စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးမှုနှင့်အတူ စစ်လက်နက်များလည်း MNDAA က သိမ်းဆည်းရမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် နိုဝင်ဘာလ ၂၁ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးပြီး
စစ်လက်နက်ပစ္စည်းများလည်း သိမ်းဆည်းရမိကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်သည်။
MNDAA က ရှေ့တန်းနယ်မြေတွင် သိမ်းဆည်းရမိသည့် စစ်လက်နက်များတွင် ကျည်ကာ အင်္ကျီ ၃ ခု၊ ခမောက် ၃ လုံး၊ ပစ္စတို ၁ လက်၊
ရိုင်ဖယ် ၂ လက်၊ ရိုင်ဖယ်ကျည်ကတ် ၁၀ ခု၊ လက်ပစ်ဗုံး၊ Walkie Talkie ၊ လက်ကိုင်ဖုန်း၊ ကျည် ၈၂၃ တောင့်အပါအဝင် လက်နက်ခဲယမ်း
များဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAA သည် အထူးဒေသ (၁) မုံးကိုးခရိုင်ဒေသ၌ တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ရှိကျိကျ
တောင်တန်းနှင့် မန်ရန်ဒေသရှိ ကိုးကန့် MNDAA ၏တပ်စခန်းကို လက်နက်ကြီးကျည်ထောင်ချီဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇
နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီမှ တပ်မ(၉၉) လက် အောက်ခံတပ်ရင်း (၁၅) နှင့် တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)တို့ ၏
ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့သည် ကိုးကန့်MNDAAရှိ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း သိရှိရသည်။
နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကိုနောက်ပြန်ဆုတ်အောင် ပြန်လည်ခုခံနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ
(၂၀)ကျော်ခန့်ရှိခဲ့ကြောင်း၊ ကိုးကန့် MNDAA အနေဖြင့် (၃)ဦးဒဏ်ရာရပြီး (၁)ဦး တိုင်းပြည်နှင့် လူမျိုး အတွက် အသက်စွန့်ခဲ့ရကြောင်း
သိရှိရသည်။စစ်ကောင်စီတပ်တို့သည် မုံးကိုးတိုက်ပွဲတစ်ကြော့ပြန် ပေါက်ပွားချိန်မှ စတင်၍ မုံးကိုးခရိုင် ၊ ရှိကျိကျ တောင်တန်း နှင့် မန်ရန်
ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီ
မှ မန်ရန် ဒေသရှိ ကိုးကန့်MNDAAတပ်စခန်းကို လက်နက်ကြီးကျည် စုစုပေါင်း (၉၀၀)ကျော် ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊
နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၂၁ နာရီ ၃၀ မိနစ်ခန့်တွင် ကိုးကန့်MNDAAမှ ထိုးစစ်ဆင်တိုက် ခိုက်လာသော စစ်ကောင်စီ၏
တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၆)ကို နှစ်ကြိမ် နောက်ပြန်ဆုတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရှိကျိကျ
တောင်တန်းကို ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်မှ ရပ်တန့်သွားပြီး စုစု ပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့
သော လက်နက်ကြီးကျည်မှာ (၅၀၀)ကျော်ခန့်ရှိကြောင်း သိရှိရသည်။
ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်MNDAA တို့သည် မုံးကိုးခရိုင်၏ ပန်ရင်လပ ၊ ပန်ဆာ တောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်
ထန်တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း