ၾကားသိသမွ်

နတ်လမ်းမဟုတ်တဲ့ “သဲခုံစွယ်” (Spit)သဲခုံစွယ်ဆိုတာ

နတ်လမ်းမဟုတ်တဲ့ “သဲခုံစွယ်” (Spit)

သဲခုံစွယ် ဆိုသည်မှာ ဘူမိဗေဒ သဘောအရ ကျဉ်းမြောင်းသော ကမ်းရိုးမြေဖြစ်ပေါ်မှု ဖြစ်ပြီး အစွန်းတစ်ဘက်ဟာ ကမ်းခြေနှင့် ထိစပ်လို့နေ

ပါတယ်။ ဦးတည်ချက် မကြာခဏပြောင်းလဲတတ်တဲ့ ရှည်လျားသော ကမ်းရိုးတန်း နေရာ (သို့မဟုတ်) မြစ်ဝ နဲ့ နီးတဲ့ နေရာများမှာ အတွေ့

များပါတယ်။ ရေချို ရေကန် နဲ့ မြစ်ကြီးများမှာလည်း သဲခုံစွယ်များကို တွေ့ရတတ်ပါတယ်။


ပင်လယ်မှလာသော ရေ နဲ့ လေများဟာ ကျောက်စရစ်ပါသော သဲမြေများကို ကမ်းရိုးတန်းတလျောက် အနည်ချကြပါတယ်။ တဖက်မှာ

လည်း မြစ်၊ ချောင်းများမှ သယ်ယူလာတဲ့ နုန်းမြေများဟာ ပင်လယ်ဝမှာ လာရောက်စုပုံကြပါတယ်။ ကမ်းရိုးတန်း ကုန်းမြေထောင့်တ

လျောက် တိုက်ခတ်မြဲလေ (prevailing wind)ဟာ ပင်လယ်ရေလှိုင်းများကို ပုံမှန်ဖြစ်ပေါ်စေပြီး.. ကျောက်စရစ်၊ သဲ၊ နုန်းမြေတို့

သယ်ဆောင်အနည်ကျစုပုံခြင်းနဲ့ ပေါင်းစပ်ကာ သဲခုံစွယ် (spit) တစ်ခု ကုန်းမြေသဏ္ဌာန်နဲ့ တဆက်တည်း ဖြစ်ပေါ်လာစေပါတယ်။ (ပုံ)


လေတိုက်ခတ်မှု လမ်းကြောင်းပုံစံအပေါ်မူတည်၍ သဲခုံစွယ်တို့ဟာ ကွေ့ကောက်တတ်ကြပါတယ်။ တခါတရံမှာ သဲခုံစွယ်ဟာ ကုန်းမြေနဲ့

ပြန်လည်ထိစပ်သွားပြီး lagoon လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေအိုင် ကို ဖြစ်ပေါ်စေပါတယ်။ အများအားဖြင့် သဲခုံစွယ်ရဲ့ အစွန်းထိပ်မှ ရေလှိုင်း

များဟာ မငြိမ်သက်ပဲ နေရာအစုံမှလှိုင်းယိုင်ခြင်းဖြစ်တတ်ပြီး သဲခုံထိပ်အား ချိတ်ကောက်ပုံစံ ကွေးသွားစေတတ်ပါတယ်။ အကယ်၍ ကွေးမ

သွားပဲ အခြားကျွန်းတခုခုနှင့် ထိစပ်သွားပါက ၎င်းကို အနည်ထိုင်ကုန်းမြေ Tombolo လို့ သတ်မှတ်ပါတယ်။


ကမ္ဘာပေါ်မှာ အခုလိုမျိုး ပင်လယ်သဲခုံစွယ်တွေ များစွာရှိကြပြီး ယူကရိန်းမှာရှိတဲ့ အေဇောဗ် ပင်လယ်မှ အေရိုဗက် သဲခုံစွယ်ဟာ ၆၈ မိုင်ခန့်

ရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး သဲခုံစွယ် ဖြစ်ပါတယ်။ သဲခုံစွယ်များဟာ ကျဉ်းမြောင်းပြီး ရံဖန်ရံခါ ပင်လယ်ရေတက်ခြင်းများကြောင့်

လမ်းကြောင်းပျောက်သွားတတ်ပါတယ်။


နောင်တချိန် အခြေခံပညာ ပထဝီဝင်သင်ရိုးဖတ်စာအုပ်များမှာ ဤကဲ့သို့ အကြောင်းအရာများ ထည့်သွင်းရေးသားပေးခြင်းဖြင့်.. မဖြစ်သင့်

သော အန္တရာယ်များကို ပညာဖြင့် ရှောင်လွှားကြနိုင်မှာပဲ ဖြစ်ပါတော့တယ်..။

သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)

Credit

နတ္လမ္းမဟုတ္တဲ့ “သဲခုံစြယ္” (Spit)ဆိုတာ

သဲခုံစြယ္ ဆိုသည္မွာ ဘူမိေဗဒ သေဘာအရ က်ဥ္းေျမာင္းေသာ ကမ္းရိုးေျမျဖစ္ေပၚမႈ ျဖစ္ၿပီး အစြန္းတစ္ဘက္ဟာ က

မ္းေျခႏွင့္ ထိစပ္လို႔ေနပါတယ္။ ဦးတည္ခ်က္ မၾကာခဏေျပာင္းလဲတတ္တဲ့ ရွည္လ်ားေသာ ကမ္းရိုးတန္း ေနရာ (သို႔မဟုတ္) ျ

မစ္ဝ နဲ႔ နီးတဲ့ ေနရာမ်ားမွာ အေတြ႕မ်ားပါတယ္။ ေရခ်ိဳ ေရကန္ နဲ႔ ျမစ္ႀကီးမ်ားမွာလည္း သဲခုံစြယ္မ်ားကို ေတြ႕ရတတ္ပါတယ္။

ပင္လယ္မွလာေသာ ေရ နဲ႔ ေလမ်ားဟာ ေက်ာက္စရစ္ပါေသာ သဲေျမမ်ားကို ကမ္းရိုးတန္းတေလ်ာက္ အနည္ခ်ၾကပါတယ္။ တဖက္

မွာလည္း ျမစ္၊ ေခ်ာင္းမ်ားမွ သယ္ယူလာတဲ့ ႏုန္းေျမမ်ားဟာ ပင္လယ္ဝမွာ လာေရာက္စုပုံၾကပါတယ္။ ကမ္းရိုးတန္း ကု

န္းေျမေထာင့္တေလ်ာက္ တိုက္ခတ္ျမဲေလ (prevailing wind)ဟာ ပင္လယ္ေရလွိုင္းမ်ားကို ပုံမွန္ျဖစ္ေပၚေစၿပီး.. ေက်ာက္စရစ္၊

သဲ၊ ႏုန္းေျမတို႔ သယ္ေဆာင္အနည္က်စုပုံျခင္းနဲ႔ ေပါင္းစပ္ကာ သဲခုံစြယ္ (spit) တစ္ခု ကုန္းေျမသဏၭာန္နဲ႔ တဆက္တည္း ျ

ဖစ္ေပၚလာေစပါတယ္။ (ပုံ)


ေလတိုက္ခတ္မႈ လမ္းေၾကာင္းပုံစံအေပၚမူတည္၍ သဲခုံစြယ္တို႔ဟာ ေကြ႕ေကာက္တတ္ၾကပါတယ္။ တခါတရံမွာ သဲခုံစြယ္ဟာ ကု

န္းေျမနဲ႔ ျပန္လည္ထိစပ္သြားၿပီး lagoon လို႔ေခၚတဲ့ ပင္လယ္ကမ္းေျခအိုင္ ကို ျဖစ္ေပၚေစပါတယ္။ အမ်ားအားျဖင့္ သဲခုံစြယ္ရဲ့ အစြ

န္းထိပ္မွ ေရလွိုင္းမ်ားဟာ မၿငိမ္သက္ပဲ ေနရာအစုံမွလွိုင္းယိုင္ျခင္းျဖစ္တတ္ၿပီး သဲခုံထိပ္အား ခ်ိတ္ေကာက္ပုံစံ ေကြးသြားေစတတ္ပါ

တယ္။ အကယ္၍ ေကြးမသြားပဲ အျခားကၽြန္းတခုခုႏွင့္ ထိစပ္သြားပါက ၎ကို အနည္ထိုင္ကုန္းေၿမ Tombolo လို႔ သတ္မွတ္ပါတယ္။

ကမၻာေပၚမွာ အခုလိုမ်ိဳး ပင္လယ္သဲခုံစြယ္ေတြ မ်ားစြာရွိၾကၿပီး ယူကရိန္းမွာရွိတဲ့ ေအေဇာဗ္ ပင္လယ္မွ ေအရိုဗက္ သဲခုံစြယ္ဟာ ၆၈ မိုင္ခ

န႔္ရွည္လ်ားၿပီး ကမၻာေပၚမွာ အရွည္ဆုံး သဲခုံစြယ္ ျဖစ္ပါတယ္။ သဲခုံစြယ္မ်ားဟာ က်ဥ္းေျမာင္းၿပီး ရံဖန္ရံခါ ပင္လယ္ေရတက္ျခင္း

မ်ားေၾကာင့္ လမ္းေၾကာင္းေပ်ာက္သြားတတ္ပါတယ္။


ေနာင္တခ်ိန္ အေျခခံပညာ ပထဝီဝင္သင္ရိုးဖတ္စာအုပ္မ်ားမွာ ဤကဲ့သို႔ အေၾကာင္းအရာမ်ား ထည့္သြင္းေရးသားေပးျခင္းျဖင့္.. မျဖ

စ္သင့္ေသာ အႏၲရာယ္မ်ားကို ပညာျဖင့္ ေရွာင္လႊားၾကနိုင္မွာပဲ ျဖစ္ပါေတာ့တယ္..။

သန႔္ဦး (အာကာသႏွင့္စၾကဝဠာ သင္ေထာက္ကူ) Credit