ၾကားသိသမွ်

ခန္တီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများက လူမှားပစ်ခတ်မိ၍ ခရိုင်အုပ်ချုပ်ရေးမှုးအမျိုးသမီးသေဆုံး

ခန္တီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများက လူမှားပစ်ခတ်မိ၍ ခရိုင်အုပ်ချုပ်ရေးမှုးအမျိုးသမီးသေဆုံး

စစ်ကိုင်းတိုင်း၊ခန္တီးမြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများက လူငယ်တွေကိုလိုက်လံပစ်ခတ်ရာကနေ လူမှား

ပစ်ခတ်မိလို့ ခရိုင်အုပ်ချုပ်ရေးအမျိုးသမီးတစ်ဦး နိုဝင်ဘာ၂၁ရက်နေ့က သေဆုံးခဲ့ပါတယ်။

” မနေ့ညက ၇နာရီကျော်လောက်ဖြစ်တာ ကင်းလှည့်နေတဲ့ရဲကားကို ဆိုင်ကယ်တစ်စီးကဝင်တိုက်တာ၊ ဝင်တိုက်ပြီးတာနဲ့ ဆိုင်ကယ်မောင်း

တဲ့လူငယ်၂ယောက်ကထွက်ပြေးတယ် အဲဒီလူငယ်ကိုရဲတပ်တွေလိုက်လံပစ်ခတ်တယ်၊လူငယ်တွေကိုကျည်မမှန်ပဲ ခရိုင်အုပ်ချုပ်ရေးမှုး

အမျိုးသမီးကျည်မှန်ပီး ဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။


အဲ့ဒီထွက်ပြေးသွားသည့်လူငယ်၂ဦးကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်သားများက သေနတ်၁၅ချက်ဖြင့် လိုက်လံပစ်ခတ်ရာ

ကနေ ခရိုင်အုပ်ချုပ်ရေးမှုးအမျိုးသမီး ဒေါ်ညွန့်ညွန့်ဝင်းသည် ဆိုင်ကယ်မောင်းနှင်လာသည့်အချိန် ရဲတပ်သားများက လူမှားပစ်ခတ်မိ၍

ခရိုင်အုပ်ချုပ်ရေးမှုးအမျိုးသမီး ဒေါ်ညွန့်ညွန့်ဝင်းသည် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် နေရာမှာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရှိရ

ပါတယ်။ Source;RNA






