ၾကားသိသမွ်

အာဆီယံနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်ရန် NUG ဝန်ကြီး ဒေါက်တာ တူးခေါင်ကို ဖိတ်ကြား

အာဆီယံနိုင်ငံများဆိုင်ရာ နှီးနှောဖလှယ်ပွဲ တက်ရောက်ရန် NUG ဝန်ကြီး ဒေါက်တာ တူးခေါင်ကို ဖိတ်ကြား

အာဆီယံ၏ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမျိုး သား ညီညွတ်ရေး အစိုးရ (NUG) ၏ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ထိန်းသိမ်း

ရေးဝန်ကြီး ဒေါက်တာ တူးခေါင် တက်ရောက်ရန် ဖိတ်ကြားခံရကြောင်း သိရသည်။

ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲအား နိုဝင် ဘာလ ၂၃ ရက်မှ စတင်ကာ နိုဝင်ဘာလ ၂၅ ရက်အထိ အွန်လိုင်းမှတဆင့် ကျင်းပသွားမည်

ဖြစ်ပြီး အဆိုပါ ပွဲသို့ နိုင်ငံ တကာ ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ် ဆရာများ၊ သုတေသီများ၊ အစိုးရအရာရှိများ တက်

ရောက်မည် ဖြစ်ကြောင်း သိရသည်။


ဒေါက်တာ တူးခေါင်က “အဖွင့်နေ့မှာတော့ အစိုးရတရပ်ရဲ့ပေါ်လစီနဲ့ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ (Policy and Governance Session) များ

ကို နှီးနှော ဖလှယ်ဖို့ တခြား အာဆီယံ ဝန်ကြီးတချို့နဲ့အတူ ကျနော့်ကို ဖိတ်ထားပါတယ်။ ကမ္ဘာကြီးရဲ့ ကျန်းမာရေးဟာ ကမ္ဘာ့နိုင်ငံတိုင်းရဲ့

စီမံအုပ် ချုပ်မှုပေါ်လစီမှာ အရမ်းကို မူတည်နေပါတယ်။ အဲဒီ ပေါ်လစီတွေဟာလည်း အာဏာရှင်အစိုးရတွေမှာ အကောင်အထည်ဖော်ဖို့ မ

ဖြစ်နိုင်ပါဘူး” ဟု ပြောသည်။


နိုင်ငံတကာ သိပ္ပံကောင်စီမှ ကြီးမှူး ကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဒေါက်တာတူးခေါင်က တခြားသော အာဆီယံဝန်ကြီးများနှင့်

အတူ တက်ရောက်ရမည်ဖြစ်ပြီး မြန်မာပြည်တွင်ရှိသည့် တခုတည်းသော ရေခဲတောင်အား အာဆီယံ၏အမွေအနှစ်အဖြစ် သတ်မှတ်၍ အာ

ဏာရှင်များကြောင့် အဆုံးရှုံးမခံသင့်ကြောင်း သတင်း စကားပါးရန် ပြင်ဆင်ထားကြောင်း သိရသည်။ ဧရာဝတီ

Zawgyi

အာဆီယံနိုင္ငံမ်ားဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲ တက္ေရာက္ရန္ NUG ဝန္ႀကီး ေဒါက္တာ တူးေခါင္ကို ဖိတ္ၾကား

အာဆီယံ၏ ရာသီဥတုဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲကို အမ်ိဳး သား ညီညြတ္ေရး အစိုးရ (NUG) ၏ သဘာဝ ပတ္ဝန္း က်င္ဆိုင္ရာ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ တူးေခါင္ တက္ေရာက္ရန္ ဖိတ္ၾကားခံရေၾကာင္း သိရသည္။

ရာသီဥတုဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲအား နိုဝင္ ဘာလ ၂၃ ရက္မွ စတင္ကာ နိုဝင္ဘာလ ၂၅ ရက္အထိ အြန္လိုင္းမွတဆင့္ က်င္းပသြားမည္ ျဖစ္ၿ

ပီး အဆိုပါ ပြဲသို႔ နိုင္ငံ တကာ ေခါင္းေဆာင္မ်ား၊ နိုင္ငံေရးသမားမ်ား၊ တကၠသိုလ္ ဆရာမ်ား၊ သုေတသီမ်ား၊ အစိုးရအရာရွိမ်ား တက္ေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

ေဒါက္တာ တူးေခါင္က “အဖြင့္ေန႔မွာေတာ့ အစိုးရတရပ္ရဲ့ေပၚလစီနဲ႔ စီမံအုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ (Policy and Governance Session) မ်ားကို ႏွီးေႏွာ ဖလွယ္ဖို႔ တျခား အာဆီယံ ဝန္ႀကီးတခ်ိဳ႕နဲ႔အတူ က်ေနာ့္ကို ဖိတ္ထားပါတယ္။

ကမၻာႀကီးရဲ့ က်န္းမာေရးဟာ ကမၻာ့နိုင္ငံတိုင္းရဲ့ စီမံအုပ္ ခ်ဳပ္မႈေပၚလစီမွာ အရမ္းကို မူတည္ေနပါတယ္။ အဲဒီ ေပၚလစီေတြဟာလည္း အာဏာရွင္အစိုးရေတြမွာ အေကာင္အထည္ေဖာ္ဖို႔ မျဖစ္နိုင္ပါဘူး” ဟု ေျပာသည္။

နိုင္ငံတကာ သိပၸံေကာင္စီမွ ႀကီးမႉး က်င္းပသည့္ အဆိုပါ ႏွီးေႏွာဖလွယ္ပြဲတြင္ ေဒါက္တာတူးေခါင္က တျခားေသာ အာဆီယံဝန္ႀကီးမ်ားႏွင့္အတူ တက္ေရာက္ရမည္ျဖစ္ၿပီး

ျမန္မာျပည္တြင္ရွိသည့္ တခုတည္းေသာ ေရခဲေတာင္အား အာဆီယံ၏အေမြအႏွစ္အျဖစ္ သတ္မွတ္၍ အာ ဏာရွင္မ်ားေၾကာင့္ အဆုံးရႈံးမခံသင့္ေၾကာင္း သတင္း စကားပါးရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။ ဧရာဝတီ