ၾကားသိသမွ်

စာသင်ကျောင်းအတွင်း တပ်စွဲထားသောစစ်အုပ်စုကို PDF ၄ ဖွဲ့ရဲ့တိုက်ခိုက်၊ အရာရှိတဦးနဲ့ စစ်သား ၁၀ဦးသေဆုံး

စာသင်ကျောင်းအတွင်း တပ်စွဲထားသောစစ်အုပ်စုကို PDF ၄ ဖွဲ့ရဲ့တိုက်ခိုက်၊ အရာရှိတဦးနဲ့ စစ်သား ၁၀ဦးသေဆုံး

မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း တပ်စွဲထားသောစစ်ကောင်စီအဖွဲ့အား နိုဝင်ဘာလ ၂၂ ရက်ည ၁၁နာရီ

ဝန်းကျင် PDF ၄ ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အရာရှိတဦးနှင့်စစ်သားရဲသား ၁၀ဦးသေဆုံးကြောင်း 27Revolutin forces (မြင်းခြံ)မှ

တာဝန်ရှိသူတဦးက ပြောသည်။


” RPG7 နဲ့တစ်ချက် ပစ်ခဲ့ပါတယ်၊ မောင်းပြန်သေနတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ ၊ ကျွန်တော်တို့က အဲဒီထဲမှာနေတဲ့ စစ်ခွေး

အင်အားအတိအကျတော့မသိဘူးခင်ဗျာ၊ မနေ့ညတုန်းက စစ်ခွေး ၈ ကောင်သေပြီးတော့ ၂ ကောင်ဒဏ်ရာရပြီးတော့ ဒီနေ့မနက်ဒဏ်ရာရ

တဲ့ ၂ ကောင်ပါထပ်သေတယ်လို့သိရပါတယ်ခင်ဗျာ” လို့ မြေလတ်အသံကို ပြောသည်။

27 Revolutin forces (မြင်းခြံ) အဖွဲ့အနေနဲ့ မြောင်မြို့နယ်အပါအဝင် တိုက်ပွဲစုစုပေါင်း ၄ကြိမ်နီးပါး တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီး စစ်အုပ်စုဘက်

က တပ်သား ၁၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။


” ကျွန်တော်တို့လည်းကျိုးစားနေပါတယ်၊ ပြည်သူကလှူတဲ့ပိုက်ဆံတို့ဆေးဝါးရိက္ခာတို့ အဓိကတော့ငွေပေါ့ လူဆိုတာငွေနဲ့တွေ့လိုရှိရင်ပျက်

ဆီးတတ်တာ၊ ကျွန်တော်တို့ကပြည်သူလူထုကလှူတဲ့ ငွေကြေးတွေကိုဒီတော်လှန်ရေးအတွက်အသုံးချပြီး စစ်ခွေးတွေကိုအမြစ်ပြတ်အောင်

မြန်မြန်တိုက်ထုတ်ပါ့မယ်လို့ပြည်သူလူထုကိုဂတိပေးပါတယ်ဟု ” 27Revolutin forces (မြင်းခြံ)မှတာဝန်ရှိသူ တဦးမှ ပြောသည်။

မနေ့ညက တိုက်ပွဲကို 27Revolution forces၊ Zeroပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ Nathogyi Regional PDF နဲ့ နွားထိုး

ကြီးPDFမဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
# မြေလတ်အသံ