပညာရေးကိုပဲ အားပေးစေချင်ပါတယ်။

အ.ထ.က (၁) သင်္ဃန်းကျွန်းကျောင်းသားများသမဂ္ဂ (ဗသများအဖွဲ့ချုပ်)
#behs1tggnsu #ABFSU