လောက်ကိုင် နဲ့ မြဝတီ မှာ ခုအခေါ်များနေတဲ့အလုပ်ကြောင်းပြောပြမယ်
ေခၚတဲ့ပုံစံက online Game , customer Service,
online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်…English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ်
လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်…အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါ
နော်…နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအရောင်းဆောင်ပြီးရင်းနီးအောင် လုပ်ရတယ်
ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်..ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့ ..သူ့
ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့…ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်
ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရ
တာ..အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ…အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ
လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါနောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာမလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရ
တယ်လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး
အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါ တလေမအိပ်ရဘူးနော် မိန်းကလေးတွေဆို နိုင်ငံခြား သားတွေနဲ့ S e x c h a t ရတဲ့
အထိ ပါတက်တယ်အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်
တာပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေမြို့အစွန်ဖျားတွေမှာ လုပ်ရတာပါခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါ
ပေးရပါလိမ့်မယ်လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော် ခုမြန်မာပြည်က ပညာတက်လေးတွေယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ
တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့
မု ဒိ မ်းပါ ကျင့်ခံရတက်ပါတယ် မြန်မာပြည်က ပညာတက်လေးတွေ သတိထားစဉ်ချင် နိုင်ဖို့ပါ
အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်း ဝိုင်းလဲမကောင်း မိမိ အသက်ရှင်
ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်ဆက်ခံ အလုပ်ကြီးပါပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့
အများ သိအောင် Share ပေးကြပါရှင်