ၾကားသိသမွ်

တော်လှန်သောတစ်ဦးတည်းသောသား

တော်လှန်သောတစ်ဦးတည်းသောသား

သူက အရမ်းခံစားလွယ်တတ်တယ်၊ ဒေါင်းတိမောင်းတိမဟုတ်ဘူး၊ အားနာတတ်တယ်၊ အဲဒီအတွက် နိုင်ငံရေးသမားဆိုတဲ့အခြေအနေ ၊

ကျောင်းသားသမဂ္ဂခေါင်းဆောင်ဆိုတဲ့အ‌ခြေအနေ နဲ့ သူနဲ့လိုက်ဖက်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် သူက နိုင်ငံရေးကို စိတ်ဝင်စားတယ်

ဆိုတာ သူငယ်ငယ်ကတည်းကတော့ သိခဲ့တယ်။


သူငယ်ငယ်က သူ့ကို ကျမတို့ပြောပြတဲ့ အိပ်ယာဝင်ပုံပြင်တွေဟာ အမှောင်ခေတ်ကို ကျမတို့ဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာတွေ၊ ရှစ်

လေးလုံးအရေးတော်ပုံကာလကြီးမှာ ကျမတို့ ဘယ်လိုဖြတ်ကျော်ခဲ့သလဲ၊ ဘာတွေကြုံတွေ့ခဲ့ရသလဲဆိုတာတွေပါပဲ၊ အဲဒီအခါကျရင် သူက

စိတ်ဝင်စားပြီး အမြဲနားထောင်တယ်၊ သူ့ပါပါးက အာဏာရှင်ကိုဆန့်ကျင်တယ်၊ ထောင်ကျတယ်၊ တိုက်ပိတ်ခံရတယ်၊ ထောင်တွင်းတိုက်ပွဲ

တွေနွှဲတယ်ဆိုတဲ့ ဇာတ်လမ်းတွေဟာ သူ့အတွက် သူရဲကောင်းပုံပြင်တွေ ဖြစ်နေနိုင်တာပေါ့။


အခုအချိန်မှာ သူက ထောင်လည်းကျဖူးခဲ့ပြီ၊ အာဏာရူးလူတစ်စုရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကိုလည်း ခံရဖူးပြီ၊ မိသားစုနဲ့လည်း ခွဲနေရဖူးပြီ။

သူက တစ်ခါတစ်လေ ကလေးဆန်နေဆဲပါပဲ၊ ဒါပေမယ့် အမှန်တရားဘက်ကပဲ ရပ်တယ်၊ အမှန်တရားအတွက် သူတတ်နိုင်တာတွေ

ရေကုန်ရေခမ်းလုပ်တယ်၊ ဒီ တစ်ဦးတည်းသောသားနဲ့ သူ့သူငယ်ချင်းတွေ (သူပြောလေ့ရှိတဲ့ “သားရဲ့ရဲဘော်တွေ” ဆိုတဲ့သူတွေ) အတွက်

စိတ်ပူတယ်ဆိုတဲ့ စကားကတောင် မလုံလောက်ဘူး၊ ဒါပေမယ့် တားမှာမဟုတ်ပါဘူး၊


ဒီတစ်ဦးတည်းသော သားအတွက် ဂုဏ်ယူရပါတယ်။ သူ့ရဲ့ ကျောင်းသားတွေကို ပြောတဲ့စကားတွေ၊ တိုက်ပွဲခေါ်သံတွေနဲ့အတူ ဂုဏ်ယူနေရ

ပါတယ်။ ကျမတို့တိုင်းပြည်မှာရှိနေတဲ့ မိဘတိုင်းကလည်း ကိုယ့်ရဲ့သား၊ ကိုယ့်ရဲ့သမီးအတွက် ရင်ပူနေမှုနဲ့အတူ ဂုဏ်ယူနေကြမှာပါ။ ဒီသား

တွေ၊ သမီး‌တွေနဲ့အတူတူ ဒီတိုက်ပွဲကို ဆုံးသည်အထိ ဆက်လျှောက်ကြရမှာပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ အမှန်တရားမြတ်နိုးမှုကို စိတ်ရော၊

ကိုယ်ရောနဲ့ အားပေးကြပါ၊ သူတို့နဲ့ အတူတူရပ်တည်ကြပါ။

သားတို့မျှော်လင့်နေတဲ့ နိုင်ငံတော်သစ်ကြီးကို မကြာခင် ရောက်နိုင်ပါစေ။ Credit

ေတာ္လွန္ေသာတစ္ဦးတည္းေသာသား

သူက အရမ္းခံစားလြယ္တတ္တယ္၊ ေဒါင္းတိေမာင္းတိမဟုတ္ဘူး၊ အားနာတတ္တယ္၊ အဲဒီအတြက္ နိုင္ငံေရးသမားဆိုတဲ့အေျခအေန ၊ ေက်ာင္းသားသမဂၢေခါင္းေဆာင္ဆိုတဲ့အ‌ေျခအေန နဲ႔ သူနဲ႔လိုက္ဖက္မယ္လို႔ မထင္ခဲ့ပါဘူး။

ဒါေပမယ့္ သူက နိုင္ငံေရးကို စိတ္ဝင္စားတယ္ဆိုတာ သူငယ္ငယ္ကတည္းကေတာ့ သိခဲ့တယ္။


သူငယ္ငယ္က သူ႔ကို က်မတို႔ေျပာျပတဲ့ အိပ္ယာဝင္ပုံျပင္ေတြဟာ အေမွာင္ေခတ္ကို က်မတို႔ဘယ္လိုျဖတ္သန္းခဲ့ရသလဲဆိုတာေတြ၊ ရွစ္ေလးလုံးအေရးေတာ္ပုံကာလႀကီးမွာ က်မတို႔ ဘယ္လိုျဖတ္ေက်ာ္ခဲ့သလဲ၊

ဘာေတြၾကဳံေတြ႕ခဲ့ရသလဲဆိုတာေတြပါပဲ၊ အဲဒီအခါက်ရင္ သူကစိတ္ဝင္စားၿပီး အျမဲနားေထာင္တယ္၊ သူ႔ပါပါးက အာဏာရွင္ကိုဆန႔္က်င္တယ္၊ ေထာင္က်တယ္၊

တိုက္ပိတ္ခံရတယ္၊ ေထာင္တြင္းတိုက္ပြဲေတြႏႊဲတယ္ဆိုတဲ့ ဇာတ္လမ္းေတြဟာ သူ႔အတြက္ သူရဲေကာင္းပုံျပင္ေတြ ျဖစ္ေနနိုင္တာေပါ့။

အခုအခ်ိန္မွာ သူက ေထာင္လည္းက်ဖူးခဲ့ၿပီ၊ အာဏာ႐ူးလူတစ္စုရဲ့ ဖမ္းဝရမ္းထုတ္ျခင္းကိုလည္း ခံရဖူးၿပီ၊ မိသားစုနဲ႔လည္း ခြဲေနရဖူးၿပီ။


သူက တစ္ခါတစ္ေလ ကေလးဆန္ေနဆဲပါပဲ၊ ဒါေပမယ့္ အမွန္တရားဘက္ကပဲ ရပ္တယ္၊ အမွန္တရားအတြက္ သူတတ္နိုင္တာေတြ ေရကုန္ေရခမ္းလုပ္တယ္၊

ဒီ တစ္ဦးတည္းေသာသားနဲ႔ သူ႔သူငယ္ခ်င္းေတြ (သူေျပာေလ့ရွိတဲ့ “သားရဲ့ရဲေဘာ္ေတြ” ဆိုတဲ့သူေတြ) အတြက္ စိတ္ပူတယ္ဆိုတဲ့ စကားကေတာင္ မလုံေလာက္ဘူး၊ ဒါေပမယ့္ တားမွာမဟုတ္ပါဘူး၊

ဒီတစ္ဦးတည္းေသာ သားအတြက္ ဂုဏ္ယူရပါတယ္။ သူ႔ရဲ့ ေက်ာင္းသားေတြကို ေျပာတဲ့စကားေတြ၊ တိုက္ပြဲေခၚသံေတြနဲ႔အတူ ဂုဏ္ယူေနရပါတယ္။

က်မတို႔တိုင္းျပည္မွာရွိေနတဲ့ မိဘတိုင္းကလည္း ကိုယ့္ရဲ့သား၊ ကိုယ့္ရဲ့သမီးအတြက္ ရင္ပူေနမႈနဲ႔အတူ ဂုဏ္ယူေနၾကမွာပါ။ ဒီသားေတြ၊ သမီး‌ေတြနဲ႔အတူတူ ဒီတိုက္ပြဲကို ဆုံးသည္အထိ ဆက္ေလၽွာက္ၾကရမွာပါ။

သူတို႔ရဲ့ ယုံၾကည္ခ်က္နဲ႔ အမွန္တရားျမတ္နိုးမႈကို စိတ္ေရာ၊ ကိုယ္ေရာနဲ႔ အားေပးၾကပါ၊ သူတို႔နဲ႔ အတူတူရပ္တည္ၾကပါ။
သားတို႔ေမၽွာ္လင့္ေနတဲ့ နိုင္ငံေတာ္သစ္ႀကီးကို မၾကာခင္ ေရာက္နိုင္ပါေစ။ Credit